Part-14

10 2 0
                                    

Chaesooတို့ကစားကွင်းမှထွက်လာကြပြီးကားပါကင်သို့ထွက်လာကြသည်။Chaeတယောက်ကတော့စီးသူနေရာဝင်ထိုင်လိုက်ပြီး Sooကမောင်းသူနေရာဝင်ထိုင်ကာ
" Chae .... "
" ဟင် .... "
" ကြောက်နေတုန်းလား ... "
" မကြောက်ပါဘူး ဒီလောက်ကတော့ " ဆိုပြီး chae တယောက်မျက်နှာလေးတွေနီကာပြ‌န်ဖြေလေသည်။ Soo ကိုကြည့်လိုက်တော့ ဟုတ်လားဟူသော အပြုံးဖြင့် သူကိုကြည့်နေလေသည်။ သူလည်း ရှက်ရှက်နဲ့ကားပြင်ဘက်သို့ကြည့်ကာလိုက်လာလေသည်။
" ဟုတ်လား မသိပါဘူး ဟိုမှာတုန်းကကြောက်လို့ သူများပေါ်ခုန်တက်ပြီးအော်နေတဲ့သူကဘယ်သူပါလိမ့် " Soo တယောက်သူကိုမကြည့်ဘဲပြင်သို့ ကြည့်၍လိုက်လာသောသူကို‌ကားမောင်းရင်းစနေလေသည်။
" အာ..... Soo ကလည်းအဲတာကြောက်တာမဟုတ်ပါဘူး လန့်တာကို "
" အင်းပါ ဟိုမှာတုန်းက ဘာပါလိမ့် ဟုတ်တယ် သရဲ!!!!! မမရေ ကလေးကိုကလေးကယ်ပါဦးဆိုလားဘဲ့ "
" ဟာ ... Soo မစပါနဲ့ဆိုတာကို စိတ်ဆိုးရမလားပြော "
" ဟိုးထား စိတ်တော့မဆိုးပါနဲ့ မစတော့ပါဦး ဒါနဲ့လေ "
" ဘာလဲ ?? "
" ဟို Soo ကိုsoo လို့မခေါ်ဘဲ့ ဟိုမှာခေါ်သလိုမမလို့ ခေါ်ပါလား ဟင် "
Chae တယောက်သူကိုမျက်နှာငယ်လေးဖြင့် မမလို့ ခေါ်ခိုင်းနေသူကိုကြည့်ပြီး
" မခေါ်ပါဘူး အဲမှာက လန့်လို့ခေါ်မိတာကိုစိတ်ထဲမထားနဲ့ Soo လိုဘဲ့ခေါ်မှာ "
" အင်းပါ ဒါပေမဲ့ စိတ်ထဲမထားလို့မရဘူး Chae ကပထမဆုံးခေါ်တာကို ရင်ထဲမှာသိမ်းထားရမှာ မဟုတ်လား "
" Soo!!!!! "
" ဟား .... ဟား မစတော့ပါဘူး မျက်နှာကြီးပေါက်ထွက်သွားမှာစိုးလို့ "
Soo လည်းမျက်နှာလေးတွေနီ၍ရှက်နေသောသူကိုမစတော့ ကားကိုအိမ်သို့မောင်းလာလေတော့သည်။
အိမ်သို့ရောက်သောအခါ
Mrs.park အိမ်ရှေ့မှာတယောက်တည်း ဖုန်းပြောနေစဉ် Soo ကားလေးဝင်လာတာကိုကြည့်နေမိသည်။ ပြီးနောက်ကားထဲကနေပြီး မျက်နှာလေးနီးပြီး ဆူပုတ်ပုတ်ထွက်သောသူနဲ့ သူနောက်ကပြုံး၍ထွက်လာသောသူကိုကြည့်နေမိသည်။
Chae တယောက်ရှက်နေသောကြောင့်သူကိုစကားမပြောတော့ဘဲ အခန်းထဲသို့ပြေးတက်သွားလေသည်။Sooလည်း ရှက်၍ ခန်းပေါ်သို့ပြေးတက်သွားသောသူကိုကြည့်၍ပြုံးကာ ဘေးကကြည့်နေသော Omma ဆီသို့ ဝင်လာလေသည်။Mrs.parkတယောက် ပြုံး၍လာနေသောသူကို
" Soo သမီးလေး ဘာတွေလုပ်လာလို့ဒီလောက်ပြုံးနေရတာလဲ "
" ဘာမမဟုတ်ပါဘူး Omma ရယ် ပေါက်စကိုစနေရလို့ပျော်နေတာ ".
" အမယ် ... ဆင်ပြေနေတာပေါ့အာဆို "
" မပြေဘူးomma ရေ အခုကလုပ်ပျက်ခံပြီးသူနောက်လိုက်နေရတာ "
" ဟင် Soo ကဘာသွားလုပ်လို့ ဟိုကလုပ်ပျက်ခံပြီးခေါ်သွားတာလဲ"
" ဒီလိုomma လေ သမီးကသူနဲ့လုပ်လုပ်ရမှာစိတ်ရှုပ်တယ်လို့ညီးနေတာ သူသိသွားလို့ စိတ်ဆိုးတာလေ အဲတာနဲ့ သမီးလဲ သူစိတ်ဆိုးပြေရင်ပြီးရောဆိုပြီးအကုန်လိုက်လုပ်ပေးမယ်ပြောတော့ စိတ်ဆိုးပြေပြီးကစားကွင်းလိုက်ပို့ခိုင်းတာလေ"
" ဟင် ကစားကွင်း အာဆိုခုလာတာက ကစားကွင်းကလာတာပေါ့ "
" ဟုတ်တယ် ကစားကွင်းမှာသူနဲ့ အတူမကစားလို့ သရဲအိမ်ထဲအတူဝင်ကြတာ "
" ဟင် Chae က သူကသရဲဆိုအရမ်းကြောက်တာ လေ "
" မသိဘူးသူမကြောက်ဘူးတဲ့သမီးကကြောက်တယ်ပြောတာကိုမရဘူး အတင်းဝင်သွားကြတာ "
Soo ကထိုသို့ပြောပြီး ပြုံးလိုက်တော့ Mrs .park က
" ဘာဖြစ်တာလဲလို့ "
" ဘာဖြစ်ရမှာလဲ သရဲမကြောက်တဲ့သူက သရဲမြင်တာနဲ့ သမီးရဲ့ ကိုယ့်ပေါ်ခုန်တက်ပြီးအော်တာလေ"
" ဘယ်လိုအော်တာလဲ ဟင် "
" ဒီလိုomma ရေ " မမရေ သရဲ လာဘီ ကလေးကိုကယ်အုန်းတဲ့ "အဲတိုင်းအော်တာ အဲချိန်တည်းကသမီးကိုယ်ပေါ်ကမဆင်းဘဲ့ လိုက်တော့တာဘဲ့ အပြင်ထိ "
" ဟား.... ဟား သမီးတို့ရယ် " Mrs.parkတယောက် သဘောကျကာရီနေလေသည်။
" အဲတာသမီး ကကားပေါ်မှာ သူအော်သလိုအော်ပြီးစတော့ မျက်နှာကြီးနီပြီး ဆူပုတ်နေတာပေါ့ "
" အဲလိုလား "
" အင်း ... သမီးလည်းပင်ပန်းလာလို့နားတော့ မယ် နော် "
" အင်း ကောင်း ကောင်းနားယူနိုင်ပါစေနော် "mrs.park တယောက်ပြုံးပြုံးဖြင်စတော့ သူကိုပြုံး၍အပေါ်ထက်သို့တက်လာတော့သည်။
Soo လည်းသူအခန်းရှေ့ရောက်သောအခါ သူအခန်းဘေးကပေါက်စ‌အခန်းသို့တချက်ကြည့်လိုက်တော့ အိပ်ယာပေါ်တွင်လှဲ၍အိပ်နေလေသည်။Sooလဲ သူအခန်းထဲသို့ဝင်ကာ အနားယူတော့သည်။
Chae တယောက် အခန်းထဲသို့အမြန်ပြေးတက်လာပြီး အိပ်ယာပေါ်အမြန်လှဲကာ
" ငါ့ဘာဖြစ်လို့ သူစတာကိုရှက်နေရတာလဲ ငါ့ကရောဘာလို့အဲတုန်းကဘာလို့ မမလို့ခေါ်ထွက်သွားပြီး ငါ့ကိုယ့်ငါ့တောင်ကလေးလို့ပြောလိုက်တာလဲ ဟာ.. ရှက်လိုက်တာ ပြီးတော့ သူကဘာဖြစ်လို့ ယောကျားလေးတယောက်လို့ နွေးထွေးနေတယ်လို့ခံစားနေရတာလဲ ဟူး ... "
Chae တယောက် သူကြုံခဲတာကိုတွေးပြီး အိပ်ယာပေါ်တွင်ပြောနေလေသည်။
Chae တယောက် ညစာတောင်ဆင်းမစားပါ ။ Soo ကညစာဆင်းမစား၍ စိတ်ပူစွာသူ၏ပခန်းတံခါးနားသွားကာ
ဒေါက် ... ဒေါက်
" ဘယ်သူလဲ "
" Soo ပါ Chae လေး နေမကောင်းဘူးလား ညစာမဆင်းစားလို့ "
" မဆာလို့ ဆင်းမစားတာ ဘာဖြစ်လို့လဲ "
" မဖြစ်ပါဘူး စိတ်ပူလို့ပါ "
" အင်း ပါ ဒီမှာရေခ‌ျိုးနေတာကိုသွားတော့လေ "
" ဟုတ်ပါဘီ ကြာကြီးမချိုးနဲ့ဦး ပြင်မှာမိုးရွာနေတော့ သွားဘီနော် "
Chae တယောက်သူကိုစိတ်ပူ၍ လာပြောနေသောသူကို ပြုံး၍ ပြောနေမိသည်။
Soo လည်း သူကိုတံခါးမဖွင့် ပေးဘဲထဲကနေအော်ပြောနေသောသူကိုရေချိုးတာတာမကြာဖို့မှာ၍ အခန်းသို့ ပြန်ကာ လုပ်စရာလုပ်တွေလုပ်နေလေသည်။Soo အခန်းထဲသို့ဝင်ကာ လုပ်လုပ်ရန်အတွက်ကွန်ပြူတာရှေ့ထိုင်ကာအပြင်သို့လှမ်းကြည့်မိသည်။
" မိုးကလည်းပြင်းလိုက်တာ လျှပ်စီးပါလျှပ်နေပါလား ဟိုကလေးပေါက်စကတော့ ဘယ်လိုနေမလဲမသိ "
Soo တယောက်သူတယောက်တည်းပြောပြီး လုပ်လုပ်ရန် ကြံစဉ် အခန်းတံခါးခေါက်သံကြောင့်တံခါးနားသို့သွားကာဖွင့်လိုက်တော့ မြင်လိုက်ရတာက
" မမ "
" ဟင်... ကလေး ဘာဖြစ်လို့လဲ " Soo လည်း သူကိုမျက်နှာငယ်လေးနဲ့ကြည့်ပြီး ခေါင်းအုံးတလုံးကိုဖက်ကာပြောနေသူကိုပြန်ဖြေလိုက်မိသည်။
" မမ chae ဒီမှာအိပ်လို့ရလားဟင် ကလေး ကြောက်လို့ "
" ရတော့ ရပါတယ် ဒါပေမဲ့ "Soo စကားတောင်မဆုံးလိုက်ပါ အခန်းထဲသို့ဝင်သွားလေသည်။
Chae တယောက် အခန်းထဲသို့ဝင်လိုက်ပြီး သူ့၏ မခြောက်သေးသောဆံပင်ကိုခြောက်အောင်လုပ်ရန် လေမှုတ်စက်ကိုလိုက်ရှာနေမိသည်။Soo တယောက်သူအခန်းထဲတွင် ဟိုရှာဒီရှာလုပ်နေသောသူကို
" ဘာရှာနေတာလဲ ကလေး "
" ဆံပင်မှုတ်စက်လေ ရေချိုးပြီးတာနဲ့ အင်းကျီအမြန်ဝတ်ပြီး ပြေးလာတာ ဆံပင်ခြောက်အောင်မလုပ်ရသေးဘူး "
" အော် ဒီမှာလေ ဆံပင်မှုတ်စက်က " Soo လည်းလေမှုတ်စက်ကိုယူပေးလိုက်ပြီး အလုပ်လုပ်ရန် ပြန်ထိုင်လိုက်သည်။
Chae တ‌ေယာက်ကတော့ ဆံပက်မှုတ်စက်ဖြင့်ဆံပင်မှုတ်နေလေသည်။ ခဏကြာတော့ လုပ်လုပ်နေသောသူကို စရန် စဉ်းစားနေမိသည်။ သူကို ‌ဆံပင်လေမှုတ်ခိုင်းရင် အလုပ်နဲ့သူနဲ့ဘယ်ဟာကိုရေးပေးသလဲပေါ့ ။
" မမ !!! "
" ဟင် ကလေး ဘာဖစ်လို့လဲ " Soo တယောက်လူကသာပြန်ထူးနေတာ မျက်လုံးကကွန်ပြူတာမှာပါ ။
" ဟို chae ကို ဆံပင်လေမှုတ်ပေးပါလား ကလေး တယောက်တည်းလုပ်နေရတာပျင်းလို့ "
" ဟင် ... ကလေးရယ် အရင်ကလည်းတယောက်တည်းလုပ်နေတာဘဲ့မလား "
" ဘာလဲ မလုပ်ပေးဘူးလား '
" မဟုတ်ဘူးလေ ပေါက်စရယ် ဒီအလုပ်ကမနက်ဖြန် ကွင်းဆင်းရမှာလုပ်ရမယ့်ဟာတွေပါ ပြီးတော့မယ်ခဏနော် "
" မရဘူး အခုလာ "
Soo တယောက် သူ့ကလေး ပူဆာရင်မနေနိုင်ပါ အခုလည်း ထသွားသူလေးစိတ်တိုင်းကျ ဆံပင်လေမှုတ်ပေးနေလေသည်။ အောက်ကပေါက်စကတော့ ပြုံး၍ သူကို ဖေမေပြီးရင် အလိုလိုက်ဆုံးကသူ့မမsoo ဆိုတာသိလို့ ဆိုးနေတာပါ။
" ကဲ ပြီးပါပြီ ရှင့် အိပ်တော့နော် အလုပ်လုပ်ဦးမယ် "
ထို့သို့ပြောပြီး ပြန်ပြီးလုပ်လုပ်နေမိသည်။ ကလေးပေါက်စကတော့ အိပ်ယာပေါ်တွင်ထိုင်၍ ဖုန်းဆော့နေလေသည်။
Soo လည်း အလုပ်ပြီး၍ နာရီကိုတချက်ကြည့်လိုက်တော့
" အိုး... ၁၂နာရီတောင်ရောက်နေဘီလား မိုးကလည်းသည်းလိုက်တာ "လို့ပြောပြီး ပေါက်စကိုကြည့်လိုက်တော့ စောင်တွေကြားထဲ မြုပ်၍အိပ်ပျော်နေလေသည်။Soo လည်း နားယူရန် အိပ်ယာသို့သွားကာ အိပ်စက်ရန်ပြင်လေသည်။
Soo အိပ်ပျော်ပြီးခဏကြာတော့ မိုးကလည်းသည်း လျှပ်စီးများကလည်း လျှပ်လာသည်။ထိုအချိန်
" မမ!!!! ကလေး ကြောက်တယ် "
" ဟင် ကလေး ဘာမှမဖြစ်ဘူးနော် မကြောက်နဲ့ မမရှိတယ် "
" မမ ဖက်ထားပေး ဟင့်... ဟင့် "ဆိုပြီး ရင်ခွင်ထဲသို့ဝင်ကာငိုနေလေသည်။
" အင်း ပါ ဖက်ထားပေးမယ်လေနော် မငိုနဲ့လေ ကလေးလား "ဆိုပြီးပြောလိုက်တော့ ရင်ခွင်ထဲကနေပြီး မော့ကြည့်လာကာ မျက်စောင်းလေးထိုးကာ ရင်ခွင်ထဲကထွက်ရန်ကြံနေလေသည်။
" စတာပါ မမက လာလာ ဖက်ထားပေးပါမယ် "
" ရဘီ သူများကကြောက်လို့ ပြောတာကိုစနေသေးတယ် တော်ဘီ လျှပ်စီးလဲမရှိတော့ဘူး ဟင့် "
ထိုသို့ ပြောပြီး ဟိုဘက်‌ေရွ့သွားချိန် ပြင်ကလျှပ်စီးတခုလျှပ်လိုက်တာကြောင့်
" မမ.!!!!!!!! ဟင့် .. ဟင့် ရှိနေသေးတယ် ဟင့် ဟင့် "
" ဟားဟား ကလေးရယ် "ဆိုပြီး ရင်ခွင်ထဲကကလေးပေါက်စကိုတင်ကြပ်စွာဖက်ထားလိုက်ပြီး နဖူးလေးကိုနမ်းလေတချက်ပေးကာ အိပ်စေလေသည်။ရင်ခွင်ထဲကသူက သူနမ်းလေးပေးလိုက်တော့ ပိုတိုး၍ ဖက်လာလေ‌သည်။ထိုနေ့ညတော့ ကောင်မလေးနှစ်ယောက် တယောက်ကိုတယောက်တင်းကြပ်စွာဖက်၍ အိပ်ပျော်နေတော့သည်။
မနက်မိုးလင်းရောက် Chae တယောက်company သွားရန် ပြင်ဆင်ပြီး အောက်သို့ဆင်းလာတော့ ထမင်းစားခန်းထဲတွင် Appa တို့နှင့်ဆုံလေသည်။
" Appa morning "
" Morning chae "
" ဒီနေ့ကွင်းဆင်းလေ့လာရမှာဘယ်လိုလဲစိတ်လှုပ်ရှားနေလား "
" Appa ရယ် စိတ်လှုပ်ရှားမလားအမှိုက်တွေသွားကြည့်မှာကို "
" ကြည့်ယုံမဟုတ်ဘူးလေ အဲအမှိုက်တွေကဘာတွေလဲဆိုတာလေ့လာရမှာလေ"
" အင်းပါ သိပါဘီ ဒါနဲ့ Soo ရော"
" သွားဘီလေအလုပ်ကို စောကြီးကတည်းက "
" အော် အာဆိုchae လည်းသွားတော့မယ် "
" အော် မနက်စာစားသွားဦးလေ ဟို ... အဲ "
" အော် ဒီကလေးတွေ ဘာတွေဒီလောက် လုပ်လုပ်နေတာဘာလိမ့် " mr.park တယောက်ညီးနေစဉ် အပေါ်ထပ်ကဆင်းလာသောmrs.park က
" လုပ်လုပ်ရမှာပေါ့ Appa ဖြစ်သူက ကောင်မလေးနတချိန်လုံးနေတော့ သမီးတွေကလုပ်ရမှာပေါ့ "
" မင်း ငါ့အကြောင်းမပြောဘဲမနေနိုင်ဘူးလား "
" မနေနိုင်ပါဘူး ကျမလည်းမစားဘူးသွားဘီ ယောကျားရေဘိုင့် ဘိုင့်"
" ရား....... မင်း နဲ့ငါ့နဲ့ကွာရှင်းပြီးဘီလေ မခေါ်နဲ့ ယောကျာ်းလို့ "
Mr.park တယောက် သူတယောက်တည်းအော်ပြော၍ကျန်ရစ်လေသည်။
Company တွင်
ရုံးခန်းတခုရှေ့စုပြုံနေကြသောလူတစု
" ငါ့တို့သူဌေးဒီနေ့ဘယ်လိုလာမလဲမသိ " Ccတယောက် Jen တို့နဲ့ပြောနေလေသည်။
" ပျော်နေမှာငါ့သိတယ် Soo က သူမပျော်ရင်ငါ့နားဖုန်းဆက်ပြီးပြောနေကြ ‌ဆင်ပြေနေရင်ငါ့တို့ရှိမှန်းသိမှာမဟုတ်ဘူး " Jen ကထိုသို့ပြောတော့ Nayeon ကခေါင်းလေးညိမ့်၍ထောက်ခံလေသည်။
" သူဌေး ကတော်တော်ချစ်တာဘဲ့နော် ဟိုက ဒါဆိုဒါဘဲ့ ငါ့တို့ဆိုသူကရုပ်တည်ကြီးနဲ့ခိုင်းတာ ကြောက်နေရတယ် "
" ခုလည်းရုပ်တည်ကြီးနဲ့ခိုင်းမယ် Cc "
Jen လည်းသူတို့နောက်ကပြောနေသောသံဆီ‌ကြည့်လိုက်တော့
" Soo!!!"
" သူဌေး !! "
"အေး ငါ့ဘဲ့ မင်းတို့ပြောနေတဲ့ Kim jisoo ဘဲ့ "
" Soo ဘယ်လိုရောက်လာတာလည်း "
" အော် ဒါကငါ့company လေ ငါ့မလာလို့ဘယ်သူလာရမလဲ "
" အော် မေ့လို့ ဒါနဲ့ ဆင်ပြေလား "
" ဆင်ပြေတယ် နင်တို့‌နော် မပြောချင်ဘူး ဟို Ccမင်း ငါ့ပြောတာကြားရင်မပြောဘဲနေပါလားဘာဖြစ်လို့သွားပြောပြရတာလဲ "
" သူဌေးကလည်း မသိဘူးလေ "
" မသိဘဲနဲ့အကုန်ပြောရလား "
" ဟဲ... ဟဲ စိတ်မဆိုးပါနဲ့ သူဌေးကလည်း ဒါပေမဲ့သူဌေးသူနဲ့ဆင်ပြေနေတာမလားမလိမ်နဲ့ "
Cc က Soo ကိုသံသယဖြစ်ကြည့်နေလေသည်။Soo လည်းရှက်သွားပြီး မျက်နှာလေးရဲကာ
" တော်ဘီ ဒီလောက်ဘဲ့ပြောတော့ ခုတော့ကွင်းဆင်းသွားဖို့အတွက်အခန်းထဲလာဦး Cc"
ဆိုပြီး သူ့အခန်းထဲသို့ ပြေးဝင်သွားလေသည်။
" သူတို့ဆင်ပြေနေတာထက်ပိုနေတာထင်တယ် Ccမျက်နှာလေးတွေရဲပြီးရှက်သွားတာမလား "
Jen ကပြောတော့
" ဒါဆို Cc ပြောပြလိုက်တာ ဆင်ပြေသွားတာပေါ့ဟဲ... ဟဲ"
" ဟဲ မနေနဲ့ ဟိုကခေါ်သွားတယ်မလား လိုက်သွားဦး "
" ဟုတ် သွားလိုက်ဦးမရ်နော် "
ဆိုပြီး Ccတယောက်ပြေးသွားလေသည်။
ခဏကြာတော့ Chae တယောက်ရောက်လာပြီး Jennie နဲ့ Nayeon နားရောက်လာသည်။
" အော် ... Chae "
" ဟုတ် unnie တို့ Morning "
" Morning chae စောတယ်နော် "
" အော် အဲတာ မ အယ်မဟုတ်ဘူး Soo ကcompany သွားလိုက်ဘီဆိုလို့အမြန်လိုက်တာ "
" အော် ... ဝင်သွားလိုက်လေ "
" ဟုတ် သွားလိုက်အုံးမရ်နော် "
ဆိုပြီး chae တယောက်နှုတ်ဆက်ပြီး Soo အခန်းထဲဝင်သွားလေသည်။
Soo အခန်းထဲတွင်
Soo နဲ့ Cc လုပ်အကြောင်းဆွေးနွေးနေတုန်းတံခါးဖွင့်သံကြောင့် နှစ်ယောက်လုံးလှည့်ကြည့်မိလိုက်သည်။
" Chae လေး စောတယ်နော် ကွင်းဆင်းသွားရမှာ ၉နာရီလောက်မှလေ ခုမှ၇နာရီရောက်တုန်း "
" ရှင့်ကအရှေ့ကစောသွားတော့ တကယ်လုပ်လုပ်ရမယ့်သူကနောက်မှာလာရမလား ဟွန့် "
" မဟုတ်ဘူးလေ စောနေလို့ပြောတာပါ "
" ဘာလဲ မကြိုက်ဘူးလားသူများမှာမနက်စာတောင်မစားဘဲ လိုက်လာတာကိုဆူနေသေးတယ် ဟွန့်.. ဟွန့် "
" အယ် .. မဟုတ်ပါဘူးကွား ကဲစိတ်မဆိုးနဲ့ Soo မနက်စာမှာပေးမရ်လေနော် "
" အင်း " ဆိုပြီး chae တ‌ယောက်နှုတ်ခမ်းကြီး ဆူကာ ဆိုဖာပေါ်တွင်ထိုင်နေလေသည် ။
Cc တယောက်ကတော့ သူတို့နှစ်ယောက်ကို ပြုံး၍ဘေးကကြည့်နေလေသည်။တယောက်က စိတ်ဆိုးလိုက် တယောက်ကချော့လိုက်နဲ့ ဟုတ်နေတာဘဲ့ ။
" အော် ... Cc မနက်စာလေးမှာပေးပါလား နှစ်ယောက်စာ "
ခုမှငါ့ကိုမြင်တယ်ထင်တယ် ။ ဟူး ... ဘဝ .. ဘဝ အတွဲတွေ ။ ဒီနှစ်ယောက်မတွဲလို့သာဘဲ့ တွဲများတွဲသွားရင်ငါ့ဘဝရင်လေးစရာဘဲ့ ။
" ဟုတ် .. ဝယ်ပြီးလာပို့လိုက်မရ်နော် "
ဆိုပြီး အခန်းထဲကအမြန်ထွက်လာလိုက်သည်။
ချည်နှောင်မိတဲ့ သံယောဇဉ်ကြိုး
Part-14(end)⭐⭐

ချည်နှောင်မိတဲ့ သံယောဇဉ်ကြိုးWhere stories live. Discover now