Part-8

25 4 0
                                    

Mr.park တို့companyတွင် ဝန်တမ်းများပြယာခတ်နေကြသည်။ ဘာလို့လဲဆိုတော့ sooတစ်ယောက်အစည်းဝေးချိန်နီးထိမရောက်လာသေးသောကြောင့် ဖြစ်သည်။
" Sooကဘယ်ရောက်နေတာလဲjen မနက်ကငါ့ဖုန်းဆက်တော့လာနေဘီတဲ့ "
" ငါ့လဲမသိဘူး nayeon ရာ ဖုန်းဆက်ကြည့်ဦးမယ့်ခဏ "
Jen တယောက် sooဆီကိုဖုန်းဆက်ရန်ဖုန်းကိုထုတ်လိုက်ပြီး
📱📱 " Hello Soo မင်းဘယ်ရောက်နေဘီလဲ ဒီမှာအစည်းအဝေးစတော့မယ်"
📱📱 " ငါ့ လမ်းမှာလာနေဘီ ခဏဘဲ့စောင့် ငါ့အခုတော့ဖုန်းပြောလို့မဖစ်သေးဘူးဟေ့"
📱📱 " ဟင် .... အော်အေ ငါ့တို့စောင့်နေမယ် မြန်မြန်လာ " ဆိုပြီး ဖုန်းကိုချကာ Jen. တယောက်သက်ပြင်းချလိုက်မိသည်။
" ဘာဖြစ်လို့လဲ soo တခုခုဖြစ်လို့လား ဟင်"
" Soo ကဘာမှမဖစ်ဘူး chaeyoung ဘေးမှာရှိနေလို့ငါ့ကိုတော့ဘာမှမပြောဘူး ဆင်ပြေတယ်တဲ့ "
" အခုသူကဘယ်မှာလဲ လာနေဘီလား "
" အင်း လာနေဘီလို့ ပြောလိုက်တာဘဲ့ .... လာငါ့တို့သူလာတာနဲ့ဆင်အသင့်ဖြစ်အောင် လုပ်ထား ကြစို့ " ဆိုပြီး ဝန်ထမ်းများအစည်းအဝေးအတွက်လိုအပ်နေသည်များကို ပြင်ဆင်နေကြသည်။
တဖက်တွင်
" Chae မင်းကလေ jisoo unnieကိုသက်သက်ပြသာနာရှာနေတာ ငါ့ကားနဲ့သွားလို့ရတာကို"
ကားပေါ်တွင်ပွစိပွစိပြောပြီးလိုက်လာသောlisa ကိုတချက်ကြည့်ကာ
" ဘယ်မှာရှာလို့လဲ ငါ့လဲအားနေတယ်ထင်နေလား "
" တော်တော်ပြောရခက်တာဘဲ့ " ဆိုပြီး Lisa တယောက်ခေါင်းသာခါနိုင်တော့သည်။
Sooတယောက်ကတော့ ကားပေါ်တွင်ရန်ဖစ်နေသောနှစ်ယောက်ကို ဘာမှ မပြောဘဲပြုံး၍သာကားကိုမြန်မြန်မောင်းနေမိသည် ။sooတယောက် company ထဲသို့ကားကိုမောင်းဝင်သွားတော့ chaeyoungတစ်ယောက်အော်ပါတော့သည်။
" ဒီမှာ ကျမပြောတာ shopping ထွက်ဖို့ပြောတာလေ ဘာလို့ company ကိုခေါ်လာတာလဲ"
" မင်းကို ငါ့ပြောတယ်မလား ငါ့အရေးကြီး ကိစရှိသေးတယ်လို့ မကျေနပ်ရင် ကိုယ်ဟာကိုယ့် သွား ရော့ကားသော့ " ဆိုပြီးကားသော့ကိုလက်ထဲပစ်ထဲပြီး company ထဲသို့အမြန်ပြေးဝင်သွားသူကိုကြည့်ကာchae တယောက် ဒေါသထွက်ထွက်နဲ့ကျန့်ရစ်ခဲ့သည်။ lisaတယောက်ကတော့ unnie တ‌ခါမှchaeကို‌ဒီလိုပြောတာမမြင်ဖူးတော့ ‌ဒေါသထွက်ကာကျန်ရစ်သူကိုကြည့်၍ တဟားဟားရီနေမိသည်။
" ဟား ... ဟား chae ရာ လာဒေါသထွက်မနေနဲ့ လာရောက်တုန်းလေး companyထဲဝင်ကြည့်ရအောင်လေ "
" မကြည့်ဘူး မဝင်ဘူး "
" ဒါ မင်းအဖေ company နော် အေးလေမလိုက်ချင်လဲနေ ငါ့ jisoo unnie ကိုကြည့်ချင်သေးတယ် သူ company မှာဘယ်လောက်တော်လဲဆိုတာ " Lisa တယောက်ထိုသို့chae တယောက်မျက်ခုံးကိုတချက်ပစ်ကာ
" အိုကေ...... လာဝင်မယ် "
" ဟီး ဟီး လာလာ " ဆိုပြီး သူငယ်ချင်းနှစ်ယောက်companyထဲသို့ဝင်သွားလေသည်။
သူတို့ နှစ်ယောက် companyထဲရောက်တော့ ကောင်တာတွင်ထိုင်နေသောကောင်မလေးနားသို့သွားကာ
" ဟို Kim jisoo ကဘယ်အထပ်မှာလုပ်လုပ်တာလဲဟင် "
" ရှင် ... အော် သူဌေးလား သူကအပေါ်ဆုံးထပ်မှာ အစည်းဝေးလုပ်နေတယ်ရှင့် ချိန်းထားတာရှိသလားရှင့် "
" မရှိပါဘူး " ဟုပြတ်ပြတ်ပြောကာထိုအထပ်သို့ တက်သွားလိုက်သည်။
Jisoo တယောက် အစည်းအဝေး နောက်ကျနေသောကြောင့် အမြန်အ‌စည်းအဝေးခန်းသို့ ပြေးရပါတော့သည် ။အစည်းအဝေး ခန်းရှေ့တွင်ဖင်တကြွကြွနဲ့စောင့်နေကြတဲ့ Jennie nayeonတို့လည်း အမြန်သူနားသို့လာကာပြင်ဆင်စရာရှိတာတွေပြင်ဆင်ပေးနေကြသည်။
" Soo ရယ် ဘယ်တွေသွားနေလို့ ဒီလောက်ကြာနေတာလဲ ငါ့ဖုန်းပြောတုန်းကလမ်းတဝက်ရောက်နေပြီဆိုတော့ "
" အေး .... နင်ဖုန်းဆက်တုန်းက ငါ့လမ်းတဝက်မှာဘဲ့ chaeက နင်ဖုန်းဆက်ပြီးတာနဲ့ဖုန်းဆက်လာတယ် သူကိုလာကြိုဆိုပြီး ငါ့ကိုပြောတော့ ငါ့မှာမြန်လိုနေတယ်ပြောတာကိုမရတော့လမ်းတဝက်ကပြန်အိမ်သို့ပြန်သွားရတယ်လေ"
" အောင်မလေး ... Kim jisoo ရယ် ငါ့လဲမပြောချင်တော့ ဘူး ကဲမြန်မြန် သွား "
" အေ " ဟုပြောကာအစည်းအဝေးခန်းတွင်းသို့ဝင်သွားသော့သူကိုကြည့်နေကြသည်။
Chae တယောက် အပေါ်ဆုံးထပ်သို့ရောက်သောအခါ
" ဟို Kim jisoo တို့ ရုံးခန်းဘယ်မှာလဲမသိဘူးရှင့်" ဆိုပြီးမေးလိုက်တော့ သူတို့ကိုအလန့်တကြားကြည့်လာသောလူတစု
" ဟို Jen အဲတာ ဟို chaeyoung မဟုတ်လား "
" အင်း ဘာလာလုပ်တာလဲမသိဘူး "
ဆိုပြီး chaeတို့ရှိရာသို့သွားကြသည်။
" အော် chaeyoung ‌မလား ဒီကတယောက်က " chaeတယောက်သူ့နာမည့်ခေါ်၍လာနေသောunnieတယောက်ကိုကြောင့်ကြည့်ကာ
" Unnie လေ မသိဘူးလား Jennie kim လေ jisoo သူငယ်ချင်း "
" အော် ... Unnie သိဘီ chaeက အခုမှနိုင်ငံခြားကပြန်တော့မမှတ်မိဘူးဖစ်နေတယ် "
" ရပါတယ် jisoo ရှာနေတာက ဘာကိစ ရှိလို့လဲ unnie ပြောလေ သူရဲ့ အတွင်းရေးမှူးဆိုတော့ unnieက"
" ကိစတော့ မရှိ‌ဘူး ဟိုလေ " ဆိုပြီး ဘေးကငုတ်တုတ်မေ့နေသောသူကိုတချက်ကုတ်လိုက်ပြီး တိုးတိုးလေးဖြစ် * ပြောလိုက်လေဘာတွေငေးနေတာလဲ * ဆိုပြီး ပြောလိုက်သည် ။
" ဟို ဒီက unnie ဟိုလေ lisaတို့ သူငယ်ချင်းနှစ်ယောက် shoppingထွက်မှာကိုလိုပို့မယ်ပြောပြီး ခေါ်ထားလို့ ဒီကိုတက်လာတာပါ "
" အော် ... ကိစမရှိပါဘူးဆိုရုံးခန်းထဲမှာခဏစောင့်နေနော် အစည်းအဝေးကနဲနဲကြာမယ်ထင်လို့ "
" ဟို ... ဟို လေchaeတို့ကြည့်လို့ရမလားဟင် အစည်းအဝေးလုပ်နေတာကို "
" ရတော့ ရပါတယ် လာလေ unnieလိုက်ပို့ပေးမယ် ပြောပြီး အရှေ့ကထွက်‌သွားသောunnieနောက်လိုက်လာမိသည်။
အစည်းအဝေးခန်းထဲသို့ရောက်သောအခါ လူအများရှေ့တွင် လက်ဟန်လက်ဟန်ဖြစ်ပြောနေသောသူကိုတချက်ကြည့်မိလိုက်သည်။
" chaeတို့ လာ ဒီမှာလာထိုင် "
" ဟုတ် " ဆိုပြီး နှစ်ယောက်သားထိုင်ကာအစည်အဝေးလုပ်နေတာကိုကြည့့်နေမိသည်။
Chaeyoung တယောက်အစည်းအဝေးလုပ်နေသောသူကို ကြည့်ပြီး ** unnie ကသိပ်လှလာတာဘဲ့ ငါ့နိုင်ငံခြားသွားတုန်းကတော့ ဒီလောက်မဟုတ်သေးဘူး အခုမှပိုချောပြီး ပိုဆွဲဆောင်မှုရှိလာရတာလဲ unnie အသည်းပုံနှုတ်ခမ်းလေးနဲ့ မြင်သူတိုင်း ရှုစားကြရမည့်အလှမျိုးနဲ့ * chae တယောက် သူ့ဟာသူတွေးပြီး ပြုံးနေမိသည် ။
Lisa တယောက် unnie jenကိုတချက်တချက်ကြည့်ပြီး ဘေးသို့ကြည့်လိုက်တော့တယောက်တည်းပြုံးနေသောသူကို့လန့်ကာကြည့်နေမိသည်။သူchaeနဲ့ပေါင်းလာတာကြာဘီဒီလို ပြုံးတာတခါမှမမြင်ဖူးတော့
" အဟမ်း chae ဘာတွေပြုံးနေတာလဲ "
" ဘယ်မှာပြုံးလို့လဲ " ဆိုပြီး မျက်နှာကိုချက်ချင်း ပြောင်းကာထိုင်နေတော့
" အမယ် ငါ့မမြင်ဘူးထင်နေတာလား မင်းပြုံးနေတာငါ့မြင်လိုက်တယ် ဘာလဲ မဟုတ်မှလွှဲရောမင်း"
" ငါ့ .... ငါ့ ဘာဖြစ်လို့လဲ "
" Jisoo unnieကိုသဘောကျနေတာမလား"
" ဘာ!!!! ငါ့ ကဘာလို့သူသဘောကျရမှာလဲ ငါ့က ငါ့တို့ companyအခုလိုတိုးတက်နေတာမြင်တော့ ပြုံးမိတာပါ "
" အမယ်လေး .... Chae ရယ် ဟုတ်ပါဘီ သဘောကျဘူးဆိုလဲပြီးရော ဟိုငါ့ကိုလေ ဟိုjennie unnie နဲ့မိတ်ဆက်ပေးပါလား ဟဲ ဟဲ "
" ဘာ ... မင်းက unnie jen ကို ဘာလဲမင်းကသူကိုသဘောကျနေတာလား "
" အေး ငါ့သဘောကျနေလို့ မိတ်ဆက်ပေးလို့ဆို "
" ဟုတ်ပါဘီ မိတ်ဆက်ပေးမယ် ခဏကြာ " ဆိုပြီး နှစ်ယောက်သားအစည်းအဝးကိုကြည့်နေကြသည်။
အစည်းအဝေးပြီးလို့ ခန်းမထဲကလူတွေထွက်သွားတော့ chaeတိုလဲ ထွက်လာပြီး unnie Soo ရုံးခန်းထဲတွင်ဝင်၍စောင့်နေကြသည်။
အစည်းအဝေးပြီးလို့ soo တယောက်မောမောနဲ့ပြန်ထွက်လာတော့ sooကိုအလန့်တကြားကြည့်နေကြတဲ့လူတစု
" ဘာဖစ်နေကြတာလဲ ငါ့ကိုစိုက်ကြည့်နေကြတာလဲ"
" Soo မင်းတော့ပြသာနာတက်ဘီ "
" ဘာဖြစ်လို့လဲ chaeတို့လိုက်လာလို့လား "
" ဟင် ... နင်သိနေတာလား"
" မသိဘူးလေ ငါ့သူတို့နှစ်ယောက်ကိုကားပါကင်ထားခဲ့တော့ လိုက်လာတာလားလို့ မေးတာ "
" အေး လိုက်လာကြတယ် မင်းအစည်းအဝေးလုပ်နေတာကို လိုက်ကြည့်သေးတယ် "
" ငါ့အစည်းအဝေးလုပ်နေတာကိုလား အခုကဘယ်ရောက်သွားကြပြီလဲ "
" မင်းရုံးခန်းထဲမှာ စောင့်နေကြတယ် "
" ဟုတ်လား ငါ့တယောက်တည်းမဝင်ချင်ဘူး jenနင်လိုက်ပါလား ငါ့ကြောက်တယ် "
" အ‌မယ်လေး Kim jisoo shi မိန်းမကမရသေး မယားကြောက်ဖြစ်နေဘီလားဟား.... ဟား "
" ဟာ နင်ကလဲ မဟုတ်ပါဘူး ငါ့အစည်းအဝေး မလုပ်ခုကသူကိုအော်ခဲ့လို့ အဲတာကြောင့်ပါ" ဆိုပြီးရှက်နေသောသူကိုဝိုင်းရီနေကြသည်။
" အင်းပါ ... လာငါ့လိုက်မယ် ဟုတ်ဘီလား " ဆိုပြီး နှစ်ယောက်သားရုံးခန်းထဲသို့ ဝင်သွားသောအခါ သူတို့ကိုကြည့်လာသောဟိုနှစ်ယောက်
" ဟို ... Unnieတို့လာဘီလား Lisa တို့ကစောင့်နေတာ "
" Unnie ကို ဘာလို့စောင့်နေကြတာလဲ ကိစရှိလို့လား "
" မရှိပါဘူး ဟို Lisa တို့နဲ့ shopping လိုက်မယ်ဆို "
" မသွားရသေးဘူးလား unnie ကိုစောင့်နေတာလား " Soo တယောက်သူသိသိကြီးနဲ့ ဘေးမှာဆူပုတ်နေသူကိုစကာပြောလိုက်သည်။
" ဘာလို့ သွားရမှာလဲ ... ခုနားကအော်သွားတာသိပ်ကျေနပ်တာမဟုတ်သေးဘူးနော် Kim jisoo "
" ဘာလို့မကျေနပ်တာလဲ chae လေး က" ထို့သို့ပြောလိုက်တော့ လူကိုမျက်စောင်းထိုးကာ
" ဘာလဲ မလိုက်ဘူးလား ....ရတယ်လေ unnie jen chae တို့နဲ့လိုက်မာမလား "
" ဟို့ unnie ကလိုက်လို့ မဖြစ်ဘူးထင်တယ် "ဆိုပြီးsooကိုကြည့်လိုက်တော့
" လိုက်မယ်လေ စကတည်းကလိုက်ပို့မယ်လို့ပြောပြီးသားကို "
" ပြီးရောစကတည်းက လိုက်မယ်လို့ပြောလိုက်ရင်ပြီးနေတာကို " ဟုဆိုပြီး ဆူပုတ်ကာထွက်သွားသူကိုကြည့်၍ပြုံးနေမိသည်။
Chae တယောက် ကားပါကင်သို့ ဆင်းကာ ကားတံခါးကိုဖွင့်ပြီး ဝင်ထိုင်နေမိသည်။ခဏကြာသောအခါပြုံးရယ်ပြီးဆင်းလာသောသူကိုကြည့်ကာ " လူကိုဆိုစမယ်ဆိုတာကြီးဘဲ့ "
Soo တို့ ကားနားရောက်တော့ ကားထဲဝင်ကာ ဆူပုတ်၍ထိုင်နေသူကိုကြည့်ကာ
" ကဲ Lisa နဲ့ Jen တို့ကနောက်မှာထိုင်နော် ရှေ့မှာက လူရှိနေလို့ "
" ရပါတယ် unnie ဟီး ဟီး "
ဆိုပြီး Lisa တယောက်ပြုံးဖြီးကာ ဝင်ထိုင်လေသည်။Chae တယောက်ကတော့ဘာမှမပြောဘဲကားမှန်၏အပြင်ဘက်သို့ကြည့်ကာနေလေသည် ။ သူတို့ကားလေးစထွက်တော့ Lisa တယောက်ကဘေးက Jen ကိုကြည့်ကာ
" ဟို unnie jen "
" အင်းပြောလေ ဒါနဲ့ မင်နာမည်က ဘာလဲ "
" Lisa ပါ unnie နဲ့သူငယ်ချင်းလုပ်ချင်လို့ ဖုန်းနံပါတ်လေးပေးပါလား ဟီး "
" အော် သူငယ်ချင်းတော့ လုပ်လို့ရပါတယ် ဖုန်းနံပါတ်ကဘာလုပ်ဖို့လဲ " ထိုအခါ
" Unnie jen ကို chae သူငယ်ချင်းကသဘောကျလို့တဲ့ " ထိုသို့ပြောလိုက်တော့ Jen မှာရှက်သွားကာ
" ဟင် "
" Yar !!!!! နင်အဲလိုပြောစရာလား ငါ့က unnie ကိုခင်ချင်လို့ပါ unnie ကိုမစနဲ့ "
" Lisa မင်းကသဘောမကျသာဆိုတယ်ကာကွယ်ပေးနေသလိုဘဲ့ "
" ဟား ..... ဟား " ဆိုပြီး တယောက်တည်းထရီသောသူကိုအကုန်လုံးကြောင်ကြည့်နေကြသည်။
" Soo ဘာဖစ်လို့လဲ "
" မဟုတ်ပါဘူး Jen ရာမင်းကို သဘောကျနေတဲ့သူရှိနေပါသေးတယ်လို့တွေးနေလို့ပါ "
" ဟာ .. Soo ကလဲ" ရှက်ကခေါင်းကိုပြင်ဘက်သို့လှည့်သွားသောသူကိုsoo တယောက်ဆက်စနေပါသည်။
" ဘာလဲ ရှက်သွားတာလား "
" Soo နင်ဟာ မစနဲ့ ဟို့နှစ်ယောက်‌လဲလာမရီနဲ့ " ဆိုပြီး အော်ပြောတော့ ဟိုနှစ်ယောက်ကသူတို့မဟုတ်တဲ့တိုင်းရုပ်တည်ကြီးကြီးတွေနဲ့ထိုင်နေကြတော့သည်။ ထိုအခါjen တယောက် Soo ဘက်လှည့်ကာ
" ငါ့ကိုပြောတဲ့သူက သူကျငယ်ငယ်ကတည်းကသဘောကျနေတဲ့သူကို မဖွင့်ပြောရဲဘဲနဲ့ "
" ဘာ Jen မပြောနဲ့ တော့ တော်ဘီ ငါ့မစတော့ဘူး "
" Soo ရာ မပြောဘဲမနေနိုင်တော့ဘူး ငါ့ကိုလာစပြီးတော့ "
ထိုအခါမျက်နှာတည်ကြီးနဲ့ ထိုင်နေတဲ့ နှစ်ယောက်ကလှည့်လာပြီး
" Unnie jen ဟို Lisa တိုကိုပြောပြပါလား ဟီး ဟီး "
" ဟုတ်တယ် ပြောပြပါ unnie chae တို့သိချင်တယ် " ဆိုပြိး Soo ကိုတချက်ကြည့်ကာ ပြောလေသည်။ Soo ကတော့ Jen ပြောပြမှာစိတ်ပူလို့လိုက်တားနေမိသည်။
" ဒီလို Soo ကငယ်ငယ်ကတည်းကသူ့သဘောကျနေတဲ့ကောင်မလေးတယောက်ရှိတယ်တဲ့လေ ဒါပေမဲ့သူ့ဖွင့်မပြောခဲ့ပါဘူး သူကြောက်လို့‌တဲ့ ပြီးတော့ သူကျောင်းတက်တဲ့ချိန်ရောက်တော့ ထိုကောင်မလေးက နိုင်ငံခြားထွက်သွားတယ် အဲဒါနဲ့ သူဟာ သဲကွဲပြီးကျန်ရစ်တာပေါ့ ဒီလိုနဲ့ ကြီးလာတော့ သူက အဲကောင်မလေးကိုမေ့နိုင်အောင်ဆိုပြီး ကောင်မလေးတယောက်နဲ့တွဲတယ်လေ အဲကောင်မလေးကလည်း သူကိုအရမ်းချစ်တော့ နှစ်ယောက်သား‌လိုက်ဖက်တဲ့တွဲဖစ်လာတာပေါ့ ဒါပေမဲ့ အဲကောင်မလေး မိဘတွေက သဘောမကျဘူးလေ Soo ကို သူသမီးနဲ့ သဘောမတူနိုင်ဘူးပေါ့ "
" ဘာဖြစ်လို့ လဲ unnie ကဒီလောက်ပြည့်စုံတာ "
" Lisa မင်းဝင်မပြောနဲ့ ငြိမ်ငြိမ်နေ unnie ဆက်ပြော "
" အဲဒီတော့ Soo တို့က မခွဲနိုင်ကြဘူးလေ ထိုကောင်မလေးကလဲ Soo နဲ့မခွဲနိုင်ဘူးလို့ပြောတော့ သူ့မိဘတွေကသူတို့ကိုခွဲလိုက်ကြတယ် Soo လဲသဲကွဲတာပေါ့ဟရ်"
" သူတို့ကသဘောမတူယုံလို့ခွဲယုံတင်မကဘူး အဲကောင်မလေးကိုကျောင်းပါပြောင်းပစ်တာလေ အဲကတည်းက သူတို့နှစ်ယောက်ကွဲသွားကြပြီး အခုသိရသလောက်တော့ အဲကောင်မလေးက အခုမော်ဒယ်ဖြစ်နေဘီဆိုလားဘဲ့ ပြီးတော့လေ သူတို့မိဘတွေက ‌ငွေမက်တော့ အဲကောင်မလေးကိုအိမ်ထောင်ရှိတဲ့အမျိုးသားတဦးနဲ့တွဲစေပြီး အတင်းလက်ထက်ခိုင်းတာလေ "
" ဟိုနေ့ကsoo နဲ့ ထိုကောင်မလေးနဲ့တွေ့တော့ သူက Soo ကိုဘာပြန်ပြောတယ်ထင်လဲ " ထိုအခါစိုက်ပြီးနားထောင်နေတဲ့သူတို့ကမျက်လုံးလေးပြူးကာသေချာန‌ားထောင်နေကြသည်။
" Jen တော်ဘီ ဒီလောက်ဘဲ့ပြောပြတော့ အခုနင်တို့ပြောတာ shopping ထွက်တဲ့နေရာရောက်နေဘီ "
" ဟယ် မြန်လိုက်တာ "
" ဟို unnie Lisa တို့ shopping မထွက်တော့ဘူး coffee ☕ဆိုင်ကိုဘဲ့သွားလိုက်တော့ ဆက်ပြီးနားထောင်ချင်လို့ "
" ဟုတ်တယ် unnieသူပြောသလိုဘဲ့ "
Soo တယောက်ကတော့ စိတ်ပူနေမိသည်။chae ကိုထိုအကြောင်းတွေမသိစေချင်ဘူး soo၏ရည်းစားဟောင်းကသူ၏အဖေနဲ့တွဲနေတဲ့သူဖြစ်ကြောင်းသိရင် သူပို၍မုန်းသွားမှာ ။
" ဟုတ်တယ်။ Soo သူတို့ပြောတဲ့ဆိုင်မောင်းတော့ ငါ့တော့ဆက်ပြောဦးမယ် "
" ကဲ unnie ပြောနေတာဘယ်ရောက်ဘီလဲ "
" ဟိုနေ့က sooနဲ့အဲကောင်မလေးတွေ့တဲ့နေရာရာက်ဘီ "
" အေး ဟုတယ် အဲနေ့က သူက Soo ကိုသူနဲ့အတူcoffeeလိုက်သောက်ဖို့ပြောတော့ soo နဲ့ ငါ့လဲ လိုက်သွားတယ် ဟိုရောက်တော့သူက soo၏လက်ကိုကိုင်ပြီးသူကsoo ကိုအခုထိချစ်နေတဲ့အကြောင်းရော သူမိဘတွေစီစဉ်လို့ဒီလိုဖြစ်သွားကြောင်း ရှင်းပြတော့ Soo ကအစကတော့ သူလက်ခံသလိုနေပြီးတော့ soo ဘာထပြောလိုက်တယ်ထင်လဲ "
" ဟာ ... Unnie ကလဲ lisaတိုကမသိလို့မေးတာကို ပြန်ပြီးမေးနေတယ် "
" မင်းတို့ကလဲ ..."

Soo တယောက်ဘာပြောလိုက်တယ်ထင်လဲ
ချည်နှောင်မိတဲ့ သံယောဇဉ်ကြိုး(part-8)⭐⭐

ချည်နှောင်မိတဲ့ သံယောဇဉ်ကြိုးTempat cerita menjadi hidup. Temukan sekarang