အပိုင်း ၂၀

1.4K 115 21
                                    

"မထိနဲ့!!!"

ဂျီမင့်၏ အော်သံက ဟိန်းထွက်သွားသည်။ လူကောင်သာသေးတာ အသံကတော့ အောင်လှပါသည်။ ရန်လိုနေသော မျက်ဝန်းတွေနဲ့ အမျက်တထောင်းထောင်း ထနေပုံက သူ့မျက်နှာ လှလှလေးမှာ ထင် ထင်ရှားရှားပင်။

သည်လောက်ဆို ဂျီမင့် heatကာလ ပြီးပြီဆိုတာ သိလောက်ရော ပေါ့။ heat ကာလပြီးတာနဲ့ omega လေးမှာ နူးညံ့မှု့တွေမရှိ။ လိုက်နာမှုတွေ မရှိတော့ချေ။ အလိုမတူ အမှတ်အသားပြုလုပ်ခံ လိုက်ရသည့်အခါ သူရင်ထဲ တနုတ်နုတ်နဲ့ နာကျင်နေလေသည်။

"ဖြစ်ပြီးသွားပြီး ပြန်ပြင်လို့မရတော့ဘူး...လက်ခံလိုက်တော့"

ဂျီမင် ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ။ တစ်သက်တာ အမှတ်အသားက ပေါ့ပျက်ပျက်အရာမဟုတ်ဘူး။ တစ်သက်လုံး အတွက် သေရာပါ ဖြစ်သွားမှာ။ တစ်သက်လုံး ဒီAlphaနဲ့ပဲ အတူ ရှိရတော့မှာ။ ဂျီမင် သည်လိုလူနဲ့ဘယ်လိုလုပ်ပြီး တစ်သက်လုံး နေ နိုင်မှာလဲ။

အတ္တကလည်း ကြီးသေးတယ်။ ချုပ်ချယ်တယ်။ အရာရာ သူ့အလို သူ့သဘောတွေကြည့်ပဲ။ ဂျီမင့်ကိုလည်း တန်ဖိုးထား လေးစားတတ် တဲ့လူ မဟုတ်ဘူး။ ကြမ်းတမ်းပြီး သူဖြစ်ချင်တာ ရအောင်လုပ် တဲ့သူ။ ဂျီမင့်ကလေးကိုလည်း သတ်ခဲ့တာ။ သူ့အတ္တတွေက သိပ် ကြောက်ဖို့ကောင်းတာ။

"လူယုတ်မာ!! ခင်ဗျားကို ရဲတိုင်မှာ!"

ဂျီမင် ကုတင်ပေါ်က ပြေးဆင်းပြီး အခန်းထဲက ထွက်ရန်ပြင်လိုက် ပေမယ့် လမ်းတစ်ဝက်မှာပဲ သူ့လက်ထဲ ပြန်မိသွားရသည်။

"လွှတ်! ခင်ဗျား ကျွန်တော့်ကိုလွှတ်!"

သူ့လက်ထဲက ရုန်းရင်းကန်ရင်း ဂျီမင် မျက်ရည်တွေ မထိန်းနိုင် အောင် ကျဆင်းလာတော့သည်။ သူက ဂျီမင့်ကို ကုတင်ဆီ ပြန်ချီ လာပြီး မွေ့ရာပေါ်ဖိချပြီး ဖိနမ်းသည်။

"ရှုပ်ရှုပ်ရှက်ရှက်တွေ ဖြစ်အောင် မလုပ်စမ်းနဲ့ကွာ..."

"ခင်ဗျားအတွက် သိပ်ကို လွယ်ကူနေလား..ဟမ်! အမှတ်အသားဆို တာ omega တွေ အတွက် ဘယ်လို အဓိပ္ပာယ်လည်း ခင်ဗျားမ သိဘူးလား!"

အမှတ်အသားက Alpha တွေအတွက်တော့ လိုချင်တဲ့ omega ကို အပိုင်သိမ်းနိုင်တဲ့ လက်နက်တစ်ခုပေမယ့် omega တွေ အတွက်တော့ အဓိပ္ပာယ်များစွာ ရှိနေတဲ့ နက်နဲတဲ့အရာတစ်ခုပဲ။ omega တိုင်းက သူတို့သဘောကျရတဲ့ alpha ရဲ့ အပိုင်ဖြစ် ချင်ကြတာပါပဲ။ အဲ့ဒီအခါ သူတို့က လိုလိုလားလားပေးတတ်တယ်။

THE ILLEGAL BABYWhere stories live. Discover now