အပိုင်း ၂၂

1.2K 123 6
                                    

ဆေးရုံထဲတွင် အရေးပေါ်လူနာတင်ကားသံများဟာ တဝီဝီဖြင့်...။ ဆရာဝန်တွေ ပြေးလွှားနေကြပြီး Nurseတွေလည်း ပြာယာခတ် နေကြသည်။ အသက်မျှင်မျှင်လေးတောင် မရှူတော့သော သူကို ကြည့်ရင်း တစ်ယောက်သောသူဟာ ကြက်သေသေလျက်။

ပြေးလွှားနေသော ဆရာဝန်များနှင့် လူတွေဟာ ရှုပ်ထွေးနေ သော်လည်း တစ်ယောက်သောသူဟာ သွေးတွေရဲနေသောလူကို မ ဆင်မပြတ်ကြည့်နေခဲ့တယ်။ ပေါင်မှ တစိမ့်စိမ့် ထွက်နေသော သွေး များကိုလည်း သူ ဂရုမထားအား။

"Doctor"

ဘေးနားမှ ဖြတ်သွားသော doctor ၏ လက်ကို ဂျီမင်လှမ်းဆွဲ လိုက်သည်။

"သူ့ကို ကယ်ပေးပါ..."

"စိတ်ချပါ"

မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာရင်း ပုခုံးတွေ လှုပ်တဲ့အထိ ရှိုက်ငိုနေတဲ့ ငရဲလှလှလေးဟာ တကယ့်ကို ပူပူဆွေးဆွေး။ မကြာခင် Doctor တွေရောက်လာပြီး ဂျီမင့်ကို ခွဲစိတ်ခန်းဆီခေါ်သွားသလို ဦးကိုလည်း အရေးပေါ်ခန်းထဲ ခေါ်သွားကြသည်။

ဂျီမင် နောင်တတွေရခဲ့တာပေါ့...ငါသာ Jeon jungkook နဲ့ မ ပက်သက်ခဲ့ရင်ဆိုပြီး...။ ဂျီမင်ရဲ့ တည်ငြိမ်နေတဲ့ ဘဝက Jeonနဲ့ တွေ့မှ ရှုပ်ထွေးခဲ့တာ။ ဂျီမင်က ရိုးရိုးရှင်းရှင်းလေးပဲ သူ့ကို ချစ်ပေး တဲ့ Alpha ကို လိုချင်ရုံလေးပါ။ ဂျီမင်က ချစ်ပြီဆို အဝေးကနေ ကြည့်ပြီး ချစ်နေရရုံနဲ့ ကျေနပ်တဲ့ လူမျိုးလေ။

Jeonက ဂျီမင့်အတွက် အဆိုးဆုံး Alpha ပဲ။ စတွေ့ချင်းထဲ က သေနတ်နဲ့ ခြိမ်းခြောက်တယ်၊ ကလေးကို ဖျက်ချဖို့ပြောတယ်။ ကလပ်က ၅သိန်းတန် omega နဲ့တောင်နှိုင်းပြီး နှိမ်ခဲ့တာ။ ဒီကြား ထဲ Jeon အတ္တကြီးသမျှ ဂျီမင် ခံခဲ့ရသေးတယ်။ Jeon ကြောင့် ကလေးဟာ လမစေ့ပဲ မွေးခဲ့ရတယ်။ ပြန်တွေးကြည့်ရင် ငရဲလှလှ လေးအတွက်တော့ ရင်နာစရာတွေ ကြည့်ပဲပေါ့။

ဂျီမင်ဟာ ဦး သူ့ကို ချစ်နေတာကို မသိခဲ့သလို ရိပ်လည်းမရိပ်မိခဲ့။ ဦးကလည်း ချစ်တယ်ဆိုတာထက်၊ ဦး သိတာ ဂျီမင်ကိုပဲ။ သူဟာ ချစ်ပြဖို့ထက် ဂျီမင့်ကို ပိုင်ချင်၊ဆိုင်ချင်၊ သိမ်းချင်နေခဲ့တာ ပိုများ တယ်။ အဲ့ဒီမှာ စလွဲကြတာပေါ့။

THE ILLEGAL BABYWhere stories live. Discover now