{3}

210 49 16
                                    

မြောင်ဟို ထမင်းမစားတာ ၄ရက်ရှိပြီ လို့ အဒေါ်ကြီး လာပြောတုန်းက သူစိတ်ပူခဲ့တာ မှန်ပေမယ့် ဒီကလေးက သူ့ကိုဆန္ဒပြနေတာဖြစ်တာကြောင့်ဆက်ပြီးတော့ စောင့်ကြည့်နေလိုက်သည်။
တစ်အိမ်ထဲမှာနေပေမယ့် သူ့ကိုသိသိသာသာရှောင်လို့နေသည်။

"မြောင်ဟို ဧည့်ခန်းထဲကို လိုက်ခဲ့ "

"ဟုတ်ကဲ့ "

လိုက်လာတဲ့သူက တည်တည်ငြိမ်ငြိမ်ဘဲ။

" ထမင်းမစားဘူးဆို ဟုတ်လား
ငါ့ကို ဆန္ဒပြနေတာလား အလုပ်မဖြစ်ဘူး
နော်မြောင်ဟို "

" ဘာမှ လုပ်မနေပါဘူး လုပ်နေလည်း ဘာမှ ထူးမလာတာ မို့ "

" အေး ငါ့ကို အဲ့လို စကားနာထိုး "

" ဟင့်အင်း ပြောပြတာ ပါ စကားနာထိုးနေတာမဟုတ်ပါဘူး "

" မင်း ဒီနေ့ထမင်းစားရမယ် "

" စိတ်ထဲ မှာ ပျော်မနေတဲ့အတွက် ထမင်း တစ်စိတောင်မှ မျိုမကျဘူး "

" အရေးမပါတာတွေ ခေါင်းထဲက ထုတ်ထား ဆောမြောင်ဟို "

" အဲ့တာ ကိုကို့ အတွက် အရေးမပါတာ ပါ
ကျွန်တော့် ဘဝ အတွက်အများကြီး အရေးပါတယ် "

" မင်းနဲ့ ပြိုင်လုပြီး ပြောနေရင် ငါလေကုန်တာဘဲ အဖတ်တင်မှာ အဲ့တော့ မင်း ထမင်းစားကို စားရမယ် "

" စားဆိုလည်း စားရတာပေါ့ ဒါက ကျွန်တော့်ဘဝ ဘဲကို "

ခနဲ့တဲ့တဲ့ ပြောလာတဲ့ ကောင်လေး က တကယ်ကို လူဆိုးလေးဖြစ်လာတာဘဲ။
အခုတလော သူအလုပ်အတွက် ခရီးထွက်တာ များလို့  များ အနေဝေးနေတာများလား။

~~~~~

" မြောင်ဟို "

"ဗျာ "

" ဒီနေ့စာမေးပွဲနောက်ဆုံးနေ့မလား"

"ဟုတ်တယ် "

" ကိုကို လာကြိုမယ် "

"ဟုတ် "

လိုတာထက် ပိုမတုန့်ပြန်တဲ့ကလေးကြောင့် သူနေရခက်လာပြန်သည်။

"ကလေးလေး  ကိုကို့ ကိုစိတ်ဆိုးနေတုန်းဘဲလား"

"စိတ်မဆိုးပါဘူး ဒါကျွန်တော့်ဘဝဘဲလေ "

လောင်းရိပ်မိသောအချစ်Where stories live. Discover now