{5}

221 51 38
                                    

" မမ ဘဝမှာ ကိုကိုက ဘယ်လောက်အရေးပါလဲ "

ကိုကိုက အလုပ်ကိစ္စရှိ၍ သူတို့ ၂ယောက်ကို ခနထားခဲ့တုန်း သူကမမဆွန်းရီကို မေးခွန်းထုတ်နေခြင်းဖြစ်သည်။

" အာ... မမတို့က စတွဲ ကာစဆိုတော့လေ
တစ်ယောက်အကြောင်းတစ်ယောက်နားလည်ဖို့ အချိန်ယူနေကြတုန်း "

" ကျွန်တော့်ဘဝမှာတော့ ကိုကိုက အများကြီးအရေးပါတယ် "

မိတ်ကပ်နည်းနည်းပြင်ထားတဲ့ မမက လှတယ်လို့ထင်ရပေမယ့် သူ့အမြင်မှာတော့ လှမနေပါ။

" ဒါပေါ့ ကလေးလေး ရဲ့ အစ်ကို ဆိုတော့ မရှိရင်မဖြစ်ဘူး ပေါ့ "

" မဟုတ်ဘူး အဲ့လို ကျွန်တော်တို့က ညီအစ်ကိုအရင်းမဟုတ်ဘူး "

မျက်နှာပျက်သွားတဲ့ မမဆွန်းရီကို သူက မှင်သေသေ နဲ့ကြည့်နေလိုက်သည်။

" ပြောချင်တာ က "

" ကျွန်တော်က ကိုကို့ ကိုချစ်နေတာ "

" မွန်းဂျွန်က မောင်လေးကို
ပြန်ချစ်သတဲ့လား "

ပြန်ဖြေစရာမရှိတဲ့သူ့ကိုကြည့်ရင်းဆွန်းရီက နှုတ်ခမ်းတွန့်ရုံမျှပြုံးသည်။

" ကျွန်တော့်ဘဝထဲ က ကိုကို့ ကိုထွက်သွားခွင့်မပေးနိုင်သလို မမကိုလည်းမကြိုဆိုဘူး "

" မမကလည်း မင်းကိုကို ဘဝထဲကိုဘဲ ဝင်မှာပါ မောင်လေးဘဝထဲကိုမဟုတ်ဘူး "

ဆွန်းရီကို ကြည့်နေတဲ့ မြောင်ဟို မျက်လုံးတွေဟာ မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့အလား။
တစ်ဖက််မိန်းကလေးကလည်း သူ့ကို ကြည့်နေသည်မှာ ရွံစရာလူတစ်ယောက်လို

" ယောကျာ်းလေးတစ်ယောက်က
မိန်းကလေးတစ်ယောက်နဲ့ယောကျာ်းလေးတစ်ယောက်ဆိုရင် မိန်းကလေးတစ်ယောက်ကိုဘဲရွေးချယ်မှာပေါ့ "

"....... "

" အခုချိန်မှာ မွန်းဂျွန်က မမဘက်မှာရှိနေတာကိုက မောင်လေးရှုံးနေပြီ "

" မမဘက်မှာ ရှိမှာလို့ ဘယ်သူက ပြောလဲ ကိုကိုက သေချာပေါက်ကျွန်တော်ဘက်မှာရှိမှာ "

" သူ့ရဲ့အပြုအမူတွေကပြောပြနေတာဘဲမဟုတ်လား မောင်လေး အခုတောင်မမ ခေါ်ခိုင်းလိုက်လို့ ပါလာတာမလား "

လောင်းရိပ်မိသောအချစ်Where stories live. Discover now