အပိုင်း - (၂၀)

1.3K 161 22
                                    

" အခုလိုကြားရတာလည်း ဝမ်းသာစရာ သတင်းပါပဲ မောင်ရင် ... ဘာပဲဖြစ်ဖြစ် ဒီရွာကြီးရဲ့ တိုးတက်ရာ တိုးတက်ကြောင်းဆိုတော့လည်း အဘတို့က အတိုင်းမသိပါပဲ "

" ဟုတ်ကဲ့ ... ဖွဲ့စည်းပုံတွေ တိုးချဲ့တာကလည်း ရုတ်တရက်ဆိုတော့ ဘယ်သူ့ကိုမှလည်း အသိမပေးနိုင်ပဲ ချက်ချင်း ထွက်လာရတာပါပဲ သူကြီးရယ် ... မြို့အုပ်မင်းကတော့ ရွာမှာ အုပ်ချုပ်ရေးရုံး ဆောက်ပြီးကာမှ ဖွင့်ပွဲတက်ရောက်မယ်လို့ အမှာပါးလိုက်ပါတယ် "

ဦးမင်းငွေက ကွပ်ပျစ်ပေါ်တင်ထားတဲ့ ရေနွေးတစ်ငုံကို ယူသောက်လိုက်ရင်း ခေါင်းတညိတ်ညိတ်နဲ့ ပြုံးလိုက်သည်။

" အင်း . မောင်ရင် အစစလိုအပ်သမျှသာ ပြောကွယ် ... အဘတို့က အကုန်ကူညီဖို့တော့ အသင့်ပါပဲ ... အဘတို့လည်း အသက်ကြီးပြီဆိုတော့ အခုလို တိုးတက်လာတော့မှာကို မြင်ရတာလည်း ဝမ်းသာမိတယ်ကွယ် "

" သူကြီးတို့က အစဉ်အဆက် အုပ်ချုပ်လာတဲ့ လူကြီးတွေပဲမလို့ ကျွန်တော်ကပဲ အကူအညီတောင်းပါတယ် ... ဆရာတော်ကိုတော့ ညနေခင်းကျမှ ကျွန်တော် သွားလျှောက်လိုက်ပါ့မယ် "

" အင်း ... အတူတူသွားလျှောက်ကြတာပေါ့ကွယ် "

မင်းမျိုးက သူကြီးကို ခေါင်းညိတ်ပြလိုက်ရင်း ရေနွေးတစ်ငုံသောက်လိုက်သည်။ မျက်လုံးတွေကတော့ ရောက်ကတည်းက သူကြီးအပြင် ခွေးတစ်ကောင် ကြောင်တစ်မြှီးမှ မတွေ့သေးတာမလို့ အိမ်ဝန်းထဲကို ဝေ့ဝဲရှာနေမိသည်။

" ပစ်တိုင်းထောင်တို့ ဆရာတပည့်နဲ့ မောင်နှမနှစ်ယောက်ကတော့ ဒီကနေ့ လယ်ထဲကို သွားကြတယ်ကွယ် ... မိစွာနဲ့ မိုက်မိုက်စန်းပါ ပါသွားကြလေရဲ့ "

" အာ ဟုတ်. ဟုတ် "

မင်းမျိုးရဲ့ အကြည့်တွေကို နားလည်ဟန် သူကြီးက အသိပေးသည်။ မင်းမျိုးကလည်း နားလည်တာမလို့ ခေါင်းညိတ်ပြလိုက်ရင်း လက်ထဲက ရေနွေးကြမ်းခွက်ကိုလည်း ကွပ်ပျစ်ပေါ် ပြန်ချလိုက်သည်။

" မြို့အုပ်မင်းနဲ့ မြို့အုပ်ကတော်ကလည်း မှာလိုက်ပါသေးတယ် ... ပစ်တိုင်းထောင်နဲ့ပတ်သက်ပြီး တစ်ခုခုသာဆို အားမနာပဲ ပြောပါတဲ့ "

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေWhere stories live. Discover now