1

409 77 18
                                    

အနက်ရောင် စက်ဘီးလေးရဲ့ အရှေ့ခြင်းထဲကို စာအုပ်ထဲလိုက်တဲ့ လက်ချောင်းလေးတွေပေါ်က  သွေးကြောစိမ်းစိမ်းလေးတွေကို  အတိုင်းသား မြင်နေပါပြီး သွယ်ပြီးရှည်တဲ့ လက်ချောင်းလေးတွေက မိန်းခလေးတွေရဲ့ အမျိုးသားတစ်ယာက်ကို ပိုင်ဆိုင်ချင်တဲ့ အချက်ထဲတွင် ထိုအချက်က အရေးကြီးတဲ့ အချက်နေရာကနေ ပါလေသည် ။

စက်ဘီးပေါ် တက်ခွလိုက်တဲ့သူသည် ဘောင်းဘီအရှည်အနက်နဲ့အဖြူရောင် ခပ်ပွပွတီရှပ်ကို တွဲ၀တ်ထားလေသည်။ ပြီးတော့ စက်ဘီးရဲ့ အရှေ့ခြင်းထဲမှာ ကျုးလစ်ပန်းအိုး အဖြူရောင်တစ်အိုးကိုလည်း ထည့်ထားလေသည်။ အမ်စတာဒမ်ရောက်ရင်တော့ ကျုးလစ်ပန်းကို မမေးသင့်တဲ့အချက်တစ်ချက်ပင် ဖြစ်လေသည် ။ 

တစ်ရွေ့ရွေ့နဲ့ နင်းလာတဲ့ စက်ဘီးပေါ်ကလူသည် ပျော်ရွှင်မူဆိုတာကို အစစ်အမှန် ခံစား‌လိုက်ရတဲ့ လူတစ်ယောက်နဲ့ တူနေလေသည် ။ နူတ်ခမ်းလေးက မပြုံးပေမဲ့ မျက်နှာလေးက ‌ပြုံးယောင်သန်းနေတော့ ဖြတ်သွားတဲ့လူတွေ တွေ့ရင် ဒီလူကို သဘောကျလိမ့်မည်အမှန်ပင်။  စက်ဘီးပေါ်က လူသည်
တစ်ဖက်သို့ ကြည့်နေလေသည် ။ တူးမြောင်းလေးမှာ လှေကလေးတွေသွားနေတာ ညနေစောင်းအချိန်ဆိုတော့ ဘယ်လောက်တောင် လှလိုက်သလဲ? ။ ဟုတ်ပါတယ် ။ သူရောက်နေတာ အမ်စတာဒမ်ပါ ။ နယ်သာလန်နိင်ငံရဲ့ အဓိက အချက်အချာကျတဲ့မြို့ဖြစ်တဲ့ အမ်စတာဒမ်ကို သူရောက်နေချင်သာ ဖြစ် လေသည် ။ နားထဲကို နားကျပ်ထည့်လိုက်မိတော့ သူသည် စက်ဘီးနင်းနေသည်ဆိုတာထက် လေပေါ်လွှင့်နေသလို ခံစားချက်ကို သူရနေလေသည် ။ အမ်စတာဒမ်ကို သူရောက်နေတာ ၂ရက်ရှိပြီး ။ ဒီနေ့တော့ သူအပီအပြင်ကို လည်ဖို့ စဉ်းစားထားလေသည်။ အခုတော့ ကော်ဖီဆိုင် ထိုင်မယ် ။ မိုးချုပ်ရင် barကို သွားပြီး weedဖြစ်ဖြစ် ၊ Skunk ဖြစ်ဖြစ် စမ်းသုံးကြည့်ဖို့အတွက်လည်း သူစဉ်းစားထားသည် ။ ဒါမျိုးကို ဒီလိုနိင်ငံမှာပဲ စမ်းလို့ရတာကို ။

သူသွားချင်တဲ့ ကော်ဖီ‌ဆိုင်ကို ရောက်တော့ စက်ဘီးကိုရပ်လိုက်သည် ။ ပြီးတော့ စက်ဘီးကို ဒေါက်ထောက်ကာ ကော်ဖီဆိုင်ထဲ၀င်ပြီး သူသောက်ချင်တာ စားချင်တာကို မှာလိုက်သည် ။ ညနေစောင်း‌ဆိုပေမဲ့လည်း လူက ပြည့်နေလေသည် ။ ထောင့်နေရာတစ်ခု လွတ်နေ‌တာတွေ့တော့ သူ၀င်ထိုင်လိုက်သည် ။ ပြီးတော့ လက်ထဲ ကိုင်လာတဲ့ စာအုပ်ကို ‌ဖတ်လိုက်မိသည် ။

Love & HurtWhere stories live. Discover now