2

330 70 11
                                    

Hotelကို ရောက်ရောက်ခြင်း ကုတင်ပေါ်မှာ မှောက်ခုံရက်သား ကင်မ်ထယ်ယောင်း အိပ်ချလိုက်သည် ။ သူဘာတွေ လုပ်မိနေတာလဲ ? ။ သူဘာတွေ လုပ်နေတာလဲ ? ။ ဒါတွေလုပ်ဖို့ သူဒီကိုရောက်လာတာလား ? ။

‌ ဖုန်းသံကြောင့်  အင်္ကျီအိတ်ထဲက ဖုန်းကိုထုတ်လိုက်ပြီး

" ပြော .."

" ရောက်ရင် ဖုန်းဆက်လို့ ပြောထားတယ်မလား ..?"

တစ်ဖက်က အသံကြောင့်ကင်မ်ထယ်ယောင်း ဖုန်းပြန်ချလိုက်မိသည် ။ ပြီးတော့ ရေတောင်မချိုးတော့ပဲ အိပ်ပစ်လိုက်သည် ။

သူ့အိမ်မက်ထဲမှာ ကောင်လေးနဲ့အတူ သူပျော်ခဲ့တဲ့ ညက အကြောင်းကို မက်သည် ။ ခပ်ထူထူနူတ်ခမ်းလေးက သူ့ကို ရုန်းမထွက်နိင်အောင် ပထမဦးဆုံး ချီသောကြိုး ။ နူးညံ့တဲ့အသားစိုင်က သူရဲ့ လိုအင်တပ်မက်မူတွေကို အစွန်းဆုံးထိ တွန်းပို့လိုက်သည် ။ တိုး၀င်မူတိုင်းဟာ သူတစ်ခါမှ မရခဲ့ဖူးသော အရာအားလုံးကိုပါ ပိုင်ဆိုင်သွားရသလို ခံစားရသည် ။ သူ့အောက်မှာ မက်မက်မောမောနဲ့ သူ့ရဲ့ လူပ်ရှားမူကို အလိုက်သင့်ဖြစ်အောင် နေပေးတဲ့ ကောင်လေးရဲ့မျက်နှာက သိပ်ကို ချစ်စရာကောင်းသည် ။

ဆက်အိပ်၍ မရတာကြောင့် သူ့အိတ်ထဲကနေ စုတ်တံကို ယူကာ အသင့်ပါလာတဲ့ စာရွက်ပေါ်မှာ ရေးခြစ်လိုက်မိသည် ။ တစ်စုံတစ်ယောက်အပုံကို ဆွဲလိုက် ဖျတ်လိုက်နဲ့ သူ့စိတ်တွေကို ထိုစာရွက်ပေါ်မှာသာ စိတ်နစ်ထားလိုက်မိလေသည် ။

"သား ..အမေတို့ ညကျရင် ပြန်လာမယ် နော် ..ဦးငယ်နဲ့ ကောင်းကောင်းနေ "

ထိုနေ့ညက အမေရော အဖေရော ပြန်မလာခဲ့ကြပါ ။ သူ့အသက် ၃၀ ရှိပြီးဖြစ်တဲ့အထိ ပြန်မလာခဲ့ကြပါ ။ သူကတော့ ဒီအိမ်မှာပဲ ဒီအတိုင်း  စောင့်မျှော်ပါပဲ ဘယ်တော့မှ ပြန်မလာနိင်တော့ဘူးဆိုတာကို သိပေမဲ့လည်းပေါ့  ။ ပြီးတော့ ဒီ၅နစ်လုံးလုံးလည်း တစ်စုံတစ်ယောက်ဆီက ချစ်ခြင်းမေတ္တာကို သူထပ်မျှော်လင့်ခဲ့ပါသေးသည် ။ အခုတော့ တစ်စုံတစ်ယောက်ရဲ့ ‌ချစ်ခြင်းတွေကို သူလိုချင်လား ..မလိုချင်တော့တာလားဆိုတာတောင် သူမသိ
တော့ပါ ။

Love & HurtWhere stories live. Discover now