" ကိုကို နေမကောင်းဘူးလား ?"ကုတင်ပေါ်မှာ ကင်မ်ထယ်ယောင်းတစ်စောင်းအိပ်တော့ သူ့ဘေးနားမှာ ထိုင်ကာ သူ့နှဖူးကို ဟိုစမ်းဒီစမ်းလုပ်နေတဲ့ ကောင်လေးကို ကြည့်နေမိသည် ။
" ကောင်းပါတယ် ..အိပ်မပျော်တာလေးပဲ "
" အဲတာဆို နွားနို့သောက်မလား .. မင်ကျိုပေးမယ်လေ .."
" ရပါတယ် ..ကိုယ့်ကြောင့် အရူပ်မခံနဲ့ "
ဘောင်းဘီက ဒူးအထက်ကို ၀တ်ထားတာမို့ ကင်မ်ထယ်ယောင်းရဲ့ မျက်လုံးရှေ့မှာ ထိုင်နေတဲ့ ကောင်လေးရဲ့ ဖြူဖွေးကာ ကြည်လင်နေတဲ့ပေါင်တံသွယ်သွယ်ထဲက သွေးကြောစိမ်းလေးကိုပါ သူမြင်ရလေသည် ။ ဒူးခေါင်းလေးကလည်း နီရဲနေလေသည်။
" မရူပ်ပါဘူး .. မင်က လုပ်ပေးချင်တာပါနော် ..ကိုကို မင့်ဆီကို လာတာ မင်ဘယ်လောက် ပျော်နေလဲဆိုတာ ကိုကိုသိမှာ မဟုတ်ဘူး "
ကောင်လေးက သူ့လက်ဖျံက အမွှေးတွေကို ဆော့ကစားလာတော့ ကင်မ်ထယ်ယောင်းသူ့လက်နဲ့ ထိုလက်သေးသေးလေးကို ဖမ်းဆုပ်ကာ ကိုင်လိုက်ပြီး
" ဒီပျော်ရွှင်မူက အမှန်တကယ်လို့ မင်းထင်နေတာလား ..? "
" အင်းပေါ့ ..ချစ်ရသူကို ကိုယ့်မျက်စိရှေ့မှာ မြင်တွေ့နေရခြင်းက ပျော်ရွှင်မူပေါ့ ၊ ဒီထက်ကောင်းတဲ့ ပျော်ရွှင်မူ ရှိလို့လား ?"
" အဲလူက မင်းကိုမချစ်ရင်ရော "
ကင်မ်ထယ်ယောင်း သူပြောလိုက်တဲ့ စကားကြောင့် ဂျီမင်တော်တော်လေး ငြိမ်သက်သွားသည် ။
" ဒီအတိုင်း မေးကြည့်တာပါ ၊ ညနေကျရင် စက်ဘီးသွားစီးကြမလား ?"
" အင်း အင်း .."
ခေါင်းကို ချက်ချင်းညိတ်ကာ ပြုံးပြသော ဂျီမင့်ကို ကြည်ရင် ကင်မ်ထယ်ယောင်း ပြုံးလိုက်မိသည်။ သူဒီလို မပြုံးတာ ဘယ်လောက်ကြာပြီးလဲ ? ။ ဒီလိုပြုံးဖို့ အခွင့်အရေးမရှိတာလား ..ဒါမှမဟုတ် သူကိုယ်တိုင်ကြောင့်ပဲ ပျောက်ဆုံးသွားခဲ့တာလား ? ။
" ကိုယ် ခဏလောက် အိပ်အုံးမယ် "
" အိပ်လေ ..ကိုကိုနိုးရင် ဘာစားချင်လဲ ..ခေါက်ဆွဲပြုတ်စားမလား .. မင်ကတော့ ခေါက်ဆွဲပြုတ်ပဲ စားတယ် "