ကင်မ်ထယ်ယောင်းနာရီကို ကြည့်လိုက်မိသည်။ ည၁၀နာရီ ရှိပြီး။ သူလည်း ထမင်းဝိုင်းမှာ ထိုင်နေတာ ၄နာရီနီးပါးလောက်ရှိနေပြီး ဖြစ်သည်။ တစ်ယောက်သော သူကို ညစာစားဖို့ စောင့်နေတာလည်း ဟုတ်သလို ၊ ပြောစရာ စကားတွေ ရှိတာကြောင့်လည်း ဖြစ်သည် ။ နဂိုကတည်းက အပြင်ထွက်ရတာကို မကြိုက်တဲ့လူလည်း ဖြစ်သလို စာရေးဆရာလည်း ဖြစ်နေတော့ ပို၍ အပြင်ထွက်ရခဲ့သည်။ သူ့အမျိုးသားအတွက် နေ့စဉ်ချက်ပြုတ်ပေးတဲ့အလုပ်နဲ့ ၊ စာရေးတဲ့ အလုပ်သာ သူ့အတွက် နေ့စဉ်တာ၀န်တစ်ခုလို ဖြစ်နေလေသည် ။
အိမ်ပြင်မှာ ကားသံကြားလိုက်တော့ သူ့အမျိုးသားပြန်လာပြီး ဆိုတာကို သိလိုက်သည် ။ ထမင်းစာပွဲကို လက်ချောင်းတွေနဲ့ ဒေါက်ဒေါက် အသံထွက်အောင် သူလုပ်နေမိလေသည် ။ သူ့အမျိုးသားက အပြင်မှာ အလုပ်ကိစ္စအတွက် ဘယ်လို ပါတနာတွေနဲ့ တွေ့ခဲ့တွေ့ခဲ့၊ စားခဲ့ စားခဲ့ အိမ်မှာပဲ ညစာကို ပြန်စားတက်သည် ။
" မအိပ်သေးဘူးလား ?"
" ပြောစရာရှိလို့ "
အပေါ်ကုတ်ကို ချွတ်ပြီး ခုံမှာ တင်ကာ နေရာမှာ ၀င်ထိုင်သည်။ ပြီးတော့ တူကိုင်ပြီး
" ပြောလေ .."
သူတို့နစ်ယောက်ကြားက စိမ်းသက်တဲ့ အငွေ့အသက်တွေက ၅နစ်လောက်ကို ရှိပြီးဖြစ်သည် ။ တစ်ယောက်ကိုတစ်ယောက် ရှိတယ်ဆိုပြီးလည်း မသိတော့တဲ့ အနေအထားတစ်ခုထိကို ရောက်နေတာလည်း ဖြစ်သည် ။
" ကွာရှင်းရအောင် .. "
ကင်မ်ထယ်ယောင်းရဲ့ စကားကြောင့် အမဲသားကို လှမ်းယူနေတဲ့လူရဲ့ လက်တွေသည် ရပ်တန့်သွားသည်။ ကင်မ်ထယ်ယောင်းလည်း တစ်ပြိုင်နက်ထဲမှာပဲ သူ့နှလုံးသားတစ်ခုလုံးက ဗလာကျင်းသွားလေသည်။ နစ်ယောက်သား ကြားမှာ တိတ်ဆိတ်မူက တော်တော်ကြာကြာ ကြီးစိုးသွားလေသည် ။
ကင်မ်ထယ်ယောင်း သူ့မျက်နှာချင်းက သူ့အမျိုးသားကို ကြည့်မိလေသည် ။ ပြောစရာတွေ ရှိမနေတော့ပါ ။ တစ်ဖက်လူရဲ့ စကားကိုသာ သူစောင့်နားထောင်နေလေသည် ။