Chapter - 4

1.3K 286 38
                                    

『Unicode』

အခန်း ( ၄ ) : လစ်တော့။

※※※※※※※※※※※※※※※※※※※※



ထိုညက ဝမ်းရန် သူ့အခန်းသို့ပြန်ရောက်သောအခါ ယှဉ်ကြည့်ရန် တံခါးဝမှာ သေချာရပ်ကြည့်လိုက်သေးသည်။

သူ့အိပ်ခန်းက ကုယွင်ချီ​၏အိမ်မှ အဝင်ဟောခန်းလောက်ပင် မကြီးမှန်း အတည်ပြုလိုက်ရသည်။ ကုယွင်ချီ​၏ အကြိုက်အပေါ် အခြေခံ၍ ဒီဇိုင်နာဖြင့် အထူးအလယ် အလှဆင်ထားသော ဗီလာဖြစ်ပေမည်။ စတိုင်က အေးစက်နေသည့်တိုင်သက်တောင့်သက်သာရှိပြီး မည်သည့်လစ်ဟာမှုမရှိအောင် နေရာကို ဖြည့်တင်းထား​၏။

ရေချိုး၍ ၊ ကျောင်းစာကို တစ်နာရီမျှ ပြုလုပ်ပြီးချိန်တွင် ဝမ်းရန် ရေသောက်ဖို့ အောက်ထပ်ဆင်းခဲ့သည်။ ထိုအခါ သူ ချန်ရှု့ဟွေနှင့်ဝမ်းရွေ့တို့အိမ်ပြန်လာသည်နှင့် ပက်ပင်းကြုံလိုက်ရ​၏။ နှစ်ယောက်စလုံးသည် နောက်တစ်ကြိမ် အချင်းပွားထားသော အရိပ်များ ထင်ဟပ်နေလျက်။ ဝမ်းရွေ့က လျှောက်လာပြီး ဝမ်းရန်ကိုတွန်းကာ ရေခွက်ကို ဆွဲယူလိုက်သည်။ဝမ်းရန်လည်း ချန်ရှု့ဟွေ့အတွက် နောက်တစ်ခွက် ထည့်ပေးဖို့ ဆုံးဖြတ်လိုက်​၏။

" ဟိုမှာ ထားခဲ့လိုက် " ချန်ရှု့ဟွေ့သည် ဆိုဖာတွင် ထိုင်လျက် ဖုန်း မက်ဆေ့ချ်များကိုစစ်ကြည့်နေသည်။ဝမ်းရန်လည်းရေခွက်ကို ကော်ဖီစားပွဲပေါ် တင်ပေးလိုက်​၏။ သူ ထွက်သွားမည်အပြု ချန်ရှု့ဟွေက စာရိုက်ရင်း သူ့ကိုမေးလာခဲ့သည် : " ဒီနေ့ ကုယွင်ချီ့အိမ်မှာ ဘယ်လိုလဲ ? "

ဝမ်းရန် : " ကျွန်တော် အများကြီး သင်ခဲ့ရတယ် "

ချန်ရှု့ဟွေက ခေါင်းမော့၍ သူ့ကို ကြည့်လာ​၏။

သူ ရှင်းအောင်ပြောရတော့မည် : " သိပ်တော့ မကောင်းဘူး "

" နင့်ရဲ့ အဲ့ဒီအသက်မပါတဲ့ရုပ်နဲ့ ကောင်းနေမှ ထူးဆန်းနေမှာပေါ့ "

ချန်ရှု့ဟွေက ဝမ်းရွေ့ကိုလည်း တစ်ချက်ကြည့်လိုက်ပြီး သူမဘာသာ စောဒကတက်၍သရော်ဟန်ဖြင့် : " တစ်ယောက်မှကို အသုံးမကျဘူး "

အဆုံးမဲ့ည၌အကျဉ်းကျခြင်း || ဘာသာပြန် ||Where stories live. Discover now