Chapter - 18

1.1K 301 11
                                    

『Unicode』

အခန်း ( ၁၈ ) : ရွှေတြိဂံ​၏ သဘောထားကွဲလွဲသော မြင်ကွင်း။

※※※※※※※※※※※※※※※※※※※※

နေပြန်ကောင်းပြီးသည့်နောက် ဝမ်းရန်သည် တစ်ဦးတည်း ပြင်းပြင်းထန်ထန်စာဆက်လေ့လာခဲ့သော်လည်း ကားဂိတ်ကိုသွားရန် ထိုလမ်းအား လုံးဝအသုံးမပြုတော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် စုန့်ရှုအန်း​၏ နောက်ဆက်တွဲက ပိုပြီး ပြင်းထန်လာသည်။ သူဟာ ဝမ်းရန်ကို တစ်စုံတစ်ရာပြောချင်သည့်အလား ဝမ်းရမ်ကို မကြာခဏကြည့်လာတတ်သည့်တိုင် မပြောပါချေ။ နောက်ဆုံး တစ်နေ့၌ သူ ချီတုံချတုံဖြင့် မေးလာတော့သည် : " ဘယ်လိုလုပ်ပြီး မင်းက သူနဲ့ဖြစ်........ "

စုန့်ရှုအန်းတစ်ယောက် မည်သည်ကို အထင်လွဲနေသလဲနှင့် မည်သည့်အတိုင်းအတာအထိ မှန်းဆထားသလဲ သေချာလှ။ဝမ်းရန်မှာ သူ့ကို အလုံးစုံမပြောပြနိုင်သဖြင့် အကျဉ်းရုံးသာပြောရတော့သည် : " ဇာတ်ကြောင်းရှည်ပါတယ်.... "

" ကောင်းပြီ။ " စုန့်ရှုအန်းမှာ စာနာရိပ်များထင်ဟပ်လာပြီး : " ငါ မင်းကောင်းဖို့ မျှော်လင့်ပါတယ် "

ကိုယ်စိတ်ဆင်းရဲစရာ နောက်ဆုံး စာမေးပွဲပြီး၍ နှစ်ရက်မျှ နားပြီးသည်နှင့် သူတို့ နွေရာသီစခန်းသွင်းသွားရန် အသင့်ဖြစ်နေကြချေပြီ။ ဝမ်းရန်​၏ ခရီးဆောင်အိတ်လေးမှာ သနားစရာကောင်းအောင် သေးငယ်သည့်တိုင် သူ အကုန်ထည့်ပြီးတာတောင် အိတ်​၏ တစ်ဝက်မျှသာ ပြည့်ပါ​၏။ ယင်းသည် သူ တရုတ်ကို ပြန်လာစဉ်က ဤမျှသာ ယူလာခဲ့ကြောင်း အမှတ်ရမိသည် ၊ သူ့ပိုင်ဆိုင်သမျှအားလုံးပင်။

အောက်ထပ်မှ ရုတ်ရုတ်သဲသဲဖြစ်သံတွေကြား၍ ဝမ်းရန် တံခါးဖွင့်ကာ ထွက်ကြည့်လိုက်​၏။ ချန်ရှု့ဟွေ ပြန်လာသည်ပင်။သူမသည် လူမှုဆက်ဆံရေးပွဲတစ်ခုမှ ပြန်လာပြီး အနည်းငယ် ထွေနေသည့်ပုံပေ။ ဝမ်းရန် သူမကို ကူညီရန် အောက်ထပ်ဆင်းလာလိုက်ပြီး အန်တီိဖန်းကတော့ ပျာပျာသလဲနှင့် အမူးပြေဟင်းရည်သွားလုပ်ပေး​သည်။

ချန်ရှု့ဟွေကို အခန်းကူပို့ပေးပြီးနောက် သူမဟာ လက်ကိုင်အိတ်ကိုပစ်ချကာ pajamasလဲရန် အဝတ်လဲခန်းသို့ ထင်သွားသည်။ အိတ်ကို ဆိုဖာပေါ်မှာ ပစ်တင်ခဲ့သဖြင့် ဖုန်းက လျှောကာ ကော်ဇောပေါ်ပြုတ်ကျလာသည်။ ဝမ်းရန် သွားကောက်လိုက်ရာ စခရင်က လော့ပွင့်နေသည်အား တွေ့လိုက်​၏။မက်ဆေ့ခ်ျဘားတန်းတွင် မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။ ပေးပို့သူမှာ မန်နေဂျာလျိုဖြစ်ပြီး မက်ဆေ့ချ်၌ နံပါတ် နှစ်လုံးသာပါသည် : 10 , 3 .

အဆုံးမဲ့ည၌အကျဉ်းကျခြင်း || ဘာသာပြန် ||Where stories live. Discover now