Chapter - 11

1K 261 15
                                    

『Unicode』

အခန်း ( ၁၁ ) : ထူးရှယ်ဆေး အခန်းထဲဝင်လာပြီ။

※※※※※※※※※※※※※※※※※※※※



ကုယွင်ချီသည် ဆေးလိပ်သောက်ထွက်သွားပြီး ပါတီပွဲအလယ်လောက်မှာပဲ ပျောက်သွားသည်။ တစ်ယောက်ယောက်နှင့်အိပ်ရာထဲ ရောက်သွားပြီထင်​၏။ဝမ်းရန် ထောင့်လေးတွင်ရပ်နေမိလျက် ပွဲခန်းထဲရှိ လူပေါင်းစုံကို လိုက်ကြည့်နေမိရင်းအလိုလို စင်္ကြံထံသို့ မျက်လုံးတစ်ချက်ရောက်သွားသည်။ ထိုစဉ် ခဲပုတ်ရောင်Suitဝတ်ထားသော Alpha နှင့် Omegaတစ်ယောက် ရှေ့ဆင့်နောက်ဆင့်ထွက်လာသည်နှင့် ပက်ပင်းကြုံ​၏။Omega​၏ ဆံပင်များမှာ အနည်းငယ်ရှုပ်ပွနေပြီး ပါးတွေရဲနေသည်မှာလည်း သိသိသာသာပေ။

အနှီ Alpha ; ဝမ်းရန်တန့်သွားရသည်။ မှတ်မိတာမှန်လျှင် သူသည် ဝမ်းရွေ့ယခင်က ခေါ်သွားသော ဟူယန်စံအိမ်ညစာစားပွဲ၌ ရှိနေသူများထဲမှ တစ်ယောက်ပင်။ မျိုးရိုး ဝေ့လား ၊ ထန်လား သူ မမှတ်မိတော့။ ဝမ်းရန် အသာလေးခေါင်းပြန်လှည့်ပြီး လန့်နေသည်ကို ချိုးနှိမ်ရန် လိမ္မော်ဖျော်ရည်တစ်ကျိုက်သောက်မိသည်။

လန့်နေသည်ကို မချိုးနှိမ်နိုင်သေး။ Alphaဟာ ဝိုင်တစ်ခွက်ကို ယူကာ တခြားသူများနှင့် အလ္လာပသလ္လာပဖလှယ်ရင်းမျက်လုံးတွေက ထောင့်သို့ရောက်လာ​၏။ ဝမ်းရန် မော့ကြည့်လိုက်သော် တစ်ဖက်လူက သူ့ထံလျှောက်လာခဲ့ပြီပင်။

" ဒါက ဝမ်းရွေ့ရဲ့ ညီလေးလား ? " Alphaသည် ရပ်၍ စားပွဲကိုမှီရင်း ဝမ်းရန်ကိုကြည့်လာ​၏။

သူ့အကြည့်က ဝမ်းရန်အား မသက်မသာဖြစ်စေသည် ; အထူးသဖြင့် တစ်ဖက်လူက ယခုပင် မည်သည်ကိုလုပ်ခဲ့မှန်းစဉ်းစားမိလျှင်ပေါ့။ ဝမ်းရန် အနောက်ယို့သွားပြီး အားတင်းနှုတ်ဆက်လိုက်သည် : " ဦးဦး "

" ယို့ မင်း ငါ့ကို မှတ်မိပုံရသားပဲ " Alphaက သူ့နား တိုးကပ်လာကာ : " ငါကြားတာ ခုတလော မင်း ကုယွင်ချီနဲ့ရင်းနှီးနေတယ်ဆို ? "

​ပေါ်တင် စစ်ဆေးမှုကြောင့် ဝမ်းရန် ခေါင်းခါပြလိုက်​၏ : " ဟင့်အင်း "

အဆုံးမဲ့ည၌အကျဉ်းကျခြင်း || ဘာသာပြန် ||Where stories live. Discover now