Part_1

7 0 0
                                    

Unicode

မှောင်မှက်နေသောညတစ်ည၀ယ်ကောင်းကင်ပေါ်မှထွန်းလင်းတောက်ပနေသောကြယ်လေးတွေကိုမမြင်နိုင်အောင်တိမ်မဲတို့ကဖုံးကွယ်ထားလျက်....

"ဂျိန်းးးးဂျုန်းး"

မိုးချိန်းသံတို့သည်လဲမှောင်မဲခြင်းအတိဖြစ်နေသောကောင်းကင််နှင့်အပြိုင် အကြည်းတန်စွာထွက်ပေါ်နေသည်။မိုးများအုပ်မှိုင်းနေပုံကား မကြာခင်မိုးရွာတော့မည်ဖြစ်ကြောင်းကြေငြာနေသလို...

ပြတင်းပေါက်ဘေးတွင်ရှိသောစာကြည့််စာပွဲခုံလေးပေါ်မှ နာရီလေးသည်12နာရီအတိကိုညွှန်ပြနေသည်။မှောင်မဲနေသည့်ထိုအခန်းလေး၏ကုတင်ပေါ်တွင်ကောင်လေးတစ်ယောက်အိပ်ဆက််နေပြီး ထိုကောင်လေးမှာ ကြောက်လန့်ဖွယ်အိမ်မက်ဆိုးတစ်ခုကိုမက်နေ သရောင်။ခန္ဓာကိုယ်တစ်ခုလုံးက အဖြူရောင်အိပ်ရာခင်းလေးပါ်တွင်လူးလိမ့်နေပြီးးနဖူးထက်တွင်ချွေးများဆို့နေသောကြောင့်...ကြည့်လိုက်သည်နှင့်အိပ်မက်ဆိုးတစ်ခုကိုမက်နေကြောင်းသိနိုင်သည်။အော်....ဘယ်လိုအိမ်မက်ဆိုးမလို့ပါလိမ့်....

"တော်ပါတော့....မကြားပါရစေနဲ့တော့...ကျွန်တော်တောင်းပန်ပါတယ်.."

ထိုကောင်လေး၏ဖိမှိတ်ထားသောမျက်၀န်းမှမျက်ရည်ကြည်များစိမ့်ထွက်နေကာ လက်အုပ်ချီလျက် တစ်ခုခုကို တောင်ပန်နေသလို....။ထိုကောင်လေး၏နှုတ်ခမ်းမှာလဲတုန်ရီနေကာ တစ်ခုခုကိုတားမြစ်နေသည်ထင်..

"Dee...Dee...Dee.."

"အားးးး"

ထိုကောင်းလေးသည်အိပ်ယာမှလန့်နိုးလာကာ ချက်ချင်းဆိုသလိုထထိုင်ပြီးခြေထောက်နှစ်ခြောင်းလုံးကိုလက်ဖြင့်ပိုက်ကာ တစ်ခုခုကိုစိုးရိမ်ထိတ်လန့်နေသောမျက်၀န်းဖြင့်အိပ်ခန်းအနှံ့ကိုကြည့်ရှုူနေသည်။ထို့နောက်ဘာမှမရှိသောအခန်းကိုကြည့်ကာစိတ်လျှော့လိုက်သည်ထင်၏ခြေထောက်ပိုက်ထားသောလက်ကိုတစ်ဖြည်းဖြည်းနှင့်လျှော့ချလာ၏။ထို့နောက်အသက်ကိုပုံမှန်ရှူသွင်းရှူထုတ်လုပ်ကာအသက်ရှူသံကိုမှန်အောင်ကြိုးပမ်းနေဟန်။

ခန့်ထို့နောက်စာပွဲပေါ်တွင်တင်ထားသောသောဖုန်းအားယူကြည့်လိုက်သည်။3ခါတောင်ခေါ်ထားသည်ပဲ။ ခန့်ဖုန်းအားပြန်ခေါ်လိုက်သည်။ ၂စက္ကန့်မျှအကြာဖုန်းတွင်တစ်ဖက်မှအသံကိုကြားရသည်။သို့သော်.....

The Ending.... [Ongoing]Where stories live. Discover now