Part_3

0 0 0
                                    

Unicode

"ပြန်လာသေးတာလား"

ခန့်သူငယ်ချင်းများနှင့်ခန့်ဆော့ပြီးပြန်လာချိန်မှာ ည၁၀ထိုးနေပြီဖြစ်၏။ပထမ ကခန့်၈နာရီခွဲရင်ပြန်မယ်လို့တွေးမယ့် နှင်းခတ်သွယ် တို့ကပြန်မလွှတ်တာကြောင့်..ခန့်လဲအားနာပါးနာနဲ့နေခဲ့ရသည်။...ပိုင်ပိုင်၈နာရီ ခွဲထဲကပြန်သွာကြောင့်..ခန့်စော့ဖို့စိတ်မပါပင်မဲ့...ခန့်ပြန်ဖို့ခွင့်မသာခဲ့....ဒီလိုနဲ့ တကယ့်အိမ်ပြန်ချိန်ရောက်တော့ ည၉နာရီ၂၀မှအိမ်ပြန်ရလေသည်..။ အိမ်ပြန်ရောက်တော့ည၁၀ ပင်ထိုးတော့မည်...။

ပြန်ရောက်ရောက်ခြင်းပါပဲ...ဧည်ခန့်းထဲကဖေဖေအသံက ဟိန်ခနဲ..။ရုတ်တရပ်မို့...ခန့်ကိုယ်တောင်
တုန်တက်သွားရ၏။ ဖေဖေ က ခန့်ကိုနိုင်သည်လေ...ငယ်ငယ်လေးထဲကဖေဖေအသံကြားသည်နှင့် ခန့်မှာနေစရာ နေရာ မရှိလောက်အောင်ကိုကြောက်ခဲ့ရတာဖြစ်၏။အခုထိလဲဖေဖေကိုကြောက်နေဆဲပါပဲ..။

"ကျွန်တော်နောက်ကျ.."

"မင်းဘယ်သွားနေလဲ!!"

ခန့်စကားသံမဆုံးခင်မှာပဲမာထန်နေသောအသံဖြင့်မေးလာသောဖေဖေကြောင့်...ခန့်မှာအသံတွေတုန်ကာ...ခြေဖြားလက်ဖြားတွေအေးဆက်လာရသည်။

"ကျွန်တော်..."

"ခွပ်!!!"

ဖေဖေဆီမှအားပြင်းသည့်ထိုးချက်ကြောင့် ခန့်ခြေလှန်းတို့မှာအနောက်သို့အနည်းငယ်ရိုင်သွားတာကြောင့် ခန့်ကိုယ်ခေလြှမ်ကိုပြန်ပြန်တမ်းပြီး...၀မ်းနည်းမှုများစို့နစ်နေသည့်မျက်၀န်းများဖြင့်ဖေဖေအားကြည့်လိုက်မိသည်...၊ခန့်အတွက် ဒါကပထမဆုံးအကြိမ်တော့မဟုတ်ပေမယ်...၀မ်းနည်းရပါသေးသည်...

"ဟူး...မင်းလို နားခံ မပါတဲ့ကောင်ကိုပြောနေလဲ ငါမောတာပဲအဖတ်တင်လိမ့်မယ်...၊မင်းဒီနေကစပြီးသွားချင်တဲ့နေရာသွားတော့...ငါဘာမှမပြောတော့ဘူး...၊အေး...ဒါပေမယ်မင်းမြဲမြဲမှတ်ထားရမှာက..မင်းကလူသတ်ကောင်ဆိုတာပဲ..."

ပြောချင်ရာပြောပြီး အိမ်ပေါ်သို့ ၀ုန်းဒိုင်းကြဲတက်သွားသည့်ဖေဖေ​ကျောပြင်ကိုကြည့်ကာ...ခန့် ရင်ထဲမှနာကျင်မှုကာတစ်ဆ
တစ်ဆပို၍ကြီးထွားလာရသည်..။ သား ကိုဒီလောက်တောင်မုန်းနေရင် ဘာလို့ကျွန်တော့်ကိုမွေးခဲ့သေးတာလဲဖေဖေရယ်...။

The Ending.... [Ongoing]Where stories live. Discover now