"ကျလိ...ကျိ..ကျိ"
သာယာလှပသောမနက်ခင်းတစ်ခုသည်...ငှက်ကလေးများ၏တေးသံသာများနှင့်သာယာနာပျော်ဖွယ်အတိပင်...။
ပြတင်းပေါက်ကိုဖြတ်ကျော်ကာအခန်းတွင်းသို့အလုအရက် ၀င်လာသည့်လေညှင်းလေးများကြောင့် ခန်းစီးပါ၀ါအဖြူလေးမှာအခန်းအတွင်းသို့တစ်လွင့်လွင့်နှင့်...။"တိ...တိ...တိ"
"အဟင်းးးးး"
ခန့်အပျင်းဆန့်ကာအိပ်ယာမှထလိုက်ပြီးနိုးစက်ကိုပိတ်လိုက် သည်။မနက် 6:30 .....။ခန့်အိပ်ယာပေါ်မှထကာရေချိုးမျက်နှာသစ်ရန်အတွက်ရေချိုးခန့်အတွင်းသို့၀င်သွားလိုက်သည်။
............
"တောက်....တောက်...တောက်.."
ရေဗန်းပေါ်မှဆင်းသက်လာသောရေစက်များသည်...ခန့်၏ခန္ဓာကိုယ်ပေါ်သို့ မနာလို ချင်စရာဆင်းသက်နေ၏။ ရေစက်ကလေးများသည်...ခန့်၏ရင်အုပ်ကားကားပေါ်မှတစ်ဆင့် အမြောင်းလိုက်ထင်နေအောင်ပေါ်နေသော ကြွက်သားခြောက်ခုပေါ်သို့ဆင်းသက်နေ၍ထိုမှတစ်ဆင့်.......
ခန့်ရေချိုးခန်းနရံပေါ်ကိုလက်ထောက်လိုက်ကာ...ထိုးကိုက်နေသောခေါင်းကို သုံးချက်လောက်ခါလိုက်ပြီး...ရေဗန်းအားပိတ်ကာထွက်လာလိုက်သည်..။
.........
ထီး၀ါလေး....ခန့်ပြုံးလိုက်ပြီးထီး၀ါလေးရှိရာစာကြည့်စားပွဲခုံပေါ်သို့ဦးတည်လိုက်ပြီးးးထီးအ၀ါရောင်လေးအားပွတ်သပ်လိုက်သည်....။
"တကယ်ပဲ....မင်းကဘယ်သူလဲကွာ..."
ခန့်၏အတွေးအာရုံအစုံတို့အားဖမ်းစားသွားသောထိုကောင်လေး...အခွင့်များသာရင်..နောက်တစ်ခေါက်ဆုံချင်မိပါရဲ့...
မြင်မြင်ချင်းအချစ်....လူတစ်ယောက်ကိုချစ်မိဖို့အချိန်ဘယ်လောက်ကြာပါသလဲလေ....
လူတစ်ယောက်ကိုချစ်မိဖို့အချိန်ဘယ်လောက်လိုလဲဆိုတာကျွန်တော်မသိဘူး...ဒါပေမယ့်..ကျွန်တော်လူတစ်ယောက်ကိုစက္ကန့်လေးအနည်းငယ်အတွင်းမှာပင်ချစ်မိသွားသည်တဲ့လေ........
.........................
ခန့်အိမ်အောက်ကိုဆင်းလာလိုက်ပြီးကျောင်းသွားရန်အကုန်ပြင်ဆင်ပြီးပြီမို့ မနက်စာစားရန် ထမင်းစားခန်းအတွင်းသို့၀င်လာလိုက်သည်...။
၀င်၀င်ချင်းမှာပင်....ထိုင်ခုံတွင့်အေးအေးဆေးဆေးထိုင်ကာ မနက်စာစားနေသည့်ဖေဖေကြောင့်...
YOU ARE READING
The Ending.... [Ongoing]
Fanfictionမင်းတစ်ယောက်ထဲကိုသာမြတ်နိုးတာပါ...အသက်ရယ်...မောင့်ကိုယုံပါကွယ်