Chapter 52

695 141 7
                                    

Chapter 52
ငါလေ....ကိစ္စရှိလို့လား

ယွီနျန်က အေပရွန်ပြန့်ပြန့်လေးကို ချွတ်လိုက်ရင်း ချိတ်ထားလိုက်သည်။ ထို့နောက် ဘေးတွင်ထိုင်နေသော ရှန်းဝေ့ကို ကြည့်လိုက်ရင်း စကားဆိုသည် " ဦးလေးရှန်း...လာပြီးသုံးဆောင်ပါဦး....ကျွန်တော့် စွပ်ပြုတ်ဘယ်လိုနေလဲဆိုတာ...."

ရှန်းဝေ့က လက်နောက်ပစ်ရင်း လျှောက်လာပြီး ပန်းကန်တစ်ဝက်စာခန့် မြည်းစမ်းကြည့်သည်။ ထို့နောက် တစ်ချက်ပြုံးလိုက်ပြီး ဖြေလာသည်

" အရသာရှိတယ်"
သူက စွပ်ပြုတ်ပန်းကန်ကို ချလိုက်ရင်း သက်ပြင်းထပ်ချသည်

" သခင်လေးကို ခွင့်မပြုလိုက်သင့်...."

ယွီနျန်က သူပြောတော့မည့်စကားကို သိလိုက်၍ အပြုံးလေးနှင့်ပြန်ဖြေလာသည်

" ကျွန်တော့ကို ချက်ခွင့်မပေးလိုက်သင့်ဘူး မို့လား"

ရှန်းဝေ့က ခေါင်းညိမ့်ပြသည်
" သခင်ကြီးနဲ့ သခင်မကြီးသာသိရင် ဘယ်လောက်ဝမ်းနည်းသွားလိမ့်မလဲ"

ယွီနျန်က စွပ်ပြုတ်ဟင်းရည်ကို ကြွေပန်းကန်ဖြူဖြူလေးနှစ်ခုထဲ ထည့်လိုက်သည်။ သူက ကြီးသူတို့ပြောစကားကို ငြင်းဆိုလေ့မရှိ၍ မျက်လုံးစောင်းလိုက်ရင်း ဖြေလိုက်သည်

" ဒါပေမယ့် ဦးလေးရှန်း ...အနာဂတ်မှာလည်း ကျွန်တော်သဘောကျတဲ့သူအတွက် အရသာရှိတဲ့အစားအစာတွေ ချက်ပေးနိုင်မယ်လို့မျှော်လင့်မိတယ်"

 ရှန်းဝေ့က သဘောကျသည့်သူဆိုသည့် စကားကြားလိုက်၍ ချက်ချင်းစကားရပ်လိုက်ပြီး အနားသွားကာ တိုးတိုးကပ်ပြောလိုက်သည်

" သခင်မလေးယွီချင်းပြောတာ အမှန်ပဲလား...သခင်လေးမှာ တကယ်ပဲ သဘောကျတဲ့သူရှိနေတာလား"

"အာ..." ယွီနျန်လက်ထဲရှိဇွန်းက မြေပေါ်ကျသွားလုနီးနီးဖြစ်သွားပြီး ကူကယ်ရာမဲ့ဟန်ဖြေလာသည်

" အစ်မက ဘာတွေများပြောလိုက်လို့လဲ"

ရှန်းဝေ့က မျက်နှာအရေးအကြောင်းများ တွန့်သွားသည်ထိ ပြုံးလိုက်ရင်း နူးနူးညံ့ညံ့လေသံနှင့်ဆိုလာသည်

ကျွန်တော်က ဆင်းရဲတယ်လို့ ကြားမိတယ်Where stories live. Discover now