"ဟဲ့ကြားပြီးကြပြီလား""ဘာကိုလဲမအေးပုံရဲ့ တော့်စကားကအရင်းမရှိအဖျားမရှိ"
"အေးလေ"
"ဟယ် ဟိုဘက်ရွာကရပ်ကျော်လူမိုက်က ဒို့ရွာကိုပြောင်းလာပြီတဲ့တော်"
"ကျုပ်လည်းအဲ့တာကိုကြားတယ်တော့ တကယ်သာဆိုလို့ကတော့ရွာမှာပွဲတွေစည်နေအုံးမှာပဲတော် ရွာကလူမိုက်တွေအကြောင်းလည်းသိရက်သားနဲ့"
အရိပ်ရနေတဲ့ ရွာလယ်လမ်းဘေးမန်းကျည်းပင်ရိပ်ထိုင်ရင်း မြေပဲခွာရင်းအတင်းတုပ်နေတဲ့အပျိုတစ်စု။
"အဲ့တာကိုပြောတာ ကျုပ်ကတော့ကျန်တာမကြောက်ပေါင် ရွာထဲကအချောအလှလေးတွေကိုသရမ်းမှာသာကြောက်တာ"
"အဲ့လိုတော့မကြားမိဘူးတော်ရေ လူဆိုးလူမိုက်ပေမယ့် သဘောကျတဲ့သူရှိပြီးသားတဲ့ ကျန်တဲ့မိန်းမများရှိတယ်တောင်မထင်ပေါင်တဲ့တော်"
"ဘယ်မိန်းကလေးကံဆိုးအုံးမယ်မသိပါဘူး"
"ဒါပေမယ့် ပြောလို့သာပြောတာတော့် သူပိုင်တဲ့လယ်ကွက်တွေမှအများကြီးဘဲ သူနဲ့ရလို့ကတော့ထိုင်စားနေရုံပဲ"
"ထိုင်စားနေတာနောက်ထားအုံး သူ့ဒေါသနဲ့ထောင်ထွက်မယားဖြစ်မလား မုဆိုးမဖြစ်မလားအရင် ဒေါသကကြီးကကြီးနဲ့အေ"
"အဲ့တာတော့ဟုတ်တယ်တော့်"
"မအေးပုံတို့မမာချိုတို့ဘာတွေပြောနေကြတာတုန်းဗျ"
"ဟယ် သောင်ပြင် ဘယ်ကပြန်လာတာတုန်း"
ဆေးအိတ်လေးလက်ကကိုင်ကာဖြတ်လျှောက်လာတဲ့တစ်ယောက်သောသူကြောင့် အားလုံးအကြည့်တွေဝင်းလက်ကုန်လေသည်။
ရှပ်လက်တိုအဖြူအပြာကွက်ကို ပုဆိုးနက်ပြာရောင်ကွက်စိပ်နှင့်တွဲဖက်ကာသေသေသပ်သပ်ဝတ်ဆင်ထားပြီး ကတ္တီပါဖိနပ်အနက်ရောင်စီးထားတဲ့အမျိုးသားက ရွာရဲ့တစ်ဦးတည်းသောဆေးမှူးလေး သဲသောင်ပြင်။
"ရွာအနောက်ပိုင်းကဦးချိုကြီးဆီသွားကြည့်ပေးတာ အတက်စာတွေစားပြီးသွေးတိုးနေ တာဗျ"
"ဟုတ်လား ဦးချိုကြီးနဲ့လည်းခက်ပါတယ် ကိုယ့်ရောဂါနဲ့ကိုယ်ဘယ်တော့မှအစားမရှောင်ဘူး သောင်ပြင်အမြဲသွားကြည့်နေရတာ သူ့သမီးမြဝတ်မှုန်နဲ့တောင်အခြေကျတော့မယ်"
YOU ARE READING
အစားထိုးသည်မှအစပြု၍( Completed)