အပိုင်း ၅

20.3K 844 28
                                    


"ထွီ...ပုဆိုးခြုံထဲကလက်သီးပုန်းပြ ဝါးလုံးခေါင်းထဲပဲလသာရဲတဲ့ကောင် ဘာလဲမင်းနေလာတဲ့ရွာ အဖော်တွေပါတယ်ဆိုတဲ့သဘောနဲ့ငါ့ကိုလာစိန်ခေါ်တယ်ပေါ့ တယ်လဲရယ်ရပါလားကွ"

"ဟေ့ကောင် ထွန်းနိုင်ဆိုတဲ့ငါကလူသတ်ရဲလို့တောင်ထဲကနေတောင်ထွက်လာတဲ့ကောင်ကွ မင်းလိုအချုပ်ထဲကနေပဲပြန်လာခဲ့တဲ့ကောင်မဟုတ်ဘူး"

"အို့ဟို...ရာထူးပိုမြင့်လို့လေးစားပေးရမယ်ပေါ့"

"သောက်စကားမများနဲ့ ခုချက်ချင်းအကြွေးစားရင်းရှင်းမယ်"

"အချိန်မရွေးလာခဲ့ဟိတ်ကောင်"

လုံးထွေးသွားတဲ့လူနှစ်ယောက်ကြောင့် ပတ်ဝန်းကျင်ကဖုန်လုံးကြီးလှိမ့်တက်လာလေသည်။ခန္ဓာကိုယ်ချင်းကွာခြားသည့်အပြင် အရပ်အမောင်းပါပိုသာသော ကမ်းရိုးတန်းက သုံးချက်လောက်နှင့်အလဲသိပ်ပစ်လိုက်တော့ ဘေးကသူ့အဖော်တွေပါဝင်ပါလာလေသည်။

အများနှင့်တစ်ယောက်ဖြစ်သည့်အပြင် တုတ်တွေပါလာခြင်းကြောင့်သူလည်းမသက်သာလှ။နာကျင်မှုတွေကိုအရေထူနေသဖြင့်သာ နဖူးစောင်းထက်သွေးစီးကြောင်းကိုလျစ်လျူရှူရင်း မဲမဲမြင်အကုန်ဆော်ပစ်သည်။

ဝတ်ထားတဲ့ပုဆိုးခပ်တိုတိုကတင်းတင်းရင်းရင်းမို့ကျွတ်မကျသော်လည်း ခါးထိလိပ်တက်ခမန်း။ဟိုအဖွဲ့ကတော့ပုဆိုးကျွတ်သူကျွတ် ပုဆိုးပြဲသူကပြဲနှင့် မိန်းမသားတွေရှိရင်မကြည့်ဝံ့စရာမြင်ကွင်း။

"ဟိုကောင်တွေအဲ့တာဘာလုပ်နေတာလဲ ခုချက်ချင်းလူစုခွဲစမ်း"

ရွာလူကြီးနှင့်နောက်လိုက်နှစ်ယောက်ဖြစ်တဲ့ ကြွက်နီနှင့်သံဒိုးတို့နှစ်ယောက်ရောက်လာကာ ရှိသမျှလူအကုန်လူစုခွဲလေသည်။ရွာလမ်းမကြီးမှာဖြစ်နေတာမို့ နဂိုရပ်ကြည့်နေသည့်လူတွေလည်းရှိပေရာ ခဏအတွင်းလူစုကွဲသွားလေသည်။

"အကုန်ငါ့အိမ်ကိုခေါ်ခဲ့ ထိပ်တုံးခတ်မယ်"

သူကြီးကပြောရင်းလှည့်ထွက်သွားလေရာ နောက်မှလူတွေကိုတွဲခေါ်ပြီးသူကြီးနောက်လိုက်ဖို့ပြင်ရသည်။ကမ်းရိုးတန်းကိုတော့ဘယ်သူမှမခေါ်ရဲ။နံဘေးနားကုပ်ကုပ်လေးရပ်ကာ ဆွဲခေါ်ရနိုးမခေါ်ရနိုးဖြစ်နေသူကိုထားခဲ့ပြီးသူကိုယ်တိုင်သူကြီးနောက်လိုက်သည်။

အစားထိုးသည်မှအစပြု၍( Completed)Where stories live. Discover now