"အရီးရေအရီး သောင်ပြင်ရှိလား"ခြံထဲအသံပေးကာဝင်လာတော့ ကွပ်ပျစ်ထက်ထိုင်နေတဲ့ဦးကြီးနဲ့အရီးကငေးတိငိုင်တိုင်။ခေါ်သံကိုလည်းမကြား လူဝင်လာတာကိုလည်းမသိနှင့် ဘာတွေကိုတွေးပူနေသလဲမသိ။
"ဦးကြီးဘာဖြစ်နေတာတုန်းတော့်"
ကွပ်ပျစ်ထက်ဝင်ထိုင်ရင်းမျက်နှာချင်းဆိုင်ပြီးမှ အရီးသဲပွင့်ငိုထားမှန်းသိရသည်။
"အရီးဘာလို့ငိုထားတာတုန်း မသဲနုကိုလွမ်းလို့လား သောင်ပြင်ကရောဘယ်သွားတာတုန်း"
အိမ်ထဲဘက်ဆီကြည့်တော့လည်းမတွေ့ ထိတ်ကနဲဖြစ်သွားမိတာကမနေ့ညကကြားခဲ့ရတဲ့သတင်းကြောင့်။နားကြားမှားတယ်ထင်ခဲ့သမျှတကယ်များဖြစ်နေမလားဆိုတဲ့စိတ်နှင့်လက်ဖျားတွေပါအေးစက်လာသည်။
"သမီးဝတ်မှုန် အငယ်ကောင်လေ အငယ်ကောင်ရယ် အီးးးးဟီးးးး"
ပုခုံးထက်မှီလာပြီးရှိုက်ငိုလိုက်တာမို့ ဝတ်မှုန်ခြေမကိုင်မိလက်မကိုင်မိ။တကယ်ပဲ့ခိုးရာလိုက်သွားတာလား ဆိုသည့်အတွေးနှင့်ခေါင်းတွေထူပူသွားရသည်။
"သောင်ပြင်ဘာဖြစ်လို့လဲအရီးလေးဟင် သောင်ပြင်ဘာဖြစ်တာလဲ"
"ဗျိုးဦးကြီးထွန်း သူကြီးကခေါ်ခိုင်းလိုက်လို့ဗျ ဦးကြီးသားနဲ့ကမ်းရိုးတန်းသူကြီးအိမ်ရောက်နေတယ်တဲ့"
ခြံဝမှကြွက်နီအသံကြားတော့အရီးလေးကပျာကယာထရပ်သေည်။။
"အငယ်ကောင်ရောက်နေတာလား သွားမယ်"
"ဖြည်းဖြည်းအရီးလေး"
ဖိနပ်တွေပင်ဘယ်ညာမှားကာအပြေးလေးထွက်သွားတာမို့ နောက်ကထိန်းထားပေးရသည်။
"ဖြည်းဖြည်းသွားပါကွာ ချော်လဲပါ့မယ်ဟ"
ပြောသာပြောတာဦးကြီးထွန်းကိုယ်တိုင်လည်း ခြေလှမ်းတွေကမပြေးရုံတမယ်။
သူကြီးအိမ်ရောက်တော့ အိမ်ရှေ့စားပွဲမှာထိုင်နေတဲ့ သူကြီးနှင့်အတူ ဟိုအကောင်နှင့်သားငယ်ကိုတွေ့ရလေသည်။
ဟိုအကောင်မျက်နှာကထီမထင်အပြုံးနှင့်သားငယ်ကတော့မျက်နှာလေးအောက်ငုံ့ကာခပ်ကုတ်ကုတ်ကလေးသာ။
YOU ARE READING
အစားထိုးသည်မှအစပြု၍( Completed)