"နွေမိန်တပေါင်း...နေရှိန်လောင်း...ရွက်ဟောင်းကြွေကျမြေခခဲ့ပြီကွယ်...လေရူးသုန်သုန်မြူမှုန်လွင့်ပါး....ကစားပြန့်ပြူးရာသီဦးဝယ်...ကြည်နူးစရာတို့ရွာဖျားဝယ် ကြီးမားပင်စည်... ပွင့်နီလက်ပံ..ဝဲပျံမြေပေါ်...လျောင်းစက်ပျော်တယ်..."
ရွာထဲမှဓာတ်စက်သံနှင့်အညီ နှုတ်မှခပ်ဖွဖွလေးလိုက်ညည်းရင်း အမှတ်တရဟောင်းတစ်ခုကြောင့် နှုတ်ခမ်းဖျားတွေကွေးတက်သွားရသည်။
ဘေးကိုလှည့်ကြည့်တော့ လက်ပံပင်ရိပ်ထိုင်ကာလက်ထဲလက်ပံပွင့်တစ်ပွင့်ကိုင်ထားရင်း ကိုယ်ဆိုညည်းတဲ့တေးသွားကို မျက်လုံးမှာအပြုံးရိပ်တွေနဲ့ငေးနေတာကသူ။
"အခုမှဘာတွေလာပြုံးပြနေတာလဲ အရင်တုန်းကဖြင့်အသံဆိုးနဲ့မိုးမလင်းခင်နားဒုက္ခပေးပါတယ်ဆို"
"အရက်သမားစကားကမယုံရဘူးလေအသဲရယ်"
"အပိုတွေ"
"တကယ် အဲ့နေ့မနက်ကသီချင်းသံလေးကြားပြီးကိုယ့်နှလုံးသားတွေလေနောက်ပါသွားသေးတယ် မာနတွေခံနေလို့သာ"
"ဘာမာနလဲ"
"ယောကျ်ားလေးတစ်ယောက်ကိုရင်ခုန်နေမိတယ်ဆိုတဲ့ လူမိုက်တစ်ယောက်ရဲ့မာနလေ"
"အခုအဲ့မာနတွေရော"
"မိုးရာသီမိုးရေတွေနဲ့ပါသွားပြီ လူမိုက်တွေကမိုက်ရဲသလိုအမှန်တရားကိုလည်းလက်ခံရဲတယ်လေ ချစ်မိပြီဆိုမှတော့ချစ်လိုက်တာပေါ့ မိန်းကလေးပဲဖြစ်ဖြစ် အမျိုးသားလေးပဲဖြစ်ဖြစ်"
"စကားကတော့တတ်တယ်နော် ဒါတောင်ရည်းစားမထားဖူးလို့သာဘဲ ယုံရခက်ခက်ရယ်"
"ယုံလို့ရပါတယ်ကွာ ကိုယ့်နှလုံးသားထဲဝင်ပြီးရှာဖွေကြည့် မင်းခြေရာတွေချည်းပဲ ကိုယ့်နှလုံးသားကကန့်သန့်ထားတဲ့နယ်မြေတစ်ခုပါ လက်မှတ်ဖြတ်ပြီးလူတိုင်းဝင်ကြည့်လို့ရတဲ့ ရန်ကုန်မြို့ကတိရိစ္ဆာန်မှမဟုတ်တာ"
"အဲ့အပြောတွေကြောင့်မယုံရတာလေ ဘယ်အချစ်ဝတ္ထုတွေသွားခိုးဖတ်ထားလဲမသိဘူး"
"ဝတ္ထုထဲကစာသားတွေကျက်ပြောရလောက်အောင်အထိကိုယ်ကဥာဏ်မတိမ်သေးပါဘူးကွာ အသဲယောကျ်ားက..."
YOU ARE READING
အစားထိုးသည်မှအစပြု၍( Completed)