Chapter 1 The Wind Rises

397 24 0
                                    

အေးစက်စက်တိုက်ခတ်နေတဲ့ ‌မြောက်လေဟာ ဆောင်းရာသီရဲ့ နေ့ရက်တွေကို ပိုမိုဆိုးရွားစေခဲ့တယ်။

မြို့တော် လျန်ကျို့ ဟာလည်း သေဆုံးခြင်း ပြရုပ်ကဲ့သို့ တိတ်ဆိတ်လွန်းနေတယ်။
ခိုင်းနှိုင်းစရာ မလိုအောင်တောင်ပါပဲလေ။
လျန်ကျို့ မြို့တော်ဟာ ယခုချိန်မှာ အလောင်းတွေဟာလည်းအထပ်လိုက် သွေးတွေဟာလည်း မခြောက်သွေ့ရအောင် စီးဆင်းနေတာဖြစ်လို့ တစ်မြို့လုံးရဲ့လေထုဟာလည်း သွေးနံ့‌‌သာဖုံးလွှမ်းနေတယ်။

ရုတ်တရက်ကြည့်မယ်ဆိုရင် မြို့ဟာ အလောင်းတွေအပြည့်နဲ့ ဧရာမသုသာန်လိုဖြစ်‌ နေပြီးနားထဲမှာလည်း ‌ခြောက်ခြားဖွယ် အသက်ရှုသံတွေက လေတိုက်သလို ခပ်ကြမ်းကြမ်းကြားနေရတယ်။
ခပ်ဝေးဝေးကနေ ပြန်လာတဲ့ကျီးကန်တစ်ကောင်ဟာ တိတ်ဆိတ်နေတဲ့လေထုကို ဖြိုခွင်းလိုက်ပြီး တစ်နေရာပေါ် နားလိုက်တယ်။ဒုတိယတစ်ကောင်... နောက် တတိယ ‌..နောက် လေးကောင်‌ မြောက် ..တ ဖြည်းဖြည်းများလာလိုက်တာ မြို့ရဲ့ကောင်းကင်တစ်ခုလုံးကော..လမ်းကြိုလမ်းကြားပါ မကျန် အုံဖွဲ့လာပြီး အလောင်းတွေမှန်သမျှ ကိုက်ဖြတ်စားသောက်နေကြတယ်။

မကြာခင်မှာပဲ ချဉ်းကပ်လာတဲ့ ‌ခြေအစုံဟာ ကျီးကန်းတွေကြားမှာထွက်ပေါ်လာတယ်။ သွေးတွေပေကျံနေတဲ့ ဇီးရောင်ခပ်‌ဖျော့ဖျော့ ‌ဖိနပ်ဟာ လျန်ကျို့မြို့ရဲ့လမ်းမပေါ် မှာလျှောက်လှမ်းလာခဲ့တယ်။

လရောင်လို ဖြူလွင်တဲ့ ဝတ်စုံနဲ့ ခနက‌ခြေလှမ်းပိုင်ရှင်က အလွန်ဆုံးရှိမှ ဆယ့်ခွန် ဆယ်ရှစ်ခန့် မိန်းမပျိုလေးသာဖြစ်တယ်။သူမပုံစံဟာ သွေးရောင်ရေကန်အလည်မှာ ပွင့်လန်းနေတယ့် ကြာပန်းဖြူလေးတစ်ပွင့်ပုံစံဖြစ်နေတယ်။

သူမဟာကျောက်စိမ်းဆွဲသီးလေးကို လက်ညိုးမှာလှည့်ကစားနေပုံက ‌အ‌တော်လေးကို အေးဆေးနိုင်လွန်းတယ်။ကျောက်စိမ်းဆွဲသီး‌ လေးကလည်း အဆက်မပြတ် လည်‌နေရင်းက အပြာဖျော့ဖျော့ အရောင်များ ထုတ်လွှင့်လျက်ရှိနေတယ်။

'ကြည့်ရတာတော့.. အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုတစ်ခု ဖြစ်သွားပုံရတယ်'
ကောင်မလေးက ပုံမှန်မဟုတ်တဲ့ အေးဆေးသော လေသံဖြင့် ပြောလိုက်တယ်။

Carrying A Lantern In A DaylightWhere stories live. Discover now