Chapter 14 Pearl

26 6 0
                                    


သူ့အသံသည် ပျော့ပျောင်းပြီး အသက်ရှုသံနှင့်အတူ သူမ၏စိတ်ဝိညာဉ်ကို ဖြတ်သန်းလွင့်ပျံသွားသလိုမျိုး။

ထို "ဟယ့်ကလေး" ဆိုတဲ့ ခေါ်သံဟာဟယ့်စစ်မုကို အေးခဲသွားစေခဲ့သည်။ သူမ မျက်ခုံးပင့်မပြခင် ခဏလောက် အံ့သြသွားပြီး “ငါ့ကိုမြင်ရလား” လို့ မေးလိုက်တယ်။

သို့သော် သွမ့်ရွှီ က မတုံ့ပြန်ခဲ့ပေ။

ထို့နောက် သွမ့်ရွှီသည် သူမကို မမြင်ရကြောင်း ဟယ့်စစ်မု မှ သဘောပေါက်ခဲ့သည်။ သူ့အကြည့်တွေက သူမစိတ်ဝိညာဉ်ကို ဖြတ်ကျော်သွားပြီး သူမနောက်က တစ်နေရာကို ကြည့်လိုက်တယ်။

သူ့အကြည့်‌ နောက်လိုက်‌ သောအခါ ဟယ့်စစ်မု သည် မြစ်ပေါ်တွင် ပျံသန်းနေသော ကျီးကန်းနက်တစ်ကောင်ကို တွေ့လိုက်ရသည်။

အနက်ရောင်မိုးရေကဲ့သို့ ကျီးကန်းများသည် ကံဆိုးသော ဟူချီလူမျိုးတို့၏အလောင်းများပတ်ပတ်လည်တွင် လှည့်ပတ်ကြည့်ရင်း အားတက်သရော အော်ဟစ်ကာ ထိုးဆိပ် နေကြသည်။ ဤမြင်ကွင်းသည် လျန်ကျိုး စီရင်စုသို့ သူမရောက်ရှိသည့်နေ့ကို ပြန်အမှတ်ရနေ စေပါသည်။

"ဟယ့်ကလေး... သူမရောက်ပြီလား" သွမ့်ရွှီ သည် မည်သူ့ကိုမျှ ကြားစေရန် မရည်ရွယ်ဘဲ တိုးတိုးလေး ညည်းညူရင်း ကျီးကန်းများ၏ စုဝေးပုံက ဟယ့်စစ်မုကိုသတိရ‌ စေသည်။

ဟယ့်စစ်မုသည်သွမ့်ရွှီဘက်ပြန်လှည့်ကာ သမုဒ္ဒရာကဲ့သို့ သူ့မျက်လုံးများ၏အနက်ရှိုင်းဆုံးသို့ကြည့်လိုက်သည်။ ပထမအကြိမ်တွေ့ဆုံမှုမှ လက်ရှိအချိန်အထိ အဖြစ်အပျက်အမျိုးမျိုးက သူမစိတ်ထဲတွင် ပေါ်လာပြီး‌ နောက် နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ဖြည်းညှင်းစွာ ပုံပေါ်လာသည်။

"အစကတည်းက မင်းငါ့ကို သတိထားမိ နေတာလား"

ကျီးကန်းတွေနဲ့ ပြည့်နေတဲ့ လျန်းကျိုးမြို့က လမ်းမှာ သူမဟာ ကွဲနေတဲ့ ဦးခေါင်းကို ကိုင်ပြီး အဲဒီနေရာမှာ ရပ်နေခဲ့တယ်။ ထိုအချိန်မှစပြီး သူသည် သူမကို ကျီးကန်းများနဲ့ စပ်ဆက်ပြီး သတိပြုမိခဲ့ခြင်းဖြစ် လောက်သည်။

Carrying A Lantern In A DaylightWhere stories live. Discover now