Chapter 9 Surprise Attack

82 15 2
                                    


မြစ်တစ်ဖက်ကမ်း၊ ရှန်းကျိုးဒေသရှိ ကျိချန်းမြို့သည် မမျှော်လင့်ဘဲ မြို့သိမ်းခံလိုက်ရသည်။

ရှားချင်းရှန်သည် ကွပ်ကဲမှုရာထူးသို့ တိုးမြှင့်ခံရပြီး မြို့တွင်း၌ မကြာခဏ တပ်ဖွဲ့ဝင်များနှင့် ရိက္ခာများစုဆောင်းရန် လှုပ်ရှားလျက်ရှိသည်။ ထို့ကြောင့်ယုကျိုးမြို့တွင် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး လျန်ကျိုး မှ စစ်တပ်သည် ယုကျိုးကို ထောက်ပံ့ရန် လိုအပ်နေသောကြောင့် နောက်ထပ်စစ်ပွဲတစ်ခု နီးလာတော့မည်ဟု လူတိုင်းက ထင်ကြေးပေးကြသည်။ တိုက်ပွဲသတင်း ထွက်ပေါ်လာပြီး နှစ်ရက်အကြာတွင် တစ်စုံတစ်ခု လွဲချော်နေမှန်း သိလိုက်သည်နှင့် တာ့ဘိုင်တပ်သည် မမျှော်လင့်ဘဲ မြစ်တစ်ဖက်ကမ်းသို့ ဖြတ်ကူးသွားခဲ့သည်။

သွမ့်ရွှီ သည် ယုကျိုး ၏မြောက်ဘက်တံခါးကိုတိုက်ခိုက်ရန် ဟန်ဆောင်ပြင်ဆင်ပြနေချိန်တစ်ဖက်တွင်လည်း ရှားချင်းရှန်၏တပ်ကို နှင်းမုန်တိုင်းတစ်ခု၏ ညဥ့်အနက်ရှိုင်းဆုံးအချိန်တွင် အေးခဲနေသောမြစ်ကိုဖြတ်ရန် လျှို့ဝှက်စေလွှတ်ကာ ဟူချီ့‌ရဲ့ လေးတပ်ဖွဲ့ မမြင်နိုင်တာကို အခွင့်ကောင်းယူပြီး ရှန်းကျိုး ဒေသ၏ ကျိချန်းမြို့ကို အမှတ်မထင် သိမ်းပိုက်လိုက်‌ လေသည်။ .

ကျိချန်းမြို့ ကျသွားသည်နှင့် သွမ့်ရွှီသည် နောက်ပြန်မကြည့်ဘဲ ယုကျိုး၏မြောက်ဘက်တံခါးမှချက်ချင်း ထွက်ခွာလိုက်သည်။ သူသည် တာ့ဘိုင်တပ်ကို ဦးဆောင်ပြီး မြောက်ဘက်သို့ချီတတ်လာကာ ကျိချန်း ရှိ တပ်နှင့် ပူးပေါင်းလိုက်ပြီး ရှန်းကျိုး‌ဒေသရှိ ဒန်ရှီစစ်တပ်နှင့် ပြင်းထန်သောတိုက်ပွဲများဆင်နွဲခဲ့သည်။

ဒီသတင်းက ဟယ့်စစ်မု နားထဲကို ရောက်တဲ့အခါ သူမ မအံ့သြမိ‌ ပေ။ သွမ့်ရွှီက လေတိုက်တဲ့ လမ်းကြောင်းအကြောင်း မေးပြီးကတည်းက သူဘာလုပ်‌ တော့မည်ဆိုတာကို သူမသိ‌ လေသည်။

ဟူချီ့ လူမျိုးများသည် ရက်စက်ကြမ်းကြုတ်ပြီး စစ်ပွဲဆာ‌လောင်ကြသည်။ ဤဗိုလ်ချုပ်ငယ်သည် သူ၏တပ်များကို ဒန်ရှီနယ်မြေထဲသို့ နက်နက်နဲနဲ ဝင်တိုက်ရန်အတွက်၊ သူ့တွင် တော်ရုံမက သတ္တိရှိရမည်။ ဒါပေမယ့် သူ့ကံကြမ္မာ‌ ကောင်းက ဆက်ရှိနေမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Carrying A Lantern In A DaylightWhere stories live. Discover now