Chapter 10 Battlefield

55 12 1
                                    


"သတ်... သူ့ကိုသတ်!" ဟူ့ချီ့ စစ်သား၏‌ အော်သံကခက်ထန်ကြမ်းတမ်းနေပေမယ့် ပြင်းထန်တဲ့ တိုက်ပွဲအသံတွေကြောင့် နစ်မြုပ်သွားခဲ့တယ်။

အမှန်က သူသည် ကြီးမားသော ရည်မှန်းချက်များ မရှိသော စစ်သားတစ်ဦးဖြစ်သော်လည်း စစ်ပွဲတွင် ခေါင်းဆောင်ကို ဦးစွာဖမ်းဆီးခြင်း၏ နိယာမကို နားလည်ပေသည်။

ဟယ့်စစ်မု မတ်တပ်ထရပ်လိုက်ပြီး ခဏအတွင်း သူမသည် သွမ့်ရွှီ ၏မြင်းရှေ့တွင် ပေါ်လာသည်။ သွမ့်ရွှီ၏ သစ်အယ်သီး‌ရောင်မြင်းသည် ထူးဆန်းသော အရိပ်အယောင်ကို ခံစားရပြီး ရုတ်တရက် ကြောက်လန့်ပြီးဟီးကာ ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်ကို လေထဲတွင် ရုတ်တရက် ထရပ်လိုက်သည်။

သွမ့်ရွှီ သည် ဇက်ကြိုးကို လျင်မြန်စွာဆွဲလိုက်ပြီး ဟယ့်စစ်မု၏ရှေ့တွင် မြင်းဟီသံနှင့်အတူ မြင်းခွာသံများကို ထိန်းထားကာ ဖုန်မှုန့်များ လွင့်ထွက်လာသည်။

လက်နှစ်ဖက်ကို သူ့မနောက်ဘက်တွင်ထားကာ ဟယ့်စစ်မုက မြင်းပေါ်မှ သွမ့်ရွှီကို မော့ကြည့်လိုက်သည်။ သွမ့်ရွှီက မြင်းရှေ့က သာမန်မဟုတ်တဲ့လေထုကို ကြည့်ရင်း သူ့မျက်ခုံးကို အနည်းငယ် တွန့်လိုက်ရင်း ပုံမှန်ပြုံးနေသော မျက်လုံးများတွင် ရှုပ်ထွေးမှုအရိပ်အမြွက် အနည်းငယ် ပေါ်လာသည်။

"သွမ့်ရွှီ" ဟယ့်စစ်မု၏ တိုးတိုးလေး‌ ရေရွတ်သံကအ‌ ရှေ့ကသူတောင် အဲဒါကိုမကြားနိုင်ပါဘူး။

သူတို့ ထိပ်တိုက်တွေ့‌ နေတဲ့ အခိုက်အတန့်မှာ ရုတ်တရက် လေထုက အေးခဲသွားပုံရတယ်။ အနက်ရောင် ကောင်းကင်ကြီး ကလင်းထိန်လာနေပြီး မရေမတွက်နိုင်သော ကြက်သွေးရောင် ငှက်များသည် မည်သည့်နေရာမှ ပျံသန်းလာမှန်းမသိကာ သူတို့၏ အတောင်ပံများသည် တောက်ပြောင်နေသည့် မီးတောက်ပုံစံများကို သရုပ်ဖော်ကာ ကောင်းကင်မှ တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်ကဲ့သို့ ကျဆင်းလာသည်။

တိုက်ပွဲအလယ်ရှိဒန်ရှီစစ်တပ်သည် ထိတ်လန့်သွားသည်။ သူတို့သည်လက်နက်များကို ပစ်ချပြီး နောက်တန်းသို့ ပြေးသွားကာ ယခင်က အသေခံတားထားသောနောက်တန်း စစ်မြေပြင်ကို ကဆင့်ကလျားဖြစ်စေခဲ့သည်။ တာ့လျန် စစ်တပ်၏ဗုံသံများကလည်းမိုးခြိမ်းသံများကဲ့သို့ထွက်‌ ပေါ်လာပြီး၊ စစ်သားများသည်လည်း မုန်တိုင်းတိုက်ခတ်လာသကဲ့သို့ရန်သူများကို သတ်ရန်လက်နက်များ ကိုင်ဆောင်ကာ‌တဟုန်းထိုးချီတတ်လာကြသည်၊

Carrying A Lantern In A DaylightWhere stories live. Discover now