အပိုင်း-၆

2.2K 483 38
                                    

အပိုင်း-၆

“အစ်ကိုကင်းဝေး..မမြတ်မွန် လာပါတယ်။ အစ်ကိုနဲ့ပြောချင်လို့ပါတဲ့”

ကွန်ပျူတာတစ်လုံးနှင့် ဝေး အလုပ်စားပွဲတွင် အလုပ်ရှုပ်နေစဉ် သန္တာက ရုံးခန်းထဲဝင်လာပြီးပြောသည်။

“ဪ လွှတ်လိုက်လေ သန္တာ”

မမြတ်မွန်ဆိုသည်မှာ ဝေးတို့ဆိုင်တွင် အလုပ်အပ်နေကျ ဧည့်သည်ဖြစ်သည်။ မရှေးမနှောင်းပင် သန္တာ့နောက်ကနေ မမြတ်မွန်အပြင် မိန်းကလေးတစ်ယောက်ပါ ပါလာသည်။

“ကင်းဝေးရေ.. အလုပ်ရှုပ်နေလား”

“မရှုပ်ပါဘူး မမွန်ရယ်..လာ”

ရုံးခန်းထဲက ဆိုဖာပေါ်တွင်ပင် ထိုင်ဖြစ်ကြပြီး. ရုံးခန်းအပြင်ဘက်က ဝေး၏ဝန်ထမ်းကောင်မလေးက အအေးဖန်ခွက်ကလေးတွေပါ တစ်ပါးတည်းလာချပေးသည်။ သန္တာကတော့ ဝေး ၏လက်ထောက်ဖြစ်တာမို့ ဝေး အနားမှာတွင်ထိုင်သည်။

“ဒီရက်ပိုင်းအလုပ်တွေ တော်တော်ရှုပ်နေတာဆို.. အရင်လက ဘိုကင်လှမ်းချိတ်တာ အချိန်မရဘူးဆို “

“ဟုတ်တယ် မမွန်ရဲ့။ အရင်လက wedding ပွဲတွေဆက်နေတော့ လုံးဝမအားဘူးဖြစ်သွားတာ။ အချိန်မပေးနိုင်ဘဲ လက်ခံလိုက်လို့ အချိန်မီ မပေးနိုင်ရင် ဘယ်ကောင်းမလဲဗျာ့နော်။”

ဝေးက အပြုံးလေးစွက်လျက် ပြောတော့ မမွန်က တတ်တယ်ဆိုသည့်သဘောနှင့် မျက်စောင်းလေးခဲသည်။

“ကဲပါ..ဒီမှာ မမွန် ဝမ်းကွဲညီမ.. စေ့စပ်ပွဲအတွက် အထည်အပ်ချင်လို့တဲ့..သတို့သားပါ အပ်မှာ. ကောင်လေးက ဒီနေ့မအားလို့ နောက်နေ့မှ မမွန် ဆိုင်ကိုလွှတ်လိုက်မယ်နော်”

“ရပါတယ် မမွန်..ဒါဆို ကျွန်တော်တို့ အလုပ်စလိုက်ကြမလား”

တစ်ခဏချင်းတွင်ပင် စားပွဲထက်တွင် ကတ်တလောက်တွေ tablet နှင့် မှတ်စုစာအုပ်တွေပါ ရှုပ်ကုန်သည်။ အလုပ်ဆိုလျှင် စိတ်ပါဝင်စားစွာနှင့် ဂရုတစိုက်ရှိလှသည့် ဝေးနှင့်အတူ လက်ထောက် သန္တာသည်ပါ ကူညီပေးရင်း သတို့သမီးလောင်းစိတ်ကြိုက်ရွေးချယ်တိုင်ပင်ခြင်းက နေ့လယ် ထမင်းစားချိန်ကျော်မှပဲ ပြီးတော့သည်။ အတူထမင်းသွားစားရအောင် ခေါ်ပေမယ့် ဝေး အားနာနာနှင့်ပဲ ငြင်းလိုက်ပါသည်။

ချစ်သောကရယ်တဲ့.. ကင်းစေလို.Where stories live. Discover now