အပိုင်း-၁၁

2K 430 11
                                    

အပိုင်း-၁၁

“မင်းနဲ့ ပန်းရဂုံရဲ့အခြေအနေက အဆင်ပြေရဲ့လား ကင်းဝေး”

တိုက်တိုက်ဆိုင်ဆိုင် ဒီမနက် ဝေး မနက်စာ စားနေသည့်အချိန်တွင်မှ မရှေးမနှောင်းရောက်လာသည့် လေးလေးတို့ စုံတွဲ။အများအားဖြင့် စားချင်သည့်အချိန်စားကြပြီး ရံဖန်ရံခါ သွားစရာရှိတာလည်း မတူကြသည်ကြောင့် မနက်စာ စားချိန်တွေက စုံညီခြင်းက ရှားသည်။ တစ်အိမ်တည်းပေမို့ မဆုံဖြစ်ကြတာလည်း မဟုတ်သော်ငြား။

“ဘာဖြစ်လို့လဲ လေးလေး”

ပုံစံက အချိုးကို မပြေဘူးဆိုသည့် သဘောနှင့် ဒေါ်မျိုးမမက ယောကျာ်းဖြစ်သူကို အကြည့်ပို့သည်။ ဝေးကတော့ သူ့ဘာသာ ကော်ဖီတစ်ခွက်နှင့် ကိတ်မုန့်တွေသာ စားနေဆဲ။

“ဪ တစ်နေ့က သူ့ အမေနဲ့ တွေ့တာ မင်းတို့ရှေ့ရေး ဘာညာစကားစပ်မိကြလို့လေ။ နှစ်ဆယ့်သုံးနှစ်ဆိုတာ သိပ်ပြီးလည်း ငယ်တော့တာတော့ မဟုတ်ပါဘူလေ။အိမ်ထောင်ပြုမယ်ဆိုလည်း စီစဉ်စရာရှိတာတွေ စီစဉ်ရအောင်”

“အဲ့ဒါတွေ ကျွန်တော် မစဉ်းစားသေးပါဘူး လေးလေး။”

“ဟယ်. မင်းက မစဉ်းစားဘူးဆိုပေမယ့် မိန်းကလေးဘက်ကရှိသေးတယ်လေ.။ မင်းတို့တွဲနေတာ အသိုင်းအဝိုင်းတစ်ခုလုံးလည်းသိတယ်။မင်း ဘက်က ယူဖို့တို့ဘာတို့ မစဘဲ မိန်းကလေးက ဘယ်ပြောမလဲ။ပြီးတော့ ပန်းရဂုံက အလှလေး. သူများလက်ထဲပါသွားမှ ဟုတ်ပေ့ ဖြစ်နေမယ်”

ဝေး ငြိမ်နေလိုက်သည်။ တခြားကြောင့်မဟုတ်။ ဝေးက အိမ်ထောင်ပြုဖို့ဘာညာမစဉ်းစားပေမယ့် ရဂုံကတော့ မိန်းကလေးမို့ ဒေါ်မျိုးမမ ပြောတာလည်း မှန်သင့်သလောက်မှန်နေခြင်းကြောင့် ဖြစ်သည်။ နှစ်ယောက်သား နားလည်မှုနှင့် အရင်းနှီးဆုံးလူတွေအဖြစ်တွဲဖြစ်ခဲ့ခြင်းက တက္ကသိုလ်ကတည်းကဆိုပါလျှင် အချိန်ကာလကလည်း မနည်း။

“စဉ်းစားပေါ့လေ။ပြီးမှ အကုန်လုံး အဆင်မပြေဖြစ်သွားမှာ စိုးလို့.ဘယ်လိုပဲဖြစ်ဖြစ်. ငါတို့က အုပ်ထိန်းသူတွေဆိုတော့ လုပ်သင့်တာတော့ လုပ်ပေးရမှာပေါ့”

ဝေး ငြိမ်သက်နေခြင်းကြောင့် ဒေါ်မျိုးမမက ဖိပြောလိုက်သည်။ ပန်းရဂုံကို သောကကင်းဝေး လက်ထပ်လို့ သူမတို့ဘက်တွင် အကျိုးအမြတ်တွေချည်း။ ကိုယ်ပိုင်ဒီဇိုင်နာအလုပ် လုပ်သည့် ကင်းဝေးအတွက် ထူးခြားချင်မှ ထူးခြားမှာ ဖြစ်ပေမယ့်. ပန်းရဂုံတို့ မိသားစုလုပ်ငန်းနှင့် သူမတို့ စားသောက်ကုန်လုပ်ငန်းက ဆက်စပ်မှုတွေ အများကြီးပင် ဖြစ်သည်။ လုပ်ငန်းအတွက်လည်း အထောက်အကူရနိုင်မှုက မနည်းလှသည်မို့ ဒေါ်မျိုးမမရော ဦးနေမောင်ကပါ ကင်းဝေးကို ပန်းရဂုံနှင့် လက်ထပ်စေချင်ကြသည်။ကနဦးက ကင်းဝေး တစ်ယောက် ပန်းရဂုံ နှင့်တွဲသွားတွဲလာရှိသည်ကို သတိထားမိပြီး ဧည့်ခံပွဲတစ်ခုမှာ ပန်းရဂုံ၏ မိသားစုအကြောင်းကိုပါ ဆက်စပ်သိလိုက်ရကာ သူမ မိဘတွေကလည်း ဦးနေမောင်နှင့် ငယ်သူငယ်ချင်းတွေဖြစ်နေခြင်းက အားလုံးကို ရေကန်အသင့်ကြာအသင့်ဖြစ်စေခဲ့ခြင်းပင်။

ချစ်သောကရယ်တဲ့.. ကင်းစေလို.Where stories live. Discover now