အပိုင်း-၁၅

2.1K 431 37
                                    

အပိုင်း-၁၅

ညဉ့်တော်တော်နက်မှသာ အိပ်ပျော်ခဲ့ပြီး မနက်လင်းတော့ ဝေး ခေါင်းပါမကြည်တော့။ မနေ့ညက အဖြစ်အပျက်က ခုထိခေါင်းထဲမှ မထွက်။ သွင်ပြင်၏ဝန်ခံစကားတွေကိုကြားကာ ခေါင်းကို တွင်တွင်ပါအောင် ခါယမ်းမိရင်း ရေချိုးခန်းဝင်သည်။မဖြစ်နိုင်လိုက်တာ။ ယောကျာ်းလေးချင်း နှစ်သက်တွဲကြတာ ဒီခေတ်မှာ ထူးဆန်းတာမျိုး မဟုတ်ပေမယ့် ဝေးက အဲ့လိုမျိုးမဟုတ်ဘူးလေ။ ပြီးတော့ သွင်ပြင်ကလည်း ဘယ်သူဘယ်ဝါနှင့်ဖြစ်ဖြစ် ပတ်သက်တာမျိုးလည်း သူမှ မမြင်မိခဲ့။မကြားမိခဲ့ဘဲ။ဒါပေမဲ့လည်း ကုန်လွန်ခဲ့သည့် ကာလတွေမှာ သွင်ပြင်နှင့် ဝေးက အကျွမ်းတဝင်ရှိခဲ့သည်လည်းမဟုတ်။
စိတ်ရှုပ်လွန်း၍ ရေချိုးတာတောင် အချိန်တော်တော်ကြာသွားသည်။အဝတ်အစားလဲပြီး ဖုန်းကို ကောက်ကိုင်လိုက်ချိန်တွင် ဖုန်းခေါ်ဆိုမှု သုံးခါ ရှိထားသည်က သွင်ပြင့်ထံမှ။သတိထားမိသလောက် သွင်ပြင်သည် သုံးခါခေါ်လို့မှ ဝေးက မကိုင်ဖြစ်လျှင် အလိုက်တသိနှင့် ဆက်မခေါ်တော့ဘဲ message သာပို့ထားတတ်သည်။ ယခုလည်း ဝေး ဖုန်းမကိုင်တော့ စာပို့ထားသည်။

# အိမ်ကောင်းကောင်းပြန်ရောက်ရဲ့လား ဝေး

#ကျွန်တော့်ကို ပစ်ပစ်ခါခါမဆက်ဆံပါနဲ့ ဝေး။ ကျွန်တော် တောင်းပန်ပါတယ်။

စာတို တစ်စောင်က မနေ့ညက ဖြစ်ပြီး ဒီမနက်တွင်က တစ်စောင်။ သက်ပြင်းချရင်း ဖုန်းကို သူကိုင်နေကျ လက်ဆွဲအိတ်လေးထဲ ထည့်လိုက်သည်။
အချိန်က စောနေသေးပေမယ့် ဝေး မနက်စာလည်း မစားဖြစ်။ ကားကို ခြံထဲကနေ ထွက်လိုက်သည်ဆိုလျှင်ပဲ သစ်ပင်ရိပ်ကြီးကွယ်သည့် ထောင့်နားတွင် ကားအနက်တစ်စီးကို တွေ့သည်။ ကားတံခါးကို မှီကာ ရပ်နေသူသည် ဝေး ကားကိုမြင်လျှင် ရှေ့တိုးလာကာ တားဆီး၏။ ရှောင်ထွက်သွားလို့မရအောင် ရှေ့ကိုတည်တည့်ဝင်လာသည်ကြောင့် အလန့်တကြား ဘရိတ်အုပ်လိုက်ရသည်။ဝေး စိတ်ဆိုးစွာနှင့် ကားမှန်ချကာ ခေါင်းလေးပြူလျက် အော်မိတော့သည်။

“ရူးနေလား သွင်ပြင်”

“စကား ခဏပြောရအောင်ပါ ဝေး။မဟုတ်ရင် ကျွန်တော် တကယ်ရူးသွားတော့မှာ”

ချစ်သောကရယ်တဲ့.. ကင်းစေလို.Where stories live. Discover now