အပိုင်း၂၇

7.1K 226 56
                                    

Uni

" မြို့အုပ် ကျွန်တော်သတင်းတစ်ခုရလာပါတယ် "

" ဘာများလဲ စုံထောက်ကိုသုတရဲ့ "

" ဒီတစ်ယောက်ကိုမြင်ဖူးပါသလားခင်မျ သေချာကြည့်ကြည့်ပါ။ "

    စုံထောက်ကိုသုတကသူ့အကျီအိတ်ကပ်ထဲကဓာတ်ပုံလေးတစ်ပုံအား မြိုင်သော်ရဲ့အလုပ်စားပွဲပေါ်တင်ကာပြလာလေသည်။မြိုင်သော်ကထိုဓာတ်ပုံထဲကိုသေချာကြည့်မိသည်။ကားတစ်စီးရဲ့နောက်ခန်းထဲကလူတစ်ယောက်....မျက်နှာကိုအပြည့်မမြင်ရသလို မှောင်မည်းမည်းဖြစ်နေပေမဲသူ့စိတ်ထဲကထင်မိသူက။

" ဦးခန့်ကျော်လား "

" ကျွန်တော်လဲအဲ့လိုထင်တာဘဲ ဒါပေမဲ့ဦးခန့်ကျော်ကကားဂျောက်ထဲကျမှု့နဲ့ဆုံးသွားပြီလေ အလောင်းကသက်သေဘဲမဟုတ်လား။"

" ဟုတ်တော့ဟုတ်ပေမဲ့...နေပါအုံးဒီပုံကိုဘယ်ကရသလဲ။ "

" မြို့အုပ် တခေတ်ခွန်းဆိုသူအတွက်လူလွှတ်ထားတဲ့ထဲကတစ်ယောက်က ဓာတ်ပုံရိုက်မိထားတာပါ "

" တစ်ခုခုတော့မူမမှန်တော့ဘူး.... ဘာဘဲဖြစ်လာလာတခေတ်ခွန်းကိုရအောင်ကာကွယ်ပေးပါ "

" ဘာလို့မြို့အုပ်အဲ့ကောင်လေးကိုစိုးရိမ်နေရတာလဲ သူကဘာမို့လို့လဲခင်မျ "

   စံုထောက်ကိုသုတအပြောကြောင့်မြိုင်သော်ကခနတာငြိမ်သက်သွားသည်။ဘာလို့သူ့ကိုစိုးရိမ်နေရတာလဲ သူကဘာမို့လို့လဲ...အင်း ပိုင်ဆိုင်ခွင့်တွေ ဖွင့်ပြောခွင့်တွေအပြင် ငေးမောခွင့်လေးတောင်မရှိတော့တဲ့သူများအပိုင်လေးပေါ့ဗျာ။

   မြိုင်သော်ကတွေးရင်ရယ်မိသည်။

" သူက...အင်း သူကတစ်စုံယောက်အတွက်သိပ်ကိုမှအရေးကြီးတဲ့အရာလေးမို့ပေါ့ ငါလဲတက်နိုင်သလောက်တော့ကာကွယ်ပေးချင်မိရဲ့..."

" ကျွန်တော်...နားလည်ပါပြီ ခွင့်ပြုပါအုံး။ "

" ကောင်းပါပြီ ပင်ပန်းလှပြီပေါ့ကိုသုတ "

" မဟုတ်တာဘဲဗျာ မြို့အုပ်လဲအလုပ်စောစောလေးတစ်နေ့လောက်တော့ပြန်ပါအုံးဗျ နေ့တိုင်းနောက်ကျနေတာ "

သူဌေးမင်းရဲ့အချစ်တော် (ongoing)Where stories live. Discover now