အပိုင်း၂၈

6.9K 234 55
                                    

Uni

" သူဌေးကတော်...ဘယ်ကပစ္စည်းလဲ "

" တေဇ...အင်း ငါလဲမသိဘူး ပစ္စည်းပို့သမားကငါ့အတွက်ဆိုပြီးပေးသွားလို့ မင်းကော နေရထိုင်ရအဆင်ပြေသွားပြီလား။ "

" ဒီလိုပါဘဲ အလုပ်လေးပြန်လုပ်ဖို့စိတ်ကူးရလို့ပါ ကြာကြာနားနေရင်မကောင်းဘူးလေ အခုသူဌေးမင်းကိုသွားကြိုမလို့ ကားထွက်ယူတာ "

" အင်း သွားလေ နောက်ကျနေမယ်။ "

  တခေတ်ခွန်းကပြောတော့တေဇကခေါင်းလေးငြိမ့်ပြကာကားဂိုဒေါင်ဆီထွက်လာလေသည်။သူကကားဂိုဒေါင်ဆီလျှောက်လာတဲ့လမ်းမှာတစ်စုံတစ်ခုကိုစဥ်းစားနေမိသည်။

" သူဌေးကတော်ကို ဘယ်သူကများ ပစ္စည်းပို့ဘူးလို့လဲ သူနဲ့သိတဲ့လူတွေလဲမရှိပါဘူး "

တေဇကတွေဝေစွာနဲ့ရှေ့ဆက်ကာလမ်းလျှောက်နေရင်းကုတ်တရက်ကြီးအိမ်ထဲဘက်ကထွက်လာတဲ့သူဌေးကတော်ရဲ့အော်သံကြောင့်သူ့မှာမျက်လုံးတွေပြူးကျယ်သွားသည်။

   သေချာပေါက်တစ်ခုခုတော့မကောင်းတာတွေဖြစ်နေပြီလေ။

  တေဇချက်ချင်းဘဲကားဂိုဒေါင်ဆီသွားမနေဘဲသူဌေးကတော်အော်သံကြောင့်လမ်းပြန်လှည့်ကာအမြန်ပြေးလာလိုက်သည်။သူအိမ်ထဲလဲရောက်ကောသူဌေးကတော်ကကြမ်းပြင်ပေါ်ခွေခွေလေးထိုင်ချနေကာ သူ့ရဲ့လက်ဖမိုးတွင်လဲအပေါက်နှစ်ပေါက်ကာတည်ရှိနေလေသည်။

" သူဌေးကတော် ဘာဖြစ်တာလဲ ရရဲ့လား။ "

" မြွေ...အဲ့ဘူးထဲကနေမြွေထွက်လာပြီးကိုက်မိသွားတာ "

" ဘယ်လိုဖြစ်ရတာလဲ သူဌေးကတော်မလှုပ်နဲ့ ကျွန်တော်ဆရာဝန်သွားခေါ်လိုက်မယ်...သု့သု့!!! ဒီမှာသူဌေးကတော်ကိူလာကြည့်ပေးထား "

   တေဇကအလျင်အမြန်ပင်အိမ်ထဲကနေပြေးထွက်သွားလေသည်။တခေတ်ခွန်းကတော့နာကျင်မှု့ဒဏ်ကြောင့်မျက်နှာလေးရှုံ့မဲ့နေကာအနားကိုစိတ်ပူသွာပြေးလာတဲ့သု့သု့ကိုတောင်သူသတိမထားမိတော့ပါ။

   ပါဆယ်ဘူးအားသူအိမ်ထဲရောက်ရောက်ချင်းဖွင့်ကြည့်မိတော့ အထဲတွင်ဘာပစ္စည်းမှာပါမနေဘဲ ဘူးအဖုံးဖွင့်လိုက်တာနဲ့မြွေတစ်ကောင်ထွက်လာကာသူ့လက်ဖမိုးကိုကိုက်သွားတာကြောင့်သူကလန့်ကာအော်မိပြီးဘူးကိုတောင်ကြမ်းကြင်ပေါ်ပစ်ချမိသွားသည်။

သူဌေးမင်းရဲ့အချစ်တော် (ongoing)Where stories live. Discover now