အပိုင်း၃၁

4.5K 163 63
                                    

Uni

    တခေတ်ခွန်းက မြို့အုပ်မင်းမြိုင်သော်ရဲ့ကားပေါ်မှာလမ်းတစ်လျှောက်လုံးငိုယိုလာလေသည်။မြိုင်သော်ကတော့အဖြစ်မှန်တွေပိုသိထားသော်လည်း ဒီလောက်ထိတခေတ်ခွန်းကငိုနေတော့လဲစံကောင်းမွန်ကိုဆွဲပြေးထိုးချင်လာလေသည်။

" တခေတ်ခွန်း မငိုပါနဲ့တော့...အကိုမင်းငိုတာတွေ့တော့စိတ်မကောင်းဘူးကွာ "

" ဟင့်..အကိုမြိုင်သော် ကျွန်တော်ရွာပြန်တော့မယ် ဒီမှာမနေချင်တော့ဘူး အီးဟီးးး "

" မဟုတ်တာကွာ ချက်ချင်းကြီးပြန်လို့ကျဘယ်ကောင်းမတုန်း လတ်တလောမှာအကို့အိမ်မှာနေပါ အကိုတောင်းဆိုပါတယ် "

" ဟင့်အင်း မနေဘူး ကျွန်တော့်ကြောင့်အကိုပါနစ်နာနေပါအုံးမယ် တော်တော်ကြာ...တော်တော်ကြာ ကျွန်တော်ကအကို့ကိုပါမြူဆွယ်တယ်လို့အကုန်လုံးကထင်လာကုန်ကြအုံးမယ် ဟင့် "

" ဟင်းးး သူ​ပြောသမျှစကားတွေကိုမင်းကယုံနေတာလားတခေတ်ခွန်းရာ "

   အကုန်လုံးက မင်းကိုသူသိပ်ချစ်လို့လိမ်ညာခဲ့ရုံဘဲလို့သူကပြောချင်ပေမဲ့မပြောထွက်ပါ။သူတခါတလေတော့တစ်ကိုယ်ဆန်စွာတခေတ်ခွန်းကိုပိုင်ဆိုင်ချင်မိပါရဲ့ သို့သော်ယခုတွင်သူပိုမိုသိလိုက်ရသည့်တစ်ချက်က...တခေတ်ခွန်းကစံကောင်းမွန်ကိုချစ်သည် စံကောင်းမွန်ကလဲတခေတ်ခွန်းကိုချစ်သည်။ထိုတွင်သူဟာကြားဝင်မရတော့သော သူစိမ်းလူသာသာ သာဖြစ်သည်။

" အကို့အိမ်မှာမင်းခနတဖြုတ်တော့နေပါ အကိုမင်းကိုခနတာလေးတော့စောင့်ရှောက်ပါရစေ ညီလေးတစ်ယောက်အဖြစ်လေ...ဘာမှမပူပါနဲ့ အကိုမင်းကိုညီလေးတစ်ယောက်ထပ်မပိုအောင်အကိုကြိုးစားပါ့မယ် "

   တခေတ်ခွန်းကယခုအချိန်မှာဝမ်းနည်းနေတာမို့မြိုင်သော်ပြောတာတွေကိုနားမလည်သော်ငှားလည်းခေါင်းလေးသာငြိမ့်မိသည်။
.
.
.
" ဒုန်းးးးးး "

" မိစံပယ်ဖြူ နင်ပြောတော့ ဟိုကောင်လေးကသူဌေးမင်းရဲ့အားနည်းချက်ပါဆို...အခုငါ့အချိန်တွေကုန်သွားတာဘဲရှိတယ် အဲ့တာနင်သိလား။ "

သူဌေးမင်းရဲ့အချစ်တော် (ongoing)Where stories live. Discover now