part 9 ( Zawgyi )

2.5K 12 0
                                    

မှောင်ရီပျိုး

part 9

ပျိုး ဒီအိမ်မှာနေတာဘာလိုလိုနဲ့တစ်လပင်ကြာခဲ့ပီဖြစ်သည် မမဖြူ ကပျိုး အပေါ်အရမ်းကောင်းပေးပါသော်လည်း ပျိုး မနေတက်ပါ ပျိုး အမှန်တိုင်းပြောရလျှင် မောင် နဲ့ပတ်သတ်ပီး မမဖြူ ကိုမုန်းတယ် နှစ်နှစ်ကာကာမုန်းတယ် ဒါက ပျိုး မောင့်အပေါ်မျှော်လင့်ထားတာမဖြစ်တာကော အတ္တတွေ ထားခြင်းကြောင့်လဲဖြစ်မည်။

လှပျိုဖြူ သူအပေါ်ထပ်မှဆင်းလာတော့မြင်လိုက်ရသည့်မြင်ကွင်းကြောင့်မျက်ခုံးကျုံ့မိကာ စိတ်ထဲမှလဲ

~ဒါတွေမလုပ်ပါနဲ့လို့ပြောထားရက်နဲ့ ~

"ပျိုး အဲ့တာတွေမလုပ်နဲ့လို့ ဖြူ ခနခနပြောနေတာကို"

ပျိုး လှည်းနေသည့်တံမြတ်စည်းအားလုယူသွားတကြောင့် ပျိုး မမဖြူ ကိုအလိုမကျကြည့်မိသွားသည်

"ပျို ကအစေခံလေ ပျိုး အလုပ်ပျိုး လုပ်ရမှာပေါ့မမဖြူ"

"တော်စမ်း မှောင်ရီပျိုး တို့ အရှေ့မှာ ကိုယ့်ကို ကိုယ် အစေခံ လို့မပြောနဲ့လို့ ခနခနမှာထားရက်နဲ့"

ဒါ မမဖြူ ပျိုး ကိုလဝက်ပိုင်းတွင်းခနခနပြောသောစကား ပျိုး ဘက်ကလဲအမှားမပါ ပျိုး ထိုသို့ပြောလိုက်တိုင်း ဒေါသထွက်သူက မမဖြူ

"သွားအဝတ်သွားလည်း တို့ နဲ့တစ်နေရာသွားရအောင်လို့"

"ပျိုး မလိုက်ချင်ဘူး"

ဖြူ ကပျိုး ဒီအိမ်ထဲမှာဘဲ သန့်ရှင်းရေးတွေလုပ်နေရလို့ အပြင်ခေါ်သွားမယ်လို့စီစဉ် ထားကာမှမလိုက်ချင်ဘူးတဲ့လေ  ဖြူ ကရအောင်ခေါ်မှာ

"လိုက်ခဲ့ တို့ ခေါ်တုန်းလိုက်ခဲ့"

သူတို့နှစ်ယောက်စကားအခြေအတင်ဖြစ်နေချိန်စောအံ့ဗျူဟာ ရောက်လာပီး

"ဘယ်တွေများ ခေါ်နေတာလဲ ဖြူ မောင် လဲရှိရက်သားနဲ့ကိုကွာ...."

ဖြူ မျက်နှာကိုပြန်ထိန်းလိုက်ရင်း

"မ...မခေါ်ပါဘူး မောင် ဖြူ ကပျိုး ကိုအပြင်ခနအဖော်လိုက်ခဲ့စေချင်ရုံပါ"

ပျိုး မောင့် ကိုကြည့်တော့ မောင် ကအလိုမကျဟန်နဲ့ ကြားထဲ မမဖြူ ကပျိုး ကိုမောင့် ထက်အရေးပေးတော့ ပျိုး ကမောင့် ရဲ့ချဉ်ဖက်ဖြစ်လာရ၏

🔥 မှောင်ရီပျိုး 🔥 [ Ongoing ]Where stories live. Discover now