part 39 ( Zawgyi )

3.5K 20 3
                                        

🔥မှောင်ရီပျိုး🔥

part 39

သမီးလေးကိုနို့မှုန့်ဖျော်တိုက်ရတာဒီနေ့ဆို တစ်ပတ်တောင်ပြည့်ပီး .... ပျိုး ကသမီးလေးကိုလာမကြည့်သလို သူ့ကိုမြင်ရင်လဲမျက်ခုံးဟာတွန့်ချိုးတက်သေး‌သည် ။ စောစောသိသေးလို့ပေါ့မဟုတ်ရင်ပျိုး က ကျန်ရစ်မောင် နဲ့ထွက်သွားတော့မှာ

စောအံ့ဗျူဟာ သူနဲ့ပျိုး အရင်ကနေသည့်အခန်းတွင်ချိတ်ထားသော ပျိုး ၏ပန်းချီကားလေးအားကြည့်ကာ သူ့ရင်တွေနာရသည် ဘာလို့ဆိုထိုပုံဟာ မှောင်ရီပျိုး နှင်းဆီပန်း အနီပန်ကာ ငိုနေသည့်ပုံပင် ထိုပုံဟာ အရင်ကသူပျိုး ကိုနှင်းဆီပန်းအနီနဲ့မလိုက်ဘူးဟု မုသားသုံးလိုက်တုန်းကပုံစံဖြစ်ပီး မှောင်ရီပျိုး ထိုအိမ်ကထွက်သွားတော့ လွမ်းလွန်းလို့သူ ပန်းချီဆရာနားသေချာပြောပီး ပုံအပ်ခဲ့ခြင်းဖြစ်ပေသည် ။

ဒေါက်.... ဒေါက်... ဒေါက်...

စီးကရက်သောက်နေတုန်း အခန်းပြင်မှတံခါးခေါက်သံကြောင့် စောအံ့ဗျူဟာ စီးရက်အား ဆေးလိပ်ပြာခွက်ထဲတွင်ထည့်လိုက်ပီး

"ဘယ်သူလဲ"

"ဖွေးငယ်ပါ အစ်ကိုလေး"

"ဘာကိစ္စရှိလို့လဲ"

"ပျိုးပျိုးဗျူဟာလေး အရမ်းငိုနေပါတယ်ပီးတော့ ကိုယ်တွေလဲပူနေတယ် အစ်ကိုလေး"

စောအံ့ဗျူဟာ ရင်ထဲပူသွားရကာ ထိုင်နေရာမှ ခေါင်းအားဖွကာ သူ၏သမီးအခန်းရှိရာဆီသို့ ခြေလှမ်းကြဲများဖြင့်ဆင်းလာခဲ့၏

ပျိုး အခန်းထဲမှနေထိုစကားကြားတော့ သမီးလေးအား စိုးရိမ်မိတာအမှန် သို့ပေမဲ့ ပျိုး သမီးလေးအခန်းဘက်ဒီချိန်သွားလို့မဖြစ်သေးဘူး စောအံ့ဗျူဟာ သမီးလေးအခန်းထဲဆင်းသွားပီ

"ဘယ်ချိန်ကတည်းကသမီးလေးဖျားနေတာလဲ"

"မနက်ကတည်းကပါ အစ်ကိုလေး"

"ပျိုး လာမကြည့်ဘူးလား ဖွေးငယ်"

"လာမကြည့်ပါဘူး အစ်ကိုလေး"

ပျိုး ကတကယ်ကို မောင် တို့သားအဖနှစ်ယောက်ကိုတကယ်မုန်းနေပီဘဲ

🔥 မှောင်ရီပျိုး 🔥 [ Completed ]Where stories live. Discover now