🔥မှောင်ရီပျိုး🔥
part 42
မြတ်သောကနေတဆင့် သမီးလေး ကအဖျားပျောက်လိုက် ပြန်ဖျားလိုက်နှင့် ကျန်းမာရေးချူခြာသည်ဟုကြားသည် ။ သို့ပေမဲ့ ပျိုး အဲ့အိမ်ကိုတော့မသွားဖြစ်ခဲ့ .... အလုပ်ကလဲ ပျိုး အရင်ကသိခဲ့တဲ့အစ်မကိုအလုပ်ပြန်လုပ်ချင်ကြောင်းပြောလိုက်တာနဲ့ ပြန်ခန့်သည် ။ သိကြမှာပါပျိုး ကယောက်ျားလေးအငှားလိုက်တာကိုလေ ။ အခုတော့ အေးနေတဲ့လမှာတောင် ညကြီး ငှားလို့ coffee ဆိုင်မှာကောင်လေးတစ်ယောက်နဲ့ထိုင်နေတာ စိတ်ကတော့အမြဲ သမီးလေးဆီမှာဘဲ..
"မင်း ကဒီကအသစ်လား"
"အင်း အရင်ကလုပ်ခဲ့ဖူးတယ် "
"ဪ....
မျက်နှာက အမြဲတမ်းဒီလိုငြိုးနေတာဘဲလား စိတ်ညစ်စရာတွေများရှိသလား"
ပျိုး ကိုငှားသည့် ခပ်ငယ်ငယ်ကောင်လေးကထိုသို့မေးလာသည်မလို့ အတွင်းကိစ္စအပြင်သို့မသိစေလိုတာကြောင့်
"ဒီလိုကိစ္စတွေကပြောဖို့မလိုဘူးထင်တယ် ပီးတော့ အငှားဘဲလိုက်တာနော် ကိုယ်ရေးကိုယ်တာပြောဖို့လိုက်လာတာမဟုတ်ဘူး"
အလိုမကျသည့်မျက်နှာလေးနဲ့ပြောရသည့်မှောင်ရီပျိုးအား ခေးလျှံ သဘောကျသွားရသည် ။ ငှားမည့်ပုံရွေးကတည်းကသဘောနှစ်ခြိုက်တာသူတစ်ယောက်သာသိသည် ။ သူဒီလိုငှားဖို့မတိုင်ခင်ကလည်း မှောင်ရီပျိုး မသိအောင်အနောက်ကနေတကောက်ကောက်လိုက်တာလဲ ပျိုးသိမည်မထင်...
"ခဗျား ကျွန်တော်နဲ့လက်ထပ်ပါ့လား မှောင်ရီပျိုး"
ပျိုး ထိုစကားကြားတော့ တုန်လှုပ်သွားရသည်။ တခြားအကြောင်းတော့မဟုတ် သမီးလေးရဲ့မျက်နှာလေးအား မဆီမဆိုင်ပြန်မြင်လာတာပင်
"ဟင့်အင် ငါလက်မထပ်တော့ဘူး"
"ခဗျား မေ့မရတဲ့လူရှိလို့လား"
စောအံ့ဗျူဟာ အလုပ်ကပြန်လာရင်းဘေးတစ်ဖက်ကိုကြည့်တော့ ကောင်လေးတစ်ယောက်နှင့်ထိုင်နေသည့် မှောင်ရီပျိုး ကိုမြင်တာနဲ့ ဟိန်းခန့်အား ကားရပ်ခိုင်းကာ ဆိုင်ထဲရှိ မှောင်ရီပျိုး ဆီအပြေးအလွှားသွားတော့သည် ။
ВЫ ЧИТАЕТЕ
🔥 မှောင်ရီပျိုး 🔥 [ Completed ]
Любовные романы" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"
![🔥 မှောင်ရီပျိုး 🔥 [ Completed ]](https://img.wattpad.com/cover/375892974-64-k89594.jpg)