part 46 ( Unicode )

11.6K 337 56
                                        

🔥မှောင်ရီပျိုး 🔥

part 46

စောအံ့ဗျူဟာ အိမ်ထဲဝင်ဝင်ချင်း လှပျိုဖြူကလှေကားထစ်ကနေဆင်းလာပီး

"အဟင်း လာတာစောသားဘဲ လာနေရတာနဲ့တန်အောင် ပျိုး မင်းကိုမုန်းအောင်အကောင်းဆုံးကြိုးစားမှာပါ...."

ဖြူ့ အပြောကို စောအံ့ဗျူဟာ ကဂရုမစိုက်ဘဲ မဲ့ပြုံး ပြုံးပြပီး ကျွန်းထိုင်ခုံပေါ်ထိုင်ချလိုက်ကာ

"ပျိုး က ကျုပ်ကိုအစကတည်းကမုန်းနေပီးသားဆိုတော့ ပျိုး အမုန်းတွေကိုခံနိုင်တယ် ။ ကျုပ် ဒီအိမ်မှာလာနေတာ ပျိုး နဲ့ သမီးလေးကိုခဗျား တစ်ခုခုလုပ်မှာဆိုးလို့ လှပျိုဖြူ..."

"အို.... တို့ ကပျိုး ကိုတော့ဘာမှမလုပ်ပါဘူး ။ မင်း ရဲ့ ကလေးကိုတော့ အာမ မခံနိုင်ဘူး'

"ပျိုး မုန်းတာ ကျုပ်ထက်ပိုခံနိုင်ရင် သမီးလေးကိုထိပေါ့ ....."

"ok"

"ဒါနဲ့ ကျန်ရစ်မောင် နဲ့ ခဗျား ရဲ့ဇာတ်လမ်းကမပီးပျက်သေးပုံဘဲ ဟိုက အိမ်ထောင်ကျပီးသားနော် အိမ်ထောင်သည် ကလေးလဲရှိတယ်ဆိုလား..."

"မင်း အဲ့တာဘဲသိထားတာလား စောအံ့ဗျူဟာ.... ကျန်ရစ်မောင် ကသူ့မိဘပေးစားလို့သာယူရတာ ပီးတော့ အဲ့ကလေးကလဲသူနဲ့ရတဲ့ကလေးမဟုတ်ဘူးဆိုတာလေ အဟင်း အဲ့ကိစ္စ ပျိုး ကိုပေးသိလိုက်ရင် မင်း နဲ့ တို့ဆိုတာ အလိုလိုနေရင်းရှုံးပီသိတယ်မလား ပျိုး က ကျန်ရစ်မောင် အတွက် အသက်ပါပေးရဲတာ မင်းမှတ်မိမှာပါ ....."

"အဟက် ဘာကိုရှုံး မှာလဲ ကျန်ရစ်မောင် ကခဗျား စေခိုင်တာလုပ်နေတာဆိုတော့ ပျိုး ကိုချစ်မဲ့ပုံမပေါ်လောက်ဘူး "

ဖြူ ရှေ့ရှိစားပွဲခုံပေါ်မှရေငှဲ့လိုက်ရင်း

"ပျိုး ကိုကျန်ရစ်မောင် ကမချစ်တော့ဘူးဆိုတာ သေချာလား ... မင်း လက်ထဲ ပျိုး ကိုမပါစေချင်ရုံဘဲ ။ ကျန်ရစ်မောင် ကပျိုး ကိုသိပ်ချစ်တာ တို့ ပါမင်းနဲ့အတူတူအရှုံးခံပီး ကျန်ရစ်မောင် လက်ထဲပျိုးကိုထည့်ခဲ့မှာ"

စောအံ့ဗျူဟာ ကျန်ရစ်မောင် ဆိုတဲ့နာမည်နဲ့တင်ရှုံးမှာကိုကြိုသိနှင့်နေပီ ။ ရင်ထဲလဲ ပိုပူလောင်လာရသည် ။ ပျိုး က ကျန်ရစ်မောင် ကိုဘယ်လောက်ထိချစ်မှန်း သူကိုယ်တိုင်သိတာကြောင့်လဲ ဖြစ်၏ ။  ကျန်ရစ်မောင် သာတစ်ခုခုဖြစ်ရင် မင်းကိုငါခွင့်မလွတ်ဘူးဆိုသည့်စကားဟာနားထဲပဲ့တင်ထပ်နေပြန်သည်

🔥 မှောင်ရီပျိုး 🔥 [ Completed ]Where stories live. Discover now