🔥မှောင်ရီပျိုး🔥
part 45
မမဖြူ ကထိုင်ဆိုတာကြောင့်ပျိုး ဝင်ထိုင်လိုက်တော့ မောင် ရယ် ပျိုး ရယ် မမဖြူ ရယ် ၃ ယောက်သားမျက်နှာချင်းဆိုင်ထိုင်သည့်အနေအထား မမဖြူ ကတော့ မောင့် လက်ကိုကိုင်ထားပီး
"ဖြူ နဲ့ မောင် အဆင်ပြေသွားပီပျိုး ရယ် ။ ပီးတော့လေ ဖြူ တို့အရင်တုန်းကလို တစ်အိမ်ထဲဘဲအတူနေကြရအောင်"
စောအံ့ဗျူဟာ လှပျိုဖြူ စကားကြောင့် ဒေါသများထွက်ကာ ရုတ်တရက်ထိုင်နေရာမှဆက်ကနဲထပီး
"လှပျိုဖြူ မင်းမဟုတ်....."
"ဪ မောင် ရယ် စိတ်ဆိုးပြေပါတော့နော် နောက်တစ်ခါ ဒီလိုမလိမ်တော့ပါဘူးမောင် ရယ် ဖြူ့ အမှားတွေပါ"
မမဖြူ က မောင့် ကိုချော့နေတုန်း မောင် ကပျိုး ဘက်လှည့်လာပီး
"ပျိုး အဲ့တာမဟုတ်ဘူးနော် .... မောင့် ကိုယုံ ပျိုး..."
"ငါ နဲ့မင်းကဆိုင်မှမဆိုင်တော့တာ....
ပီးတော့ မမဖြူ ပျိုး အခန်းဘယ်မှာလဲ"
"အပေါ်ထပ်ကကြိုက်တဲ့အခန်းထဲဝင်အိပ်လို့ရတယ်ပျိုး"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် မမဖြူ"
"မဟုတ်တာပျိုး ရယ်"
"ဒါဆို..."
"ရတယ် အခန်းထဲမှာအေးဆေးနားနေ"
ဖြူ ကအေးဆေးနားလို့ရတယ်ဆိုတာနဲ့ထိုင်နေရာမှထသွားပီဖြစ်သောပျိုး ရဲ့ကျောပြင်လေးကိုဖြူ ကြည့်ပီး
"အဟင်း ဘယ်လိုလဲ ကျေနပ်ရဲ့လား စောအံ့ဗျူဟာ ပျိုး ကမင်းကိုပိုမုန်းမယ်ထင်တယ်"
ခနဲ့သည့်စကားဖြင့်ပြောလာတာကြောင့်အခုချိန်မှာစောအံ့ဗျူဟာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပီးပြောနိုင်တာကတော့
"ပျိုး ကကျုပ်ကိုမမုန်းဘူး"
"ဒီရှေ့လျှောက် ပျိုး မင်းကိုမတွေ့ချင်လောက်အောင်မုန်းသွားတဲ့အထိငါလုပ်ပြမယ် စောအံ့ဗျူဟာ "
"ခဗျား ဘာလို့ဒီလိုတွေလုပ်နေတာလဲ ကျုပ်တို့မိသားစုပျော်ပျော်ရွှင်ရွှင်နေရတော့မှာလေ ဘာလို့လိုက်ဖျက်စီး..."
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Completed ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"
![🔥 မှောင်ရီပျိုး 🔥 [ Completed ]](https://img.wattpad.com/cover/375892974-64-k89594.jpg)