part 53 ( Unicode )

11.5K 340 95
                                        

🔥မှောင်ရီပျိုး🔥

part 53

"ပျိုး"

"......."

"ပျိုး"

"......"

"မောင့် ပျိုးလေး"

ဟူး... တကယ်ပါဘဲ လူကိုခေါ်လို့မပီးတော့ဘူး ခြံထဲကနေ တပျိုးထဲပျိုးနေတာ အဲ့တာတောင်မနေ့က ဆေးရုံကပြန်လာလာချင်း ပင်ပန်းတယ်ဆိုပီး သမီး ကိုခေါ်သိပ်တာနဲ့ရောပီး ပျိုး ပါအိပ်ပျော်သွားခဲ့သည် ။ မနက်ကတည်းက ပျိုး ပျိုး နဲ့ခေါ်နေတာ ဘေးအိမ်တွေကပါထွက်ကြည့်သည်အထိ မသိရင် ပျိုး ကဘဲနားကန်းနေသလို.... ထူးပြန်တော့လဲ ဘာမှမပြော...

"မောင့် ပျိုး ရေ မောင်ခေါ်နေတယ်လေ"

"ဘာလဲ"

"ဆင်းခဲ့အုံး"

"မဆင်းဘူး"

"ဆင်းခဲ့ပါ သမီးလေးကိုလဲနေရောင်ပြအုံးလေ"

မဆင်းဘူးဆိုရင်လဲမဆင်းမချင်းကိုခေါ်နေတော့မှာ ဆင်းရင်တော့ အနည်းဆုံးတော့နားအေးရတာပေါ့...

စောအံ့ဗျူဟာ သူခေါ်ပီးမကြာဘူး သမီးလေးကိုပွေ့ချီပီး မျက်နှာလေးဆူပုတ်ကာ ရောက်လာ၏ ။

"ပျိုး ကလဲပြုံးပြုံးလေးနေပါ"

"ခနခနဘာလို့ခေါ်နေတာလဲ ဘေးအိမ်တွေကိုလဲအားမနာဘူး"

"ဘာလို့အားနာရမှာလဲ "

"တော်ပီ ငါပြောစရာရှိလို့"

"အင်း"

"ငါဆေးရုံသွားပီးမြတ်သောတို့ကိုသွားကြည့်..."

"မောင်လည်းလိုက်မယ်"

"မင်းကဘာလိုက်လုပ်မှာလဲ ပီးရင်ဘာတွေပြောမှန်းလဲမသိဘူး"

"မောင် ဘာပြောလို့လဲ မောင့်ကိုငြိုငြင်တာလား... သမီးလေး နဲ့ ဒယ်ဒီ့ ကိုအချစ်ပေါ့သွားပီတဲ့.."

သမီးလေးရဲ့ပါးကိုဘယ်ပြန်ညာပြန်နမ်းပီး ‌လက်ကလေးကိုင်ကာပြောနေသည့် မောင့် ကြောင့် ပျိုး ပြောစရာစကားများပျောက်ရှခဲ့ရသည် ။

"ခစ်... ခစ်..."

"ဘာလို့ရီတာလဲ ဒယ်ဒီ့ ကိုသမီးဒယ်ဒီလေးကမချစ်တော့ဘူးတဲ့ "

🔥 မှောင်ရီပျိုး 🔥 [ Completed ]Donde viven las historias. Descúbrelo ahora