🔥မှောင်ရီပျိုး🔥
part 52
မြတ်သော နိုးလာတော့ ဘေးတွင်မြင်လိုက်ရတော့ ကျန်ရစ်မောင် ကြောင့် မျက်လုံးပင်ပြူးသွားရကာ ဆေးပိုက်တန်းလန်းဖြင့်ကြောက်အားလန့်အားထထိုင်လိုက်ပီး ကျန်ရစ်မောင် အားသေချာစိုက်ကြည့်လိုက်ရင်း
ငါမသေဘူးလား ဘာလို့ဆေးရုံရောက်နေတာလဲ ကိုကို နဲ့ အတူရှိတော့မယ်ထင်နေတာလေ...
ကျန်ရစ်မောင် မျက်လုံးပွင့်လာတော့ သူ့အား မြတ်သောကအချိန်ကြာကြာစိုက်ကြည့်နေသည်မို့
"မင်း..မင်းဘာလို့ငါ့ကိုစိုက်ကြည့်နေတာလဲမြတ်သော"
မြတ်သော တွေးနေရင်းမှ ရန်စကားဆိုလာသည့်ကျန်ရစ်မောင်ဆီအကြည့်ပြန်ရောက်ကာ
"မင်းကိုအားယားပီးဘယ်သူမှလိုက်ကြည့်မနေဘူး ပီးတော့ မင်းကဘယ်လိုဖြစ်တာလဲ ဒဏ်ရာဒဏ်ချက်တွေနဲ့ မင်းမိန်းမရိုက်လိုက်တာလား"
သူ့အားခနဲ့သလိုပြောလာသည့်မြတ်သောအားဒေါသထွက်ကာကျန်ရစ်မောင် ထမည်လုပ်တော့ အနာအရှိန်ကြောင့်နာနေတာနဲ့ ဒေါသအားလျော့ကာ
"ဘာဖြစ်ဖြစ်မင်းအပူပါလား"
"ငါ့အပူမပါလို့ပြောနေတာပေါ့ မင်းကိုလဲအံ့ဩတယ် မိန်းမရှိရဲ့နဲ့ ငါတို့ပျိုးကိုကစားရဲ...."
ကျွီ....
တံခါးသံကြောင့် သူတို့နှစ်ဦးအကြည့်ဟာတံခါးပေါက်ဆီရောက်သွား၏ ။ ပျိုး ကတော့ သူတို့နှစ်ယောက်ကိုကြည့်ပီး
"မင်းတို့သတိရပီလား"
"အင်း"
"မင်းကဘယ်လိုဖြစ်လို့အိပ်ဆေးတွေသောက်ရတာလဲ ။ ဝေယံမင်းသော်ကိုမေ့မရသေးဘူးလား"
"ငါ...."
"နှောင်း ဘက်ကိုလဲမင်းကြည့်ပေးသင့်တယ် ပီးတော့ ငါဒီစကားပြောလို့စာနာစိတ်မရှိဘူးလို့မင်းထင်ချင်ထင်နေလိမ့်မယ် ။ ဝေယံမင်းသော် ကသေသွားပီကွာ မင်းသူ့ကိုလွမ်းနေလို့ရတယ် သတိရလို့လဲရတယ် မတားဘူး ။ ငါမင်းကိုအစကနေပြန်စစေချင်တယ် အချစ်သစ်နဲ့တွေ့စေချင်တယ် မင်းခံစားနေရတာလဲငါမမြင်ရက်တော့ဘူး... မင်းဒီလိုမပျော်မရွှင်ဖြစ်နေတာ ဝေယံမင်းသော်သေတာနဲ့တန်လို့လား"
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Completed ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"
![🔥 မှောင်ရီပျိုး 🔥 [ Completed ]](https://img.wattpad.com/cover/375892974-64-k89594.jpg)