part 32 ( Unicode )

10.6K 404 28
                                    

🔥မှောင်ရီပျိုး🔥

part 32

ပျိုး တို့ မြတ်သော အားအိမ်သို့ခေါ်ခဲ့ကာ ဝေယံမင်းသော် ၏အလောင်းအားပြတော့ မြတ်သောမှာဖက်ပီးငိုလေ၏

"ကိုကို အချစ်နောက်ပြန်လိုက်လာမယ်ဆို အဟင့် အချစ်ကိုလိမ်တယ် ကိုကိုအချစ်ကိုလိမ်တယ် "

မြတ်သော ဝေယံမင်းသော် မျက်နှာလေးအားငုံ့နမ်းရင်း  အဆက်မပျက်ကျနေသောမျက်ရည်များမသုပ်မိ

"အချစ်လေ ကိုကို့ ကိုတကယ်ချစ်တာကိုကိုရဲ့ အချစ် ကလေ ကိုကို နဲ့အတူတူကလေးမွေးအုံးမှာကိုကို အချစ်ပြောတာကြားလား "

မြတ်သောမေးနေတာကို ကိုကိုကမဖြေ အိပ်နေသည့်အတိုင်း

"အချစ်ပြောနေတယ်လေ ကိုကို့ အချစ်စကားကိုပြန်ပါအုံးလား အဟင့် ကိုကို့ အချစ်ကိုလေ မထားခဲ့ပါနဲ့ အဟင့် မထားခဲ့ပါနဲ့လို့  အချစ်မယုံနိုင်ဘူး အဟင့် အဟင့် အချစ်ကိုမထားခဲ့ပါနဲ့"

နှောင်း ကိုကို့ အဖြစ်ကိုကြည့်ကာ ငိုနေမိသည် ။ ဒါနှောင်း ကြောင့် နှောင်း သာကိုကို နဲ့လက်မထပ်ခဲ့ရင် ကိုကိုလဲထိုသို့ဖြစ်မည်မဟုတ် နှောင်းတောင်းပန်ပါတယ် ကိုကို ရယ်နှောင်း မသိခဲ့လို့ပါ နှောင်းတောင်းပန်ပါတယ်

ဝေယံမင်းသော် ဈာပန ပီးသွားသည်အထိ မွန်မြတ်သောကတော့ငိုနေစမြဲပင်ဆေးရုံပါတင်ထားရသည်အထိ အခုလဲဘာကျွေးကျွေးမစား နှောင်းအိမ့်စံ ကလဲမွန်မြတ်သောအဖြစ်ကိုကြည့်ကာ တငိုငိုနှင့် သူ့ကြောင့်လို့သာအမည်တပ်နေ၏ ။ ပျိုး ကတော့နှစ်သိမ့်ပေးလိုက်ပါတယ် ဖြစ်ကံပါလို့ဆိုပီးတော့ဘဲ

"နှောင်း ပျိုး တို့‌သွားတော့မယ်နော် မနက်ဖြန်မှပြန်လာကြည့်တော့မယ်"

"ဟုတ်ကဲ့ အစ်ကိုပျိုး"

ပျိုး ကယောက်ျားလေးလိုနေတော့ အစ်ကိုပျိုးလို့ခေါ်သည့်လူကော မမပျိုးလို့ခေါ်သည့်လူကောစုံလို့ပင် မောင် ကတော့အရင်လိုပြန်နေပါလို့ပြော၏ ။ ပျိုး ကိုယ်တိုင်ကလဲအရင်ကလိုမနေချင်တော့တာကြောင့် ယောက်ျားလေးလိုသာနေဖြစ်သည် ။ဘာလို့လဲဆို ယောက်ျားလေးအဝတ်တွေကလွတ်လပ်ပေါ့ပါးတာကြောင့်လဲပါသည်

🔥 မှောင်ရီပျိုး 🔥 [ Ongoing ]Where stories live. Discover now