part 28 ( Unicode )

10.2K 656 12
                                    

🔥မှောင်ရီပျိုး🔥

part 28

ပျိုး နှုတ်မှသူ့အားယောက်ျားလို့ထွက်လာတာကြောင့် ပျိုး ကိုဒူးကောက်ကွေးကနေပွေ့ချီလိုက်ပီး  အပြင်တွင်ရှိသောထိုင်ခုံတစ်ခုတွင်ထိုင်ကာပျိုး အားသူပေါင်ပေါ်တွင်ထိုင်စေလိုက်ပီး

"ဘယ်လိုပြောလိုက်တာခုနက"

ပျိုး လဲမြတ်သောကိုအရမ်းခေါ်ချင်နေတာကြောင့် ပျိုး သူ့လည်တိုင်လေးကိုဖတ်ပီး ညုတုတုအသံလေးနဲ့

"ပျိုး ယောက်ျားမွေးနေ့လေလို့ ပျိုး ကသူငယ်ချင်းကိုဖိတ်ချင်တာပေါ့ မောင်ရဲ့"

စောအံ့ဗျူဟာ ပျိုး ၏ညုတုတုအသံလေးကြားမှာကျားအဖြစ်မှနွားအဖြစ်သို့ပြောင်းသွားလေကာသဘောအတော်ပင်ကျနေခဲ့သလို အူယားနေခဲ့တာလဲအမှန်

"ထပ်ပြောပါအုံး မောင် ကပျိုး ရဲ့ဘာ..."

ပျိုး ‌သူ့နားနားလေးကပ်ပီးတော့ လေသံတိုးတိုးလေးနဲ့

"ပျိုးယောက်ျားလို့ မောင် ကပျိုးရဲ့ယောက်ျား"

စောအံ့ဗျူဟာ သူ့မွေးနေ့အတွက်လုပ်ကူနေသောအပြင်ကအစေခံတစ်ချို့ကိုမေ့ထားပီး ပျိုး အားအူယားလွန်းလို့ပါးတစ်ဖက်တစ်ချက်ဘယ်ပြန်ညာပြန်အနမ်းမိုးရွာချလိုက်သည် နှုတ်ခမ်းပါမချန်

"အ့ မောင် ဘာလို့အဲ့လိုကြီးနမ်းနေတာလဲလူများမြင်ကုန်မယ်လေ"

"မြင်မြင်ပေါ့ မြင်ပါစေ အားကျရအောင်"

သူပြောလိုက်တော့ ဝေယံတို့ကပြုံးစိပြုံးစိနဲ့ ခုံတောင်မသယ်နိုင်ဖြစ်ရကာ တစ်ဖက်လှည့်ပီးရယ်နေကြသေးသည် ။ ပျိုး ဖြင့်ရှက်လွန်းလို့ ထွက်ပြေးချင်စိတ်တောင်ပေါက်လာရသည် ။ ဒါကလဲပျိုး ကိုယ်တိုင်စတဲ့ဇာတ်လမ်းဖြစ်တာကြောင့်လဲ စောအံ့ဗျူဟာ ၏ လည်တိုင်နားကိုကလေးတစ်ယောက်လိုမျက်နှာအပ်ကာ ရှက်နေရတော့သည်

"ဟွန့် အဲ့တာဆို မြတ်သော ကိုခေါ်ပေးမှာလားပြော"

"ဝေယံ"

"ဟုတ်ကဲ့အစ်ကိုလေး"

"မြတ်သော ကိုသွားခေါ်ခဲ့လိုက်အုံး ပျိုး ကခေါ်ချင်လို့တဲ့"

🔥 မှောင်ရီပျိုး 🔥 [ Ongoing ]Where stories live. Discover now