Chapter 143

699 103 2
                                    

Chapter 143

ပိုင်ရဲ့ 10,001ကြိမ်မြောက်အနေဖြင့် ဖန်လေး၏ခေါင်းထဲမှာ ဘာတွေရှိနေသလဲဆိုသည်ကြည့်ရန် ဖွင့်ကြည့်ချင်ခဲ့သည်။

ဒီလိုနွေးထွေးတဲ့မနက်ခင်းလေးကို သူဘယ်လိုများ ရာဂစိတ်ပြင်းထန်တဲ့ပုံစံကို ပြောင်းလိုက်ရတာလဲ...

ပိုင်ရဲ့ အခြေအနေတွေကိုမူလအတိုင်းဆီ ပြန်ဆွဲခေါ်ရန် အဆင်သင့်ဖြစ်နေသည်။
[ကိုယ်တို့ ပထမဆုံးစတွေ့တဲ့နေ့ကို အိပ်မက်မက်ခဲ့တာ...အဲဒီတုန်းက မင်းက အကနဲ့ ပတ်သက်ပြီး ဘာမှ မသိခဲ့ဘူး...မင်းရဲ့လှုပ်ရှားမှုတွေကလည်း စံချိန်စံညွှန်းကို တစ်ခုမှမမှီခဲ့ဘူး]

"…"
ချီရှင်းချန် damage 10,000မှတ်တိတိ ထိသွားသည်။

သူစကားပြောနေရင်း လူကိုဘာလို့တိုက်ခိုက်ရတာလဲ...
ထိုအချိန်က သူ့တွင် မူလပိုင်ရှင်က ချန်ထားခဲ့သော အခြေခံအုတ်မြစ်သာရှိသည်။ သူဘာမှမသိခဲ့ဘူး မဟုတ်လား...

သို့​ပေမဲ့ ပိုင်ရဲ့၏ အဆင့်နှင့် ယှဉ်လျှင် သူ့ လှုပ်ရှားမှုတွေက *လေးထောင့်အက ဘာမှမခြားပါချေ။ချီရှင်းချန် သူ၏ခါးသီးမှုကို မျိုချလိုက်ပြီး မနေ့ညက Baiduကနေ သူသင်ယူခဲ့သော အသိပညာကို ဂရုတစိုက် ပြန်တွေးခဲ့သည်။ သူက ခက်ခက်ခဲခဲနှင့် စာရိုက်ခဲ့သည်။
[အိုကေ...အခု ကျွန်တော်က တီရှပ်၊ အင်္ကျီ၊ ဘောင်းဘီ၊နဲ့ဖိနပ်အဖြူရောင်ကို ဝတ်လိုက်တယ်]

ပိုင်ရဲ့: "…"

သူဘာလုပ်နေတာလဲ...

သူက အခြေအနေကို ကယ်တင်ရန် ဆက်လက်ကြိုးစားခဲ့သည်။
[ဒါပေမယ့် မင်း ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်ဖို့ ကိုယ် မမျှော်လင့်ထားဘူး]

[⭐]: [အဲဒါ ကောကော ကျွန်တော့်ကို ကောင်းကောင်းသင်ပေးထားလို့ပါပဲ]

[🌕]:[…]

ပိုင်ရဲ့ အကူအညီမဲ့နေခဲ့သည်။
[ကျေးဇူးပြုပြီး စကားကိုကောင်းကောင်းပြောပါ]

[⭐]: [အိုကေ... ကောကော ပြောတာကို နားထောင်မယ်]

[🌕]: [ကိုယ့်ကို ကောကောလို့ မခေါ်နဲ့]

[⭐]:[ဒါဆို ကျွန်တော့်ကို ဘယ်လိုခေါ်​စေချင်တာလဲ]

[⭐]: [ဒယ်ဒီ?]

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now