Unicode
" လာစမ်း မင်းလာခဲ့ "
" ဟာ ဖြည်းဖြည်းဆွဲပါ နေသူရာ လာပါမယ်ဟ "
အလုပ်ရောက်ရောက်ခြင်း ခေါင်မိုးထပ်ဆီဆွဲခေါ်လာသူကြောင့် အမှီလိုက်ရသည်။
" ၁ပတ်လုံး မင်းဘယ်ပျောက်နေလဲ "
" နေမကောင်းလို့ သူငယ်ချင်းအိမ်မှာပဲ နေနေတာလို့ မင်းတို့ကို ပြောပြီးသားလေကွာ "
" ကျစ် ဆွေးမြေ့အိမ် "
နေသူက ကျစ်စုတ်ကာ စိတ်တိုဟန်ဖြင့် အော်လာ၏။
" ဘာလဲ မင်းကလဲ "
" ငါ့ကို မလိမ်နဲ့ "
" ဘာကို လိမ်ရမှာလဲ "
" ဒါဖြင့် boss က မင်းသူငယ်ချင်းပေါ့ဟုတ်လား ပြောစမ်းပါအုန်း "
ထေ့ငေါ့တဲ့လေသံနဲ့အတူ စူးစူးစိုက်စိုက်ကြည့်ကာ မေးလာသည်ကြောင့် ဆွေးမြေ့ လန့်သွားရ၏။
" မင်း .. မင်းဘယ်လိုသိတာလဲ"
" ငါငတုံးမဟုတ်ဘူး မင်းကို ငါစောင့်ကြည့်နေတာကြာပြီ ၊ မင်း boss နဲ့ ရုပ်ရှင်သွားကြည့်ပြီး boss နောက်လိုက်သွားတာလေ ဘာငြင်းချင် သေးလဲ"
" ဟို.. ဟိုလေ "
" ငါတို့က မင်းသူငယ်ချင်းတွေမဟုတ်ဘူးလား မင်းအတွက်အရေးမပါဘူးလား ဘာလို့ဖုံးကွယ် ထားတာလဲ "
နေသူရဲ့အသံကဒေါသရိပ်သန်းနေကာ စိတ်မကောင်းဖြစ်နေဟန်လဲပေါက်သည်။ ဒါပေါ့လေ သူကဖုံးကွယ်ထားမိတာကို။
" ငါတောင်းပန်ပါတယ် နေသူရာ တမင်ဖုံးကွယ်ခဲ့တာမဟုတ်ပါဘူး ခုကိစ္စကလဲ တစ်ဖက်က ငါတို့အလုပ်ရှင်ဖြစ်နေတော့ လျှို့ဝှက်ထားမိတာပါ "
" ဘယ်လောက်ကြာပြီလဲ "
" ၆လကျော်လောက်ပဲရှိပါသေးတယ် "
" တော်တော်တောင်ကြာနေပြီပဲ ဘယ်အဆင့်ထိ ရောက်ပြီးပြီလဲ "
" ဟို .. အဲတာက "
" နေနေ မဖြေလဲ သိပြီ အိမ်တောင်လိုက်အိပ်နေတဲ့အခြေအနေဆိုတော့ "
အပစ်လုပ်ထားသူသဖွယ်ခေါင်းငုံ့ထားမိသည်။
" boss က ဘယ်လိုလူစားမျိုးလဲ မင်းသိတယ်မို့လား "
YOU ARE READING
မှိုင်းညှို့အိမ် ( Complete)
RomanceWarning ⚠️ ပေးတာမို့ Sensitive ဖြစ်လျှင်ကျော်ဖတ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ် Party တစ်ခုမှ ဆေးမိပြီး လူတစ်ယောက်နဲ့အိပ်ခဲ့မိတယ်။ အဲလူက ကျွန်တော့်အလုပ်ရှင်ဖြစ်နေတယ် ၊ ကံကောင်းတာတစ်ခုက သူက ကျွန်တော့်ကို မမှတ်မိဖူး ။ စိတ်မရှည်တဲ့ CEO နဲ့ ပြာယာခပ်ပြီး မဟု...