Extra ( 2 ) uni & zg

6.1K 217 6
                                    

Unicode

" ရောက်ကြပြီလား လာလာ "

ကားပေါ်ကဆင်းလာသော သူတို့နှစ်ယောက်ကို
မသူဇာက ကလေးတစ်ဖက်ချီထားရင်းထွက်ကြိုလေသည်။

" တိတ်နေပုံထောက်ရင် မေချိုကတရားနာခိုင်းထားပုံပဲ "

" ဒါပေါ့ဆွေးမြေ့ရယ်... မောင်လင်းညှို့ လာလေ"

" ဟုတ်ကဲ့ "

သူတို့ လာတဲ့ချိန်က မနက်၉နာရီပင် ဒီချိန်ဆို ဂေဟာတစ်ခုလုံးကတိတ်ဆိတ်နေသည်။ကျန်တာကြောင့်တော့မဟုတ် မနက်စာစားပြီး ကလေးတွေအား ဘုရားရှိခိုးတရားထိုင်ခိုင်းခြင်းသာကြောင့်။

" အိုးး အေးပါကွယ် တိတ်ပါနော် "

လက်ထဲမှချီထားသော ကလေးလေးက စူးစူးဝါးဝဝါးအော်ငိုလာတာမို့ မသူဇာကချော့မြူနေရ
သည်။

" ကလေးက ငိုလှချီလား "

" ဟုတ်တယ် ဆွေးမြေ့ရယ် နိူ့လဲတိုက်ပြီးသား
ဒိုက်ပါလဲ အသစ်လဲထားပြီးပြီရယ် "

" ကျွန်တော်ခနချီချင်လို့ "

" အေးအေး ရော့ "

ဂေဟာ ဧည့်ခန်းဆိုဖာတွင် ထိုင်နေကြတာဖြစ်
သည်။ မသူဇာက ကလေးအား ဆွေးမြေ့လက်ထဲ လွဲပေးလိုက်၏။

" ကလေးလေးက ချစ်စရာလေးပါလား ကလေးလေး ဘာလို့ငိုနေတာလဲကွာ တိတ်ပါနော်"

ဆွေးမြေ့က အနှီးထုတ်ထဲက နီတာရဲလေးကို ချော့မြူလိုက်သည်။ စောစောကပြဲလန်နေအောင် အော်ငိုနေသော အနှီကလေးငယ်က ခုများတော့သူမဟုတ်တော့သလိုပင် အငိုတိတ်သွားကာ မျက်ဝန်းဝိုင်းလေးများဖြင့် စိုက်ကြည့်နေ၏။

" အခုကျတော့လဲ ငြိမ်နေတာပါလား ဆွေးမြေ့ကို သဘောကျတယ်ထင်တယ် "

" ဟုတ်ပါရဲ့ ... မှိုင်း ကြည့်ပါအုန်းဗျာ သူက
ကျွန်တော့်ကို သေချာကြည့်နေတာဗျ"

ဆွေးမြေ့က သူ့ဘေးက မှိုင်းထံ ကလေးအား စောင်း၍ပြလိုက်တော့သည်။

" ဟုတ်ပ မျက်လုံးတွေက မြေ့အိမ်လိုပဲ ကြည်တောက်ပြီး မျက်တောင်ရှည်လေးတွေနဲ့ပါလား "

" ဒါဖြင့် အမ ဟင်းချက်လက်စကြီးမို့ နောက်ထဲသွားအုန်းမယ် ကလေးကိုကြည့်ထားပေးအုန်း"

မှိုင်းညှို့အိမ် ( Complete) Where stories live. Discover now