Unicode
" မြေ့အိမ်ရေ ဟိုအပတ်က အသစ်ဝယ်လာတဲ့
အကျီရှာပေးအုန်း "" မြေ့အိမ်ရေ ကိုယ့် boxer တွေဘယ်နားထားလဲ"
" မြေ့အိမ်ရေ မနေ့ကလျော်ခိုင်းထားတဲ့ polo shirt လေးရော "
" မြေ့အိမ်ရေ မီးခံသေတ္တာပေါ်က ဖိုင်တွဲရော
တွေ့မိသေးလား "အိပ်ခန်းဆီကနေ ကြားနေရသောအသံတွေ
ကြောင့် ဆွေးမြေ့ စိတ်လေသွားရသည်။
ဟင်းချက်နေတာ ကောင်းကောင်းမချက်ရ။ မိုးလင်းကတည်းက မြေ့အိမ်ထဲ မြေ့အိမ်နေတာ မပြီးနိုင်မစီးနိုင်။ တူတူနေတာ ကြာလာလေလေ အကြောင်းပိုသိလာလာပဲ။ ပိတ်ရက်မို့ နားရမယ် မထင်လိုက်နဲ့ ခုလို ခေါ်သမျှကို လိုက်လုပ်ပေးနေရတာအမော။ခုလဲ သူမလာမခြင်းအော်နေတော့မှာမှန်းသိတာမို့ ပေါင်းအိုးခလုတ်လေးကို
နိုပ်ခဲ့ပြီး လူရှုပ်ကြီးဆီလာခဲ့ရတော့သည်။" မှိုင်းရာ တစ်အိမ်လုံးကို ဆူညံနေတာပဲ
ကျွန်တော်ဟင်းကောင်းကောင်းမချက်ရတော့ဘူးလား "အခန်းထဲ ဝင်ရင်း ပါးစပ်ကပါ ရေရွတ်လိုက် တော့သည်။ မှိုင်းကတော့ အပေါ်ပိုင်းဗလာနဲ့ အောက်က boxer တစ်ထည်သာ ဝတ်ထားပြီး ဘီဒိုရှေ့ခါးထောက်လျက် ဟိုရှာဒီရှာလုပ်နေ၏။
" ဟာ ဖယ်ဖယ် အဲတာတွေကို ဆွဲမထုတ်နဲ့လေ
ပွကုန်ပြီ မှိုင်းဘာလိုချင်တာလဲပြော "အိမ်နေရင်း သီးသန့်ထည့်ပေးထားတဲ့ အကန့်ကို ဆွဲထုတ်နေသဖြင့် ကြားထဲဝင်ကာတားလိုက်ရ၏ ပြီးရင်သူပဲအလုပ်ပိုမှာလေ ။
" ကိုယ်ကမဖွပါဘူး ရှာနေတာ "
" ဟုတ်ပါပြီဗျာ ဘာလိုချင်တာလဲပြော "
" အရင်ပတ် shopping ထွက်တုန်းက
မြေ့အိမ်ရွေးပေးထားတဲ့ ညဝတ်အကျီဝမ်းဆက်"" အဲတာက ဒီဘက်ခြမ်းမှာ ဒီဘက်က အတိုတွေထားတာ ဒီဘက်မှာက အရှည်တွေ"
ဆွေးမြေ့က အဝတ်တွေကို တစ်ထည်ခြင်း
လှန်ပြီး ရှာပေးလိုက်သည်။" တွေ့ပြီ ဒါမို့လား "
သူ့နောက်မှ ရပ်နေသူထံ ကမ်းပေးလိုက်၏။
YOU ARE READING
မှိုင်းညှို့အိမ် ( Complete)
RomanceWarning ⚠️ ပေးတာမို့ Sensitive ဖြစ်လျှင်ကျော်ဖတ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ် Party တစ်ခုမှ ဆေးမိပြီး လူတစ်ယောက်နဲ့အိပ်ခဲ့မိတယ်။ အဲလူက ကျွန်တော့်အလုပ်ရှင်ဖြစ်နေတယ် ၊ ကံကောင်းတာတစ်ခုက သူက ကျွန်တော့်ကို မမှတ်မိဖူး ။ စိတ်မရှည်တဲ့ CEO နဲ့ ပြာယာခပ်ပြီး မဟု...