Part 4

8.6K 446 58
                                    


ယုယမြတ်နိုး

အပိုင်း (၄)

#ယုယမြတ်နိုး

07230757

".........."

"နားထောင်...လက်ပိုက်....နင့်အဖေလာရင်....အပြင်မှာ ငြိမ်ငြိမ်ဆော့နေ...အထဲကို ဝင်မလာရဘူး...ကြားလား..."

"......."

'ဝင်လာရင်...ဒီမှာတုတ်...ကြောက်လား...'

"ကြောက်...ကြောက်..."

"အေး...ကြောက်ရမယ်...ဖေဖေ လာလို့ အခန်းထဲ လိုက်လာရင်...ဒီတုတ်ကြီးနဲ့ နာအောင် ရိုက်မှာနော်...မှတ်မိလား..."

"အုတ်...အုတ်..."

"တော်တယ်....စကားနားထောင်ရင်...ပေါက်ပေါက်ကို မုန့်ကျွေးမှာနော်...အများကြီးနော်..."

"များရီး..."

အခန်းပြင်ကနေ ကြားနေသမျှ စကားသံတွေကြောင့် မျက်မှောင်ကြုတ်မိသွားသည်။

နှစ်နှစ်တောင် မပြည့်သေးတဲ့ကလေးလေးကို တုတ်နဲ့ခြောက်နေတာကိုတော့ ဟိန်းထက် လုံး၀ မကြိုက်ပါ..။

မီးဖိုခန်းဘက်ကို ဆက်မဝင်တော့ပဲ အိပ်ခန်းတံခါးကို ဖွင့်ဝင်လိုက်သည်။

သနပ်ခါးကျောက်ပြင် ရှေ့ချပြီး လုံချည်ရင်လျားဖြင့် သနပ်ခါးသွေးနေတာတွေ့ပေမဲ့ ဘေးမှာ ချထားတဲ့ တုတ်ချောင်းကို အရင် သတိထားမိသွားကာ အနားကို လျှောက်သွားလိုက်သည်။

"အကိုကြီး ပြန်လာတာ စောတယ်နော်...ဆယ်နာရီတောင် ထိုးသွားပြီလား..."

ဘာမှ မတုန့်ပြန်နေပဲ အနားကို ရောက်အောင် သွား၍ တုတ်ကို ကောက်ယူကာ ချိုးပစ်လိုက်မိသည်။

"ဟင်...ကြားသွားတာလား...ညီမလေးက ဒီတိုင်း ရန်စနေတာပါ..."

"ရန်လည်းမစနဲ့...လုံး၀ မကြိုက်ဘူး...ကလေးကို အကြောက်တရား သွင်းမပေးနဲ့...မင်း မထိန်းနိုင်ရင် ပွင့်ပွင့်လင်းလင်းပြော....ငါ ဝန်ထမ်းငှားလိုက်မယ်....ဒါမှမဟုတ်..မေမေ့ဆီမှာ ထားလိုက်မယ်..."

"အဟင်း...ဘယ်ဖြစ်မလဲ...ပေါက်ပေါက်မရှိရင်...ညီမလေးက ဒီအိမ်က အိမ်သာထဲမှာပဲ နေရတော့မှာလေ...အသုံးမှ မဝင်တော့တာ..."

ယုယမြတ်နိုးWhere stories live. Discover now