Part 30

9.2K 511 163
                                    


ယုယမြတ်နိုး

အပိုင်း (၃၀)

#ယုယမြတ်နိုး

09250922

"အကိုကြီး..."

"......"

ဟိန်းထက် ပစ္စည်းစစ်နေရင်းက လှည့်ကြည့်လိုက်တော့ နှုတ်ခမ်းလေး စူနေပြီမို့ ပြုံးလိုက်မိသည်။

"ဘာဖြစ်လို့လဲ....ညီမလေး..."

"အဲ့အလုပ်တွေ မအေးသီတာ မလုပ်တက်ဘူးလား..."

"လုပ်တက်ပါတယ်ရှင့်..."

အေးသီတာက ကောင်တာကနေ ထွက်လာပြီး ပြောတော့ ဟိန်းထက် လက်ထဲက စာရွက်တွေကို လှမ်းပေးလိုက်ရသည်။

"ဆရာ့...ညီမလေး က ဆရာ့ သားထက် ဆရာ့ကို ပိုချစ်တယ်နော်..."

'အဟင်း..'

အေးသီတာက ခပ်တိုးတိုး ပြောလိုက်ပေမဲ့လည်း ဟိန်းထက်ကတော့ သဘောကျလို့ ပြုံးရင်း ဆိုင်နောက်ဘက် အခန်းဆီကို ဦးတည်သွားလိုက်သည်။

"ပေပေ...."

"ဟော...သား ဆော့နေတာလား..."

"ချော့..."

အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ သားနဲ့သားရဲ့ အရုပ်တွေ က ဆီးကြိုနေသည်။

"ဆော့ဦးနော်..."

ဟိန်းထက် တက်နင်းမိမှာစိုးလို့ ရှောင်ပြီး ပြတင်းပေါက်နားက စားပွဲခုံမှာ အလုပ်ရှုပ်နေတဲ့ ညီမလေး ဆီကို ဦးတည် သွားလိုက်သည်။

ဒယ်နီတစ်လုံးနဲ့ ထမင်းပေါင်းအိုးလေး တစ်လုံးပဲ ရှိပေမဲ့ ညီမလေးကတော့ ရောက်တာနဲ့ မနားတမ်းချက်ပြုတ်နေတော့တာပါပဲ...။

ဟိန်းထက်ရဲ့ ကိုယ်ပိုင် အလုပ်ခန်းလေးကလည်း အိမ်တစ်လုံးလို ဖြစ်နေပြီ..။

'ညီမလေး ဘာဖြစ်လို့လဲ...'

ဟိန်းထက် ရောက်သွားချိန် ဒယ်နီအိုးထဲက ရောင်စုံ အသီးတွေထဲ ခရုဆီ ထည့်နေတော့ စောင့်ကြည့်ပြီးမှ မေးလိုက်ရသည်။

ဟင်းအိုးမွှေနေရင်းကနေ မျက်ခုံးလေး တွန့်ပြီး လှည့်ကြည့်လာတော့ ဘာများ စိတ်အလိုမကျတာပါလိမ့်လို့ တွေးရတော့သည်။

ယုယမြတ်နိုးWhere stories live. Discover now