Part 33

7.3K 311 103
                                    


ယုယမြတ်နိုး

အပိုင်း (၃၃)

#ယုယမြတ်နိုး

10031114

"ပန်းကန်တွေ ယူခဲ့လိုက်...."

'ဟုတ်...အ...ကျွတ်...ကျွတ်...နာလိုက်တာ...'

"ဘာဖြစ်တာတုန်း..."

ဖူး ခါးကိုကိုင်ထားရင်း ရှုံ့မဲ့နေရသော်လည်း မမ က မေးတော့ ရယ်ချင်သွားသည်။

"ခါးနာနေတာ...မမ..."

'ဟဲ့..ချော်လဲပြန်ပြီလား....'

"ဟုတ်ပါဘူး..ညတုန်းက ဘီလူးစီးခံရလို့ "

"ဖြစ်လိုက်ရင် တစ်ခုပြီး တစ်ခုပါပဲ...နင် နေကောင်းတဲ့ အခါကော ရှိသေးရဲ့လား..."

'ဟီး...အဲလိုပါပဲ...'

"ဆေးခန်းပြမလား..."

"ဟင့်အင်း...အကိုကြီး ကို ဆေးလိမ်းခိုင်းလိုက်မယ်..."

"ပြီးရော...ကိုယ်ဝန်ဆောင်ထားတော့ အရိုးတွေက ပုံမှန် မဟုတ်ဘူး...ဂရုစိုက်ဦးနော်...ဆေးလိမ်းလို့ မသက်သာရင် ဆေးခန်းပြ..."

"ဟုတ်..."

မမ က မီးဖိုခန်းကနေ ထွက်သွားတာနဲ့ အကိုကြီး က မီးဖိုခန်းကို ရောက်လာပြီး ထမင်းစားပွဲမှာ အလုပ်ရှုပ်နေတဲ့ ဖူး အနားကို တိုးကပ်လာတော့ အံသြရပါသည်။

"ဘာဖြစ်လို့လဲ...အကိုကြီး..."

"ယွန်းယွန်းကို ရှက်စရာတွေ မပြောနဲ့နော်...ညီမလေး...သူက လူကြီးတွေရှေ့မရှောင်ပဲ ရန်စလိမ့်မယ်..."

"အဟင်း..ဟင်း..."

ဖူး လက်ထဲက ဇွန်းခက်ရင်းကို ထမင်းပန်းကန်ဘေးမှာ ချလိုက်ရင်း ရယ်နေမိသည်။

အဲဒါကြောင့် အပြေးအလွှား ဝင်လာရတာကိုး..။

အကိုကြီး ဘက်ကို လှည့်ပြီး မျက်နှာချင်းလိုက်ကာ သေချာ ကြည့်ချိန် မျက်နှာတစ်မျိုးဖြစ်နေသည့် အကိုကြီးကို ရန်စချင်လာသည်။

"ဟုတ်တယ်လေ....အကိုကြီးက မင်းသားခေါင်းစောင်းထားတဲ့ ဘီလူးကြီး...ညတုန်းက ဘီလူးစီးခံရတာ အမှန်ပဲကို..."

"ဟာ...ညီမလေး..."

မီးဖိုခန်း အဝကို လှည့်ကြည့်ရင်း လန့်နေတော့ ဖူး အသံထွက်ကာ ရယ်မိသည်။

ယုယမြတ်နိုးWhere stories live. Discover now