ယုယမြတ်နိုး
အပိုင်း (၂၄)
#ယုယမြတ်နိုး
09090901
"အကိုကြီး ကို ညီမလေး ပြောစရာ ရှိတယ်...."
"ဟင်..."
ဟိန်းထက် လက်ထဲက အရုပ်လေးတွေကို ကြမ်းပြင်ပေါ်မှာ ထောင်ပေးနေရင်းက မော့ကြည့်မိချိန် ခုတင်ပေါ်က ဆင်းလာပြီး ရှေ့မှာ လာထိုင်သည်။
"ပြောလေ...ညီမလေး...."
"ပေပေ....အွင့်..."
"တွေ့လား...လုပ်ပြီ...ဒီမှာ လူကြီးတွေ စကားပြောမလို့ကို...သွား...ဆော့..."
သား က အရုပ်ကို မျက်နှာရှေ့ လာပေးတာကို ဆူနေလို့ ဟိန်းထက် ပြုံးမိပြီး သားကို ပိုက်ချီထားလိုက်ရသည်။
"ဒီမှာ ဆော့မယ်နော်...ဒီလို ထောင်မယ်...တစ်ကောင်ရပြီ..."
သား ကို ပိုက်ထားရင်း ဟိန်းထက် အရုပ်လေးတွေ ဆော့ပြလိုက်တော့ သားကလည်း ကောက်ယူပြီး လိုက်ဆော့နေသည်။
"ညီမလေး ကျောင်းကို အချိန်ပြောင်းမလို့...."
"........"
ဟိန်းထက် ပြောရခက်သွားလို့ အရုပ်လေးတွေကို ငေးကြည့်ရင်း တိတ်ဆိတ်နေမိသည်။
"ညီမလေး ကို လုပ်ချင်တာ လုပ်ခွင့်ပေးထားတာ သိပါတယ်...ညီမလေး ကို တိုးတက်စေချင်တာလည်း သိပါတယ်..."
"ကလေး ကြောင့် ဆိုရင်"
"ဟင့်အင်း..မဟုတ်ဘူး..."
ဟိန်းထက် ဘာမှ မပြောနိုင်တော့လို့ တစ်ချက် ကြည့်မိချိန် မျက်လုံးဝိုင်းတွေနဲ့ စောင့်ကြည့်နေသည်။
"ညီမလေး စာ ကိုသေချာ အာရုံစိုက်နိုင်ပါ့မလား...အိမ်မှာလည်း စာ မလုပ်ဖြစ်ဘူးလေ....သားနဲ့အလုပ်တွေနဲ့ဆိုတော့...."
"ညီမလေး ဆုံးဖြတ်ပြီးသွားပြီ...နော်...အကိုကြီး ခွင့်ပြုပေးနော်...."
ဟိန်းထက် လက်မောင်းကို ဆွဲပြီး လှုပ်နေလို့ ခေါင်းကို ဖြည်းဖြည်း ညိတ်လိုက်ရသည်။
"ကျေးဇူး...မွား..."
ဟိန်းထက် လက်မောင်းကို ဆွဲဖက်ပြီး ပါးကို အနမ်းခံလိုက်ရတော့ ပြုံးမိသွားသည်။
YOU ARE READING
ယုယမြတ်နိုး
Random"လူကြီးတွေ စီစဉ်နေကြပေမဲ့ ညီမလေးကို အကိုကြီး လက်မထပ်ချင်ဘူး..." "ဟမ်..." ဖူး မှာ ရှက်ရမှန်း နာရမှန်းကို မသိပဲ အံသြရင်း နားမလည်ခြင်းကိုသာ ခံစားခဲ့ရပါသည်။ "တကယ်ပြောနေတာ...လက်ထပ်မိရင် မှားလိမ့်မယ်...ဖူးလဲ့ရည်..." "ဟင်..." "လက်ထပ်မိရင် ငါတို့ သူစိမ်းဖြစ...