Chapter.3

22.1K 321 9
                                    

Unicode

I have fallen in love with my spouse!

Chapter.3

မိသားစုထမင်းဝိုင်းတွင်...

''သား...မင်းမကြာခင်ကျောင်းပြီးတော့မှာနော် ကျောင်းပြီးတာနဲ့ဖေဖေ့လုပ်ငန်းတွေကိုသင်ယူလေ့လာဖို့စဉ်းစားထား''

''ဟုတ်ကဲ့ဖေဖေ''

ဒေါ်အေးအေးငြိမ်းကသားဖြစ်သူထမင်းပန်းကန်ထဲသို့ဟင်းတွေထည့်ပေးရင်းမှ...

''ငါ့သားသာကျောင်းပြီးပြီဆိုရင်အသည်းတော့သနားပါတယ်''

''ဘာကိုသနားတာလဲမေမေ''

''ဪ သူ့ခမျာမင်းကိုသူ့အစ်ကိုတစ်ယောက်လိုခင်တွယ်နေတာလေ ကျောင်းသွားကျောင်းပြန်အတူတူပဲ အခုသားသာကျောင်းပြီးသွားရင် အသည်းလေးအဖော်မဲ့တော့မှာပေါ့''

''မေမေတို့ကတော့မဆီမဆိုင်ကြီး...ဘာလို့အဲ့ဂွက်ထော်မကိုအဲလောက်ချစ်နေတာလဲ ဘယ်နားများချစ်မွှေးပါနေလို့လဲ စိတ်ကုန်ဖို့ကောင်းလိုက်တာ''

သူငြူစူစွာပြောရင်း ထမင်းလည်းဆက်မစားတော့ဘဲနေရာကနေထထွက်ခဲ့လိုက်တော့သည်။

ထမင်းဝိုင်းမှာကျန်နေခဲ့တဲ့သူ့အဖေဦးထွန်းတောက်က...

''ငြိမ်း...မင်းကလည်းဘာတွေသွားပြောနေတာလဲ''

''ကျွန်မဘာများပြောလိုက်မိလို့လဲ သူစိတ်ဆိုးစေမယ့်စကားတစ်ခွန်းမှလည်းမပါတာကို...ရှင့်သားကိုကအဖြစ်သည်းနေတာ''

''သားနဲ့အဲ့ကလေးမလေးကြားမှာငါတို့မသိတဲ့ပြဿနာတစ်ခုခုရှိလို့နေမှာပေါ့''

''ဘာပြဿနာမှမရှိဘူး သူကိုကအသည်းကိုဆိုရင်အလကားနေရင်းအလကားမျက်မှုန်းကျိုးနေတာ ကြည့်လို့ကိုမရဘူး ကိုယ်မွေးထားလို့သာ''

ဦးထွန်းတောက် ဇနီးဖြစ်သူကိုကြည့်ကာပြုံးလိုက်မိသည်။

တစ်ကယ်ဆိုရင် သားကသူ့အမေကိုတူတာကို။

ဒီလိုပြောရင်လည်းဇနီးကစိတ်ဆိုးဦးမည်။

***

ဒီနေ့လည်းထုံးစံအတိုင်း တည်တံ့ကအသည်းကိုလမ်းတစ်ဝက်မှာပဲပစ်ထားခဲ့ပြန်သည်။

တည်တံ့ရဲ့အသည်း[Completed]Where stories live. Discover now